ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အက်စတွန်ဗီလာနဲ့ ပွဲအပြီး ဒီကြားရက်မှာပဲ စပါးနဲ့ အိမ်ကွင်းမှာ ထပ်မံ ယှဉ်ပြိုင်ရဦးမှာဖြစ်ကာ သီတင်းပတ်အကုန်မှာတော့ မန်ချက်စတာ ဒါဘီပွဲအဖြစ် မန်စီးတီးရဲ့ အိမ်ကွင်း အီသီဟတ်ကိုသွားပြီး ယူနိုက်တက်တို့ ယှဉ်ပြိုင်ရရမှာ ဖြစ်ပါတယ်။
ပွဲစဉ်တွေ ကျပ်တည်းတာကြောင့် တစ်ပွဲနဲ့ တစ်ပွဲမှာ ကလပ်အသင်းကို ဒုက္ခပေးခဲ့တဲ့ ကစားသမားတွေအကြောင့်တွေက ခပ်မြန်မြန်ပဲ ကျော်လွှားခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပွဲစဉ် ၁၄ တုန်းက ယူနိုက်တက်ကို ခြေစွမ်းပိုင်း ပြစ်တင်ရအောင် ဖြစ်စေတဲ့ အဓိက ကစားသမားတစ်ဦးကို ဖော်ပြပြီး ပွဲစဉ် ၁၅နဲ့ ပွဲစဉ် ၁၆ တွေမှာ ယူနိုက်တက်အသင်းသားတွေ သတိထားရမယ့် ပြိုင်ဘက် ကစားသမားတစ်ဦးအကြောင်း ဖော်ပြမှာဖြစ်တယ်။
ယူနိုက်တက်ကစားသမားတွေကို အပြစ်တင်ခံရစေခဲ့တဲ့ ဂရီးလစ်
အက်စတွန်ဗီလာနဲ့ပွဲတုန်းက ပွဲချိန် ၁၀ မိနစ်မှာပဲ ဖျတ်လတ်ပြီးသေချာတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားရဲ့ အံ့အားသင့်စရာ သွင်းဂိုးကို မြင်တွေ့ခဲ့ရတာပါ။ ဂရီးလစ်ဟာ ကစားသမားကောင်းဖြစ်ပေမယ့် သူက ခရစ္စတီယာနိုရော်နယ်ဒို မဟုတ်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်နဲ့ယှဉ်ရင် လက်ရှိ ကျရံှူးနေမှုက မြင်သာခဲ့ပြီး ဂရီးလစ်ကို ရော်နယ်ဒိုလို ခြေစွမ်းရှိသူလို့ ထင်မှတ်မှားစေခဲ့တယ်။
ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်ကျူးလွန်မှုခံရခြင်း အများဆုံးဖြစ်တဲ့ အက်စ်တွန်ဗီလာ ကစားသမား ဂရီးလစ်ရဲ့ အံ့ဩစရာ အကွာအဝေးကနေ သွင်းယူခဲ့တဲ့ဂိုးကို နောက်ခံလူတွေ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ သူရင်ဆိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းက ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခု လိုအပ်နေပြီဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။
မော်ရင်ညိုအကြိုက်ဖြစ်နေတဲ့ ဆစ်ဆိုကို
ဆစ်ဆိုကိုဟာ မော်ရင်ညိုစိတ်ကြိုက် ကစားသမားမျိုးပါ။ သူက မော်ရင်ညို ကြိုက်တဲ့ သွက်လက်မှုနဲ့ ကြံ့ခိုင်မှုရှိပြီး ကွင်းလယ်ညာခြမ်းကနေ ခံစစ်ကို ထိထိရောက်ရောက် အကျိုးပြုနိုင်ပါတယ်။ ဒါက မှန်နိုင်ပေမယ့် သူ့ကို ယုံကြည်နိုင်တယ်လို့ မထင်ခဲ့ဘူးဆိုရင် ဆစ်ဆိုကိုဟာ မော်ရင်ညိုရဲ့အသင်းမှာ ပါဝင်မှာမဟုတ်ပါဘူး။ဘုန်းမောက်ပွဲမှာ သူဟာ ဖြတ်ထုတ်မှုတွေ၊ ပြစ်ဒဏ်ကျူးလွန်မှုတွေနဲ့ စပါးအသင်းကို ကူညီပေးခဲ့ပြီး ဆာဂျ်အူရီယာရဲ့ အကူအညီနဲ့ တစ်ကွင်းလုံး ပတ်မောင်းသွားနေခဲ့တာပါ။
ဆစ်ဆိုကိုဟာ ယုံကြည်ချင်စရာကောင်းခဲ့ပြီး ပွဲကိုကောင်းကောင်းနားလည်ခဲ့ပါတယ်။ ဒါဟာ မော်ရင်ညိုကို နှစ်သက်စေတဲ့ အသက် ၃၀ အရွယ် ကစားသမားရဲ့ စွမ်းဆောင်ရည်တွေပါပဲ။ ဆစ်ဆိုကိုရဲ့ သွင်းဂိုကလဲ ယုံကြည်မှုရှိရှိနဲ့ ကစားသူတစ်ယောက်ဆိုတာ ပြသခဲ့ပြီး ယူနိုက်တက်နဲ့ပွဲမှာ ကိန်း၊ အလီနည်းတူ သူကလည်း အန္တရာယ်ကြီးပေးမယ့် ကစားသမားဖြစ်ပါတယ်။
တောင်ပံမှာ ပြန်တောက်ပနေတဲ့ မားရက်စ်
မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက တောင်ပံတိုက်စစ်သမား မာရက်စ်ရဲ့ ထရိန်နင်မှာ အားထုတ်မှုနဲ့ သဘောထားကို ချီးကျူးစကား ဆိုထားပြီး ပွဲမကစားရချိန်မှာလည်း အခွင့်အရေး စောင့်နေဖို့ မားရက်စ်ကို တိုက်တွန်းထားပါတယ်။ အဂွယ်ရို ဒဏ်ရာရနေပြီး ဒီဘရိုင်း ကွင်းလယ်မှာ ကစားနေတဲ့ မန်စီးတီးတိုက်စစ်အတွက် လက်စတာတိုက်စစ်သမားက အဓိက ကစားသမားအဖြစ် ပြန်လည် ပါဝင်ခွင့် ရနေသူဖြစ်တယ်။
ကြားရက်ပွဲမှာ သူ့ကို ဒုတိယပိုင်းမှ လူစားဝင်စေတာက သီတင်းပတ်အကုန် မန်ချက်စတာ ဒါဘီပွဲအတွက် အင်အားချန်ထားခြင်း ဖြစ်နိုင်ပါတယ်။ မားရက်စ်ဟာ ဘယ်တောင်ပံကော ညာတောင်ပံမှာပါ ကစားနိုင်ပေမယ့် ယူနိုက်တက်နဲ့ပွဲမှာ သူ့ကို ထိန်းရမယ့်သူက လူငယ်လေး ဝီလီယံဖြစ်ပြီး စိတ်ခေါ်မှုကောင်းလည်း ဖြစ်လာနိုင်ပါတယ်။
ZAWGYI