အက်စတွန်ဗီလာကို နိုင်တဲ့ ပွဲအပြီးမှာ ချယ်ဆီးနည်းပြ လမ်းပတ်က အသင်းဖော်ဟောင်း တယ်ရီဟာ ချယ်ဆီးရဲ့ ဂန္တဝင် ဖြစ်တယ်လို့ ခေါ်ဝေါ် လိုက်ပြီး တယ်ရီကို ပြိုင်ဘက် အဖြစ် မြင်ရတာအတွက် ထူးထူးဆန်းဆန်း ဖြစ်နေခဲ့ရကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။

တယ်ရီဟာ ချယ်ဆီး စီနီယာအသင်းကြီး အတွက် ၁၉ နှစ်တာ ကစားသွားခဲ့ကာ ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ အခြား ဆုဖလားများစွာ ချယ်ဆီးနဲ့ အတူ ရယူသွားခဲ့သူ ဖြစ်ပါတယ်။ ချယ်ဆီးမှာ ကစားချိန် ကုန်ဆုံးသွားတဲ့နောက် တယ်ရီက အက်စတွန်ဗီလာသို့ ပြောင်းရွှေ့ ကစားခဲ့ပြီး ထို့နောက် ပြီးခဲ့တဲ့ ရာသီက လက်ထောက်နည်းပြ အဖြစ် ရာထူးတိုးသွားခဲ့တာပါ။

စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လာတဲ့ တယ်ရီကို ပရိသတ်များက လှိုက်လှိုက်လှဲလှဲ လက်ခုတ်တီး ကြိုဆိုခဲ့ကြတာကို ကြည်နူးဖွယ် မြင်တွေ့ခဲ့ရပါတယ်။ ပွဲစဉ်ကတော့ ချယ်ဆီးက ဗီလာကို ၂-၁ နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ပွဲအပြီးမှာ လမ်းပတ်က တယ်ရီကို ပြိုင်ဘက်အသင်းဘက်မှာ မြင်ရတာအတွက် ထူးဆန်းနေခဲ့ရကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

” နည်းနည်းတော့ ထူးထူးဆန်းဆန်း ဖြစ်နေခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်က ကျနေ်ာလည်း (ဒါဘီနည်းပြ အဖြစ် ပြိုင်ဘက် အနေနဲ့) အဲဒီလို နေရာမှာ ရှိခဲ့တာပါ။ မင်းက ပရော်ဖက်ရှင်နယ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လုပ်ရမယ် ဆိုပေမယ့် ဒါက လွယ်တော့ မလွယ်ပါဘူး။ ”

” ဂျွန် (တယ်ရီ) အနေနဲ့ ဒီကိုလာချိန်မှာ အခုလို အားပေးမှု ခံယူရပြီး ကောင်းမွန်စွာ နှုတ်ဆက်ကြတာ မြင်တော့ သူ့အတွက် ကျနေ်ာ ဝမ်းသာပါတယ်။ ဂျွန်က အလွန် နှိမ့်ချတဲ့သူပါ ဒီကိုလာတာ ကိစ္စကြီးလို သူ့ကို ကြိုကြမှာ မလုပ်စေချတဲ့သူ ဒါပေမယ့် သူက ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တယ်။ ကလပ်အသင်းမှာ အခမ်းနားဆုံး အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။ ဒီတော့ ဒါတွေက သူနဲ့ ထိုက်တန်ပါတယ်။” လို့ လမ်းပတ်က ဆိုပါတယ်။

လမ်းပတ်က ချယ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း အားရကျေနပ်နေပြီး လိဂ်မှာ နှစ်ပွဲဆက် ရှုံးခဲ့တာကနေ ရုန်းထွက်ကာ နိုင်ပွဲ ပြန်ရခဲ့တာ အတွက် ပျော်ရွှင်နေပါတယ်။ ချယ်ဆီးအသင်းဟာ စနေနေ့မှာတော့ ရုန်းကန်နေရတဲ့ အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Zawgyi

အက္စတြန္ဗီလာကို နုိင္တဲ့ ပြဲအျပီးမွာ ခ်ယ္ဆီးနည္းျပ လမ္းပတ္က အသင္းေဖာ္ေဟာင္း တယ္ရီဟာ ခ်ယ္ဆီးရဲ႕ ဂႏၱ၀င္ ျဖစ္တယ္လို႔ ေခၚေ၀ၚ လိုက္ျပီး တယ္ရီကို ျပိဳင္ဘက္ အျဖစ္ ျမင္ရတာအတြက္ ထူးထူးဆန္းဆန္း ျဖစ္ေနခဲ့ရေၾကာင္း ၀န္ခံ ေျပာဆိုလိုက္ပါတယ္။

တယ္ရီဟာ ခ်ယ္ဆီး စီနီယာအသင္းၾကီး အတြက္ ၁၉ နွစ္တာ ကစားသြားခဲ့ကာ ပရီးမီးယားလိဂ္ ၅ ၾကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ၾကိမ္နဲ႕ အျခား ဆုဖလားမ်ားစြာ ခ်ယ္ဆီးနဲ႕ အတူ ရယူသြားခဲ့သူ ျဖစ္ပါတယ္။ ခ်ယ္ဆီးမွာ ကစားခ်ိန္ ကုန္ဆံုးသြားတဲ့ေနာက္ တယ္ရီက အက္စတြန္ဗီလာသို႔ ေျပာင္းေရႊ႕ ကစားခဲ့ျပီး ထို႔ေနာက္ ျပီးခဲ့တဲ့ ရာသီက လက္ေထာက္နည္းျပ အျဖစ္ ရာထူးတိုးသြားခဲ့တာပါ။

စတန္းဖို႔ဒ္ဘရစ္ခ်္သို႔ ျပန္လာတဲ့ တယ္ရီကို ပရိသတ္မ်ားက လိႈက္လိႈက္လွဲလွဲ လက္ခုတ္တီး ၾကိဳဆိုခဲ့ၾကတာကို ၾကည္နူးဖြယ္ ျမင္ေတြ႔ခဲ့ရပါတယ္။ ပြဲစဥ္ကေတာ့ ခ်ယ္ဆီးက ဗီလာကို ၂-၁ နဲ႕ အနုိင္ယူသြားခဲ့ပါတယ္။ ပြဲအျပီးမွာ လမ္းပတ္က တယ္ရီကို ျပိဳင္ဘက္အသင္းဘက္မွာ ျမင္ရတာအတြက္ ထူးဆန္းေနခဲ့ရေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

” နည္းနည္းေတာ့ ထူးထူးဆန္းဆန္း ျဖစ္ေနခဲ့တယ္။ ျပီးခဲ့တဲ့ နွစ္က က်ေန္ာလည္း (ဒါဘီနည္းျပ အျဖစ္ ျပိဳင္ဘက္ အေနနဲ႕) အဲဒီလို ေနရာမွာ ရွိခဲ့တာပါ။ မင္းက ပေရာ္ဖက္ရွင္နယ္၊ ကိုယ့္အလုပ္ ကိုယ္လုပ္ဖို႔ လုပ္ရမယ္ ဆိုေပမယ့္ ဒါက လြယ္ေတာ့ မလြယ္ပါဘူး။ ”

” ဂၽြန္ (တယ္ရီ) အေနနဲ႕ ဒီကိုလာခ်ိန္မွာ အခုလို အားေပးမႈ ခံယူရျပီး ေကာင္းမြန္စြာ နႈတ္ဆက္ၾကတာ ျမင္ေတာ့ သူ႔အတြက္ က်ေန္ာ ၀မ္းသာပါတယ္။ ဂၽြန္က အလြန္ နွိမ့္ခ်တဲ့သူပါ ဒီကိုလာတာ ကိစၥၾကီးလို သူ႔ကို ၾကိဳၾကမွာ မလုပ္ေစခ်တဲ့သူ ဒါေပမယ့္ သူက ဂႏၱ၀င္ ကစားသမား တစ္ဦး ျဖစ္တယ္။ ကလပ္အသင္းမွာ အခမ္းနားဆံုး အသင္းေခါင္းေဆာင္လည္း ျဖစ္တယ္။ ဒီေတာ့ ဒါေတြက သူနဲ႕ ထိုက္တန္ပါတယ္။” လို႔ လမ္းပတ္က ဆိုပါတယ္။

လမ္းပတ္က ခ်ယ္ဆီးအသင္းရဲ႕ စြမ္းေဆာင္ရည္ကိုလည္း အားရေက်နပ္ေနျပီး လိဂ္မွာ နွစ္ပြဲဆက္ ရွံဳးခဲ့တာကေန ရုန္းထြက္ကာ နုိင္ပြဲ ျပန္ရခဲ့တာ အတြက္ ေပ်ာ္ရႊင္ေနပါတယ္။ ခ်ယ္ဆီးအသင္းဟာ စေနေန႔မွာေတာ့ ရုန္းကန္ေနရတဲ့ အဲဗာတန္ကို ဂြတ္ဒီဆင္ပါ့ခ္မွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။