နောဝစ်ချ်ပွဲမှာ အာဆင်နယ်ဟာ အနိုင်ဂိုးအတွက် ရှာဖွေခဲ့သလို ယွန်းဘတ်ရဲ့ တိုက်စစ်လူစားလဲမှုမှာ ဆယ်ကျော်သက် နှစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ သူတို့က မာတီနယ်လီနဲ့ ဘူကာယို ဆာကာတို့ပဲ ဖြစ်ပြီး ပေါင် ၇၂ သန်းတန် တိုက်စစ်သမား ပီပီကတော့ အရံခုံမှာပဲ ဆက်ထိုင်ခဲ့ရပါတယ်။

ပီပီအနေနဲ့ အခုချိန်မှာ သူ့ကိုယ်သူ ရှာဖွေနေတယ်ဆိုတာကို ပြသတဲ့ အချက်တစ်ချက် ရှိခဲ့ပါတယ်။ သူနောက်ဆုံး လိဂ်ပွဲထွက်ခွင့်ရခဲ့တာ ပဲလေ့စ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲပါ။ အဲ့ဒီ့နောက် သူဟာ လက်စတာနဲ့ပွဲမှာ ၁၃ မိနစ် ကစားခဲ့ရပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ၄၅ မိနစ် ကစားခဲ့ရပါတယ်။ ဝုလ်ဗ်၊ နောဝစ်ချ်တို့နဲ့ပွဲမှာလဲ သူက မကစားရတဲ့အရံ ဖြစ်ခဲ့ပါတယ်။

နော်ဝစ်နဲ့ပွဲ လူစားဝင်ကစားသမားအဖြစ်တောင်မှ ပီပီကို အသုံးမပြုခဲ့တာနဲ့ ပက်သက်ပြီး ယွန်းဘတ်က “ပီပီက သိပ်တော်တဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော်က လေ့ကျင့်ရေးမှာ သူလုပ်ခဲ့တဲ့အရာတွေ၊ နေ့တိုင်း မြင်နေရတဲ့အရာတွေနဲ့ ဆုံးဖြတ်တာပါ” လို့ ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။

သူ့ရဲ့ပုံစံက အာဆင်နယ်အတွက် တကယ့်ပြဿနာပါ။ အူဘာမီးယန်းနဲ့ လာကာဇက်တီတို့ရဲ့ ဝန်ကို မျှယူပေးဖို့ သူ့ကိုခေါ်ယူခဲ့တာဖြစ်ပေမယ့် ထင်သလို မဖြစ်ခဲ့ပါဘူး။ ဒီရာသီ ပြိုင်ပွဲစုံမှာ သူဟာ ၃ဂိုးနဲ့ ဖန်တီးမှု ၄ကြိမ် ရခဲ့ပြီး သူ့ရဲ့တစ်ဂိုးတည်းသော ပရီးမီးယားလိဂ်ဂိုးကလဲ ပင်နယ်တီသာ ဖြစ်ပါတယ်။ ပေါင်၇၂သန်းအတွက် အာဆင်နယ်က ဒီထက်ပိုမျှော်လင့်နေပါလိမ့်မယ်။

ပီပီဟာ သူပြသခဲ့တာထက် ပိုကောင်းပါတယ်။ အင်္ဂလန်မှာ အသားကျဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး သူ့ရဲ့ယုံကြည်မှုက အဓိကပြဿနာ ဖြစ်နေတာပါ။ ဒါဟာ ယွန်းဘတ် လုပ်နေတဲ့ကိစ္စ ဖြစ်နိုင်ပါတယ်။ ပြည်ပကစားသမားကို ပရီးမီးယားလိဂ်မှာ အသားကျစေဖို့က တနည်းပဲရှိပါတယ်။ အချိန်ပေးဖို့ဖြစ်ပြီး ပွဲနေ့တွေမှာ အင်္ဂလန်လိဂ်ဘယ်လိုကစားတယ်ဆိုတာကို လေ့လာခိုင်းပြီး လေ့ကျင့်ရေးမှာ အသင်းနဲ့ ပေါင်းစည်းဖို့ပါပဲ။

အမြဲတမ်း သူ့ကို အရံခုံ ထိုင်ခိုင်းနေလို့တော့ မရပါဘူး။ ဒါကြောင့် သူ့ဆီက အရည်အသွေးတွေ ပိုထုတ်ပြနိုင်စေဖို့ ယွန်းဘတ်အနေနဲ့ အမြန်ဆုံး နည်းလမ်းရှာရမှာပါ။ မနှစ်က လီဂူးဝမ်းမှာ သူဘယ်လောက် ကောင်းပြနိူုတယ်ဆိုတာ ကျနော်တို့ မြင်ခဲ့ရပြီးသားပါ။ လိုင်လီကလို သူ့ရဲ့ နဂိုအရည်အချင်းတွေ ပြန်ရဖို့ အာဆင်နယ်အနေနဲ့ အသည်းအသန် လိုအပ်နေတာဖြစ်ပါတယ်။

ZAWGYi

ေနာဝစ္ခ်္ပြဲမွာ အာဆင္နယ္ဟာ အႏိုင္ဂိုးအတြက္ ရွာေဖြခဲ့သလို ယြန္းဘတ္ရဲ႕ တိုက္စစ္လူစားလဲမႈမွာ ဆယ္ေက်ာ္သက္ ႏွစ္​ေယာက္ကို ေတြ႕ခဲ့ရပါတယ္။ သူတို႔က မာတီနယ္လီနဲ႔ ဘူကာယို ဆာကာတို႔ပဲ ျဖစ္ျပီး ေပါင္ ၇၂ သန္းတန္ တိုက္စစ္သမား ပီပီကေတာ့ အရံခုံမွာပဲ ဆက္ထိုင္ခဲ့ရပါတယ္။

ပီပီအေနနဲ႔ အခုခ်ိန္မွာ သူ႔ကိုယ္သူ ရွာေဖြေနတယ္ဆိုတာကို ျပသတဲ့ အခ်က္တစ္ခ်က္ ရွိခဲ့ပါတယ္။ သူေနာက္ဆုံး လိဂ္ပြဲထြက္ခြင့္ရခဲ့တာ ပဲေလ့စ္နဲ႔ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲပါ။ အဲ့ဒီ့ေနာက္ သူဟာ လက္စတာနဲ႔ပြဲမွာ ၁၃ မိနစ္ ကစားခဲ့ရၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ ၄၅ မိနစ္ ကစားခဲ့ရပါတယ္။ ဝုလ္ဗ္၊ ေနာဝစ္ခ်္တို႔နဲ႔ပြဲမွာလဲ သူက မကစားရတဲ့အရံ ျဖစ္ခဲ့ပါတယ္။

ေနာ္ဝစ္နဲ႔ပြဲ လူစားဝင္ကစားသမားအျဖစ္ေတာင္မွ ပီပီကို အသံုးမျပဳခဲ့တာနဲ႔ ပက္သက္ျပီး ယြန္းဘတ္က “ပီပီက သိပ္ေတာ္တဲ့ ကစားသမားပါ။ ဒါေပမယ့္ က်ေနာ္က ေလ့က်င့္ေရးမွာ သူလုပ္ခဲ့တဲ့အရာေတြ၊ ေန႔တိုင္း ျမင္ေနရတဲ့အရာေတြနဲ႔ ဆံုးျဖတ္တာပါ” လို႔ ဆိုၿပီး ေျဖရွင္းခဲ့ပါတယ္။

သူ႔ရဲ႕ပုံစံက အာဆင္နယ္အတြက္ တကယ့္ျပႆနာပါ။ အူဘာမီးယန္းနဲ႔ လာကာဇက္တီတို႔ရဲ႕ ဝန္ကို မွ်ယူေပးဖို႔ သူ႔ကိုေခၚယူခဲ့တာျဖစ္ေပမယ့္ ထင္သလို မျဖစ္ခဲ့ပါဘူး။ ဒီရာသီ ၿပိဳင္ပြဲစုံမွာ သူဟာ ၃ဂိုးနဲ႔ ဖန္တီးမႈ ၄ႀကိမ္ ရခဲ့ၿပီး သူ႔ရဲ႕တစ္ဂိုးတည္းေသာ ပရီးမီးယားလိဂ္ဂိုးကလဲ ပင္နယ္တီသာ ျဖစ္ပါတယ္။ ေပါင္၇၂သန္းအတြက္ အာဆင္နယ္က ဒီထက္ပိုေမွ်ာ္လင့္ေနပါလိမ့္မယ္။

ပီပီဟာ သူျပသခဲ့တာထက္ ပိုေကာင္းပါတယ္။ အဂၤလန္မွာ အသားက်ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕ယုံၾကည္မႈက အဓိကျပႆနာ ျဖစ္ေနတာပါ။ ဒါဟာ ယြန္းဘတ္ လုပ္ေနတဲ့ကိစၥ ျဖစ္ႏုိင္ပါတယ္။ ျပည္ပကစားသမားကို ပရီးမီးယားလိဂ္မွာ အသားက်ေစဖို႔က တနည္းပဲရွိပါတယ္။ အခ်ိန္ေပးဖို႔ျဖစ္ျပီး ပြဲေန႔ေတြမွာ အဂၤလန္လိဂ္ဘယ္လိုကစားတယ္ဆိုတာကို ေလ့လာခိုင္းျပီး ေလ့က်င့္ေရးမွာ အသင္းနဲ႔ ေပါင္းစည္းဖို႔ပါပဲ။

အၿမဲတမ္း သူ႔ကို အရံခုံ ထိုင္ခိုင္းေနလို႔ေတာ့ မရပါဘူး။ ဒါေၾကာင့္ သူ႔ဆီက အရည္အေသြးေတြ ပိုထုတ္ျပႏိုင္ေစဖို႔ ယြန္းဘတ္အေနနဲ႔ အျမန္ဆံုး နည္းလမ္းရွာရမွာပါ။ မႏွစ္က လီဂူးဝမ္းမွာ သူဘယ္ေလာက္ ေကာင္းျပႏိူုတယ္ဆိုတာ က်ေနာ္တို႔ ျမင္ခဲ့ရၿပီးသားပါ။ လိုင္လီကလို သူ႔ရဲ႕ နဂိုအရည္အခ်င္းေတြ ျပန္ရဖို႔ အာဆင္နယ္အေနနဲ႔ အသည္းအသန္ လိုအပ္ေနတာျဖစ္ပါတယ္။