ခက်ခဲတဲ့ အနေအထားတွေ ရှိလာခဲ့ရင် ရင်ဆိုင်ဖို့ လီဗာပူးရဲ့ ပြင်ဆင်ထားမှုတွေကို ချိန်ဘာလိန် ဖွင့်ဟ

လီဗာပူးဟာ မာဆေးဆိုဒ်ဒါဘီ မတိုင်ခင် ပြိုင်ပွဲစုံ ၁၅ ပွဲ ရှုံးပွဲမရှိထားပါဘူး။ ဒီနိုင်ပွဲတွေကြောင့် လက်စတာနဲ့ မန်စီးတီးကို အမှတ်အများကြီး ဖြတ်ထားနိုင်ပေမယ့် ချိန်ဘာလိန်က ကလပ်ရဲ့ ဦးဆောင်နိုင်မှုအပေါ် အသင်းသားတွေက အေးဆေးဖြစ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ချိန်ဘာလိန်က “ ကျနော်တို့ကစားတဲ့ အချိန်တိုင်း ဒါကအရေးအကြီးဆုံးပွဲလို့ မှတ်ယူတယ်၊ ဒါက နည်းပြ ကျနော်တို့ကို ပေးတဲ့အမှာစကားပါ၊ ဒီအတိုင်းကျနော်တို့ လုပ်ပြီး နှစ်ကုန်မှာ ဘာဖြစ်မလဲဆိုတာသိရမှာပါ၊ ဒါက လူတွေ ခန့်မှန်းပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး စိတ်မဝင်စားဖို့ တစ်ခုတည်းသောနည်းလမ်းပါပဲ။ ” လို့ ပြောပါတယ်။

လီဗာပူးအသင်းဟာ အမှတ်ပေးလိဂ်ကို အကောင်းဆုံး ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတွေကို အနိုင်ရဖို့ကိုပဲ ရည်ရွယ်ထားပါတယ်။ ကလပ်အသင်းသားတွေ လုံးဝ အာရုံဖျောက်ထားတဲ့ ကိစ္စကတော့ အသင်းပြင်ပက လူတွေရဲ့ ခန့်မှန်းပြောဆိုချက်တွေဖြစ်ပြီး ဒါတွေကို အာရုံစိုက်ဖို့ထက် ကစားရမယ့် ပွဲတွေကိုပဲ စိတ်နှစ်ထားတယ်လို့ ကွင်းလယ်လူက ရှင်းပြပါတယ်။

” ကျနော်တို့ဟာ လိဂ်ကို အကောင်းဆုံးပုံစံနဲ့ ပြိုင်ဆိုင်ထားနိုင်တယ်။ ကျနော်တို့ တိုးတက်နိုင်တဲ့ နေရာတွေရှိသေးတယ်လို့ ထင်ပြီး ကျနော်တို့ရဲ့ ကစားပုံတွေက အမြဲတမ်း အကောင်းဆုံး အနေအထားတွေ ဖြစ်မနေခဲ့ပါဘူး။ ဒါပေမယ့် အနိုင်ရဖို့နည်းကိုပဲ ရှာဖွေပါတယ်။

ကျနော်တို့ ဒီအတိုင်းဆက်ကြိုးစားရင် ပိုပြီးတော့ တည်ငြိမ်တဲ့ ခြေစွမ်းတွေပြသလာနိုင်ရင် ကျနော့်တို့အတွက် ပိုကောင်းသွားမှာပါ။ ဒါပေမယ့် အခုချိန်မှာလဲ ကျနော်တို့ လုပ်နေတာတွေအတွက် ကျေနပ်မှုရှိပါတယ်။ အသင်းဖော်တွေက အကောင်းဆုံးလုပ်နေတာဖြစ်ပေမယ့် ပြိုင်ပွဲစုံမှာ အကြာကြီး ပြိုင်ရဦးမှာပါ။

ကျနော်တို့က အားလုံးနဲ့ ဝေးကွာပြီး မျက်ခြေပျက်နေတာ မဟုတ်ဘူး။ ကျနေ်ာတို့ပက်သက်ပြီး လူတွေ ဘာတွေပြောနေတယ် ခန့်မှန်းနေကြတယ်ဆိုတာကို ကြားထားပါတယ်။ ကျနေ်ာတို့အတွက်ကတော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပြီး ရလဒ်ကောင်းတွေ ရယူဖို့ပဲလိုပါတယ်။

မျှော်လင့်သလို ဖြစ်မလာတဲ့ အခါတွေ ရှိနိုင်တယ်။ အမှတ်ပေးဇယား ကွာဟချက်တွေက ပိုကျဉ်းမြောင်းနိုင်တယ်။ အသင်းတစ်သင်းအနေနဲ့ အဲ့လို အခိုက်အတန့်တွေအတွက် စိတ်ကို ပြင်ဆင်ထားဖို့လိုပြီး ရှေ့ဆက်သွားကာ ဘာဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ ” လို့ ချိန်ဘာလိန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ မာေဆးဆိုဒ္ဒါဘီ မတိုင္ခင္ ၿပိဳင္ပြဲစုံ ၁၅ ပြဲ ရႈံးပြဲမရွိထားပါဘူး။ ဒီႏိုင္ပြဲေတြေၾကာင့္ လက္စတာနဲ႔ မန္စီးတီးကို အမွတ္အမ်ားႀကီး ျဖတ္ထားႏိုင္ေပမယ့္ ခ်ိန္ဘာလိန္က ကလပ္ရဲ႕ ဦးေဆာင္ႏိုင္မႈအေပၚ အသင္းသားေတြက ေအးေဆးျဖစ္ေနမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ခ်ိန္ဘာလိန္က “ က်ေနာ္တို႔ကစားတဲ့ အခ်ိန္တိုင္း ဒါကအေရးအႀကီးဆုံးပြဲလို႔ မွတ္ယူတယ္၊ ဒါက နည္းျပ က်ေနာ္တို႔ကို ေပးတဲ့အမွာစကားပါ၊ ဒီအတိုင္းက်ေနာ္တို႔ လုပ္ၿပီး ႏွစ္ကုန္မွာ ဘာျဖစ္မလဲဆိုတာသိရမွာပါ၊ ဒါက လူေတြ ခန႔္မွန္းေျပာဆိုေနၾကတာေတြနဲ႔ ပတ္သက္ၿပီး စိတ္မဝင္စားဖို႔ တစ္ခုတည္းေသာနည္းလမ္းပါပဲ။ ” လို႔ ေျပာပါတယ္။

လီဗာပူးအသင္းဟာ အမွတ္ေပးလိဂ္ကို အေကာင္းဆံုး ယွဥ္ျပိဳင္ျပီး ျပိဳင္ပြဲေတြကို အႏုိင္ရဖို႔ကိုပဲ ရည္ရြယ္ထားပါတယ္။ ကလပ္အသင္းသားေတြ လံုးဝ အာရံုေဖ်ာက္ထားတဲ့ ကိစၥကေတာ့ အသင္းျပင္ပက လူေတြရဲ႕ ခန္႔မွန္းေျပာဆိုခ်က္ေတြျဖစ္ျပီး ဒါေတြကို အာရံုစိုက္ဖို႔ထက္ ကစားရမယ့္ ပြဲေတြကိုပဲ စိတ္ႏွစ္ထားတယ္လို႔ ကြင္းလယ္လူက ရွင္းျပပါတယ္။

” က်ေနာ္တို႔ဟာ လိဂ္ကို အေကာင္းဆံုးပံုစံနဲ႔ ျပိဳင္ဆုိင္ထားႏုိင္တယ္။ က်ေနာ္တို႔ တိုးတက္ႏိုင္တဲ့ ေနရာေတြရွိေသးတယ္လို႔ ထင္ျပီး က်ေနာ္တို႔ရဲ႕ ကစားပုံေတြက အၿမဲတမ္း အေကာင္းဆုံး အေနအထားေတြ ျဖစ္မေနခဲ့ပါဘူး။ ဒါေပမယ့္ အႏိုင္ရဖို႔နည္းကိုပဲ ရွာေဖြပါတယ္။

က်ေနာ္တို႔ ဒီအတိုင္းဆက္ႀကိဳးစားရင္ ပိုၿပီးေတာ့ တည္ၿငိမ္တဲ့ ေျခစြမ္းေတြျပသလာႏိုင္ရင္ က်ေနာ့္တို႔အတြက္ ပိုေကာင္းသြားမွာပါ။ ဒါေပမယ့္ အခုခ်ိန္မွာလဲ က်ေနာ္တို႔ လုပ္ေနတာေတြအတြက္ ေက်နပ္မႈရွိပါတယ္။ အသင္းေဖာ္ေတြက အေကာင္းဆုံးလုပ္ေနတာျဖစ္ေပမယ့္ ၿပိဳင္ပြဲစုံမွာ အၾကာႀကီး ၿပိဳင္ရဦးမွာပါ။

က်ေနာ္တို႔က အားလံုးနဲ႔ ေဝးကြာျပီး မ်က္ေျခပ်က္ေနတာ မဟုတ္ဘူး။ က်ေန္ာတုိ႔ပက္သက္ျပီး လူေတြ ဘာေတြေျပာေနတယ္ ခန္႔မွန္းေနၾကတယ္ဆိုတာကို ၾကားထားပါတယ္။ က်ေန္ာတို႔အတြက္ကေတာ့ ကိုယ္လုပ္စရာရွိတာ ဆက္လုပ္ၿပီး ရလဒ္ေကာင္းေတြ ရယူဖို႔ပဲလိုပါတယ္။

ေမွ်ာ္လင့္သလို ျဖစ္မလာတဲ့ အခါေတြ ရွိႏိုင္တယ္။ အမွတ္ေပးဇယား ကြာဟခ်က္ေတြက ပိုက်ဥ္းေျမာင္းႏိုင္တယ္။ အသင္းတစ္သင္းအေနနဲ႔ အဲ့လို အခိုက္အတန႔္ေတြအတြက္ စိတ္ကို ျပင္ဆင္ထားဖို႔လိုၿပီး ေရွ႕ဆက္သြားကာ ဘာျဖစ္လာမလဲဆိုတာ ၾကည့္ရမွာပါ ” လို႔ ခ်ိန္ဘာလိန္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။