အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်က စပါးကို ၂-၁ နဲ့ အနိုင်ရတာက သုံးမှတ်ရဖို့အတွက် အရမ်းကို ကြိုးစားထားရတာကြောင့် ဖြစ်တယ်လို့ ရပ်ဖိုဒ့်က ပြောဆိုပါတယ်။

ပြိုင်ပွဲစုံ ၃ ပွဲဆက် အနိုင်မရမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး တိုက်စစ်သမား ရပ်ဖိုဒ့် အနိုင်ဂိုး နှစ်ဂိုးကို သွင်းယူပေးခဲ့တာပါ။ အင်္ဂလန် လက်ရွေးစင်က အနိုင်ရဖို့အတွက် အသင်းက ခက်ခဲတဲ့ ကြိုးစားမှုတွေ လုပ်ခဲ့ရသလို ဂိုးတွေ ပိုမိုသွင်းယူနိုင်သင့်တယ်လို့လည်း ခံစားရပါကြောင်း ပြောဆိုခဲ့ပါတယ်။

ရပ်ဖိုဒ့်က ” လိုချင်တဲ့ ရလဒ်ရဖို့အတွက် ကျနေ်ာတို့ ကြိုးစားခဲ့တာက အခက်ခဲဆုံးပါပဲ။ ကျနေ်ာတို့ ရောက်နေတဲ့ အနေအထားအရ ဒီပွဲတွေကို နိုင်ချင်ပါတယ်။ ထိပ်တန်းအသင်းတွေနဲ့ ကျနေ်ာတို့ ရင်ဆိုင်ကစားနိုင်တယ်ဆိုတာ လူတွေကို ပြချင်ပါတယ်။

ကျနေ်ာတို့ ကန်သွင်းမှုတွေ အများကြီး ရခဲ့ပြီး ရှင်းလင်းတဲ့ အခွင့်အရေးတွေလိုတော့ မပြောလိုပါဘူး။ ဂိုးသမားက ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ခဲ့ပြီး တစ်ခါတစ်လေ ဂိုးပေါက်တည့်တယ်၊ တစ်ခါတစ်လေတော့ လွဲချော်တာတွေ ရှိပါတယ်။ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကစားရတာက တကယ်ကို ပျော်ဖို့ကောင်းတဲ့ အချိန်ပါပဲ ” လို့ ဆိုပါတယ်။

ပင်နယ်တီဖြစ်ရပ်ကို VAR စနစ်နဲ့ ပြန်ကြည့်မှုမှာ အချိန်အတန်ကြာ စောင့်ခဲ့ရပါသေးတယ်။ အဆုံးသတ်ဖို့ မလုပ်ခင်မှာ ရပ်ဖိုဒ့်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးအဖြတ်ကို စောင့်ခဲ့ရပါတယ်လို့ ဝန်ခံခဲ့တယ်။ အဆိုပါဂိုးဟာ သူ့ရဲ့ ဒီရာသီ အမှတ်ပေးပွဲ ၁၅ ပွဲအတွင်း ၉ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ယူနိုက်တက်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်လည်း ဖြစ်လာစေခဲ့ပါတယ်။

စပါးမန်နေဂျာ မော်ရင်ညိုကလည်း အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားရဲ့ အထူးချွန်ဆုံး အနေအထားအပေါ် အသိအမှတ်ပြုမှု လုပ်ခဲ့ပါတယ်။

” ဘယ်ခြမ်းမှာ ကစားတဲ့အခါ ရပ်ဖိုဒ့်က အရမ်းကို အန္တရာယ်များတဲ့သူပါ။ ဒါကို ကျနေ်ာသိပြီး ကစားသမားတွေကို အကောင်းဆုံး အချက်အလက်တွေ ပေးထားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးဂိုးကတော့ အတွင်းထဲဝင်လာပြီး သွင်းယူတတ်တဲ့ ပုံမှန်သွင်းနေကျ ရပ်ဖိုဒ့်ရဲ့ သွင်းဂိုးပါပဲ။ ကျနော်ရဲ့ ကောင်လေးတွေကလည်း ဒါကို ရှင်းရှင်းလင်းလင်း သိကြပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာကို တက်လာခဲ့ပြီဖြစ်ပြီး သီတင်းပတ်အကုန်မှာတော့ ချန်ပီယံကာကွယ်လိုနေတဲ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္က စပါးကို ၂-၁ နဲ႔ အႏုိင္ရတာက သံုးမွတ္ရဖို႔အတြက္ အရမ္းကို ၾကိဳးစားထားရတာေၾကာင့္ ျဖစ္တယ္လို႔ ရပ္ဖိုဒ့္က ေျပာဆိုပါတယ္။

ျပိဳင္ပြဲစံု ၃ ပြဲဆက္ အႏုိင္မရမႈကို အဆံုးသတ္ႏုိင္ခဲ့တာျဖစ္ျပီး တိုက္စစ္သမား ရပ္ဖိုဒ့္ အႏုိင္ဂိုး ႏွစ္ဂိုးကို သြင္းယူေပးခဲ့တာပါ။ အဂၤလန္ လက္ေရြးစင္က အႏုိင္ရဖို႔အတြက္ အသင္းက ခက္ခဲတဲ့ ၾကိဳးစားမႈေတြ လုပ္ခဲ့ရသလို ဂိုးေတြ ပိုမိုသြင္းယူႏုိင္သင့္တယ္လို႔လည္း ခံစားရပါေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ရပ္ဖိုဒ့္က ” လိုခ်င္တဲ့ ရလဒ္ရဖို႔အတြက္ က်ေန္ာတို႔ ၾကိဳးစားခဲ့တာက အခက္ခဲဆံုးပါပဲ။ က်ေန္ာတို႔ ေရာက္ေနတဲ့ အေနအထားအရ ဒီပြဲေတြကို ႏုိင္ခ်င္ပါတယ္။ ထိပ္တန္းအသင္းေတြနဲ႔ က်ေန္ာတုိ႔ ရင္ဆုိင္ကစားႏိုင္တယ္ဆိုတာ လူေတြကို ျပခ်င္ပါတယ္။

က်ေန္ာတို႔ ကန္သြင္းမႈေတြ အမ်ားၾကီး ရခဲ့ျပီး ရွင္းလင္းတဲ့ အခြင့္အေရးေတြလိုေတာ့ မေျပာလိုပါဘူး။ ဂိုးသမားက ေကာင္းမြန္တဲ့ ကာကြယ္မႈေတြ လုပ္ခဲ့ျပီး တစ္ခါတစ္ေလ ဂိုးေပါက္တည့္တယ္၊ တစ္ခါတစ္ေလေတာ့ လြဲေခ်ာ္တာေတြ ရွိပါတယ္။ အိမ္ကြင္းပရိသတ္ေတြေရွ႔မွာ ကစားရတာက တကယ္ကို ေပ်ာ္ဖို႔ေကာင္းတဲ့ အခ်ိန္ပါပဲ ” လို႔ ဆိုပါတယ္။

ပင္နယ္တီျဖစ္ရပ္ကို VAR စနစ္နဲ႔ ျပန္ၾကည့္မႈမွာ အခ်ိန္အတန္ၾကာ ေစာင့့္ခဲ့ရပါေသးတယ္။ အဆံုးသတ္ဖို႔ မလုပ္ခင္မွာ ရပ္ဖိုဒ့္ကေတာ့ တည္တည္ျငိမ္ျငိမ္နဲ႔ အဆံုးအျဖတ္ကို ေစာင့္ခဲ့ရပါတယ္လို႔ ဝန္ခံခဲ့တယ္။ အဆိုပါဂိုးဟာ သူ႔ရဲ႕ ဒီရာသီ အမွတ္ေပးပြဲ ၁၅ ပြဲအတြင္း ၉ ဂိုးေျမာက္ သြင္းဂိုးျဖစ္ျပီး ယူႏုိက္တက္ရဲ႕ ထိပ္တန္း ဂိုးသြင္းရွင္လည္း ျဖစ္လာေစခဲ့ပါတယ္။

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳကလည္း အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္သမားရဲ႕ အထူးခၽြန္ဆံုး အေနအထားအေပၚ အသိအမွတ္ျပဳမႈ လုပ္ခဲ့ပါတယ္။

” ဘယ္ျခမ္းမွာ ကစားတဲ့အခါ ရပ္ဖိုဒ့္က အရမ္းကို အႏၱရာယ္မ်ားတဲ့သူပါ။ ဒါကို က်ေန္ာသိျပီး ကစားသမားေတြကို အေကာင္းဆံုး အခ်က္အလက္ေတြ ေပးထားခဲ့ပါတယ္။ သူ႔ရဲ႕ ပထမဆံုးဂိုးကေတာ့ အတြင္းထဲဝင္လာျပီး သြင္းယူတတ္တဲ့ ပံုမွန္သြင္းေနက် ရပ္ဖိုဒ့္ရဲ႕ သြင္းဂိုးပါပဲ။ က်ေနာ္ရဲ႕ ေကာင္ေလးေတြကလည္း ဒါကို ရွင္းရွင္းလင္းလင္း သိၾကပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ အမွတ္ေပးဇယား အဆင့္ ၆ ေနရာကို တက္လာခဲ့ျပီျဖစ္ျပီး သီတင္းပတ္အကုန္မွာေတာ့ ခ်န္ပီယံကာကြယ္လိုေနတဲ့ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားသြားရမွာပဲ ျဖစ္ပါတယ္။