ကြာသပတေးနေ့ မနက်အစောပိုင်း မာဆေးဆိုဒ် ဒါဘီပွဲမှာ ကလော့ပ်က ပွဲထွက် လူစာရင်းကို ဘရိုက်တန်က ပွဲမှ လူစာရင်းကနေ ၅ နေရာ အပြောင်းအလဲ လုပ်ကာ ပွဲထုတ်လာခဲ့ပါတယ်။ လီဗာပူးမှာ အမေ့ခံ ဖြစ်နေတဲ့ တိုက်စစ်မှူး အိုရီဂီနဲ့ တောင်ပံသမား ရှာကွီရီတို့ ပါဝင် ကစားခဲ့ကြပြီး နှစ်ဦးလုံလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ရှာကွီရီဟာ ဒီရာသီမှာ ဒဏ်ရာ ရှိလျက်ကြောင့်သော် လည်းကောင်း၊ ဒဏ်ရာ မရှိဘဲနဲ့သော် လည်းကောင်း လီဗာပူး လူစာရင်းကနေ အကြောင်း အမျိုးမျိုးနဲ့ ချန်လှပ်ခံခဲ့ရသူပါ။ ဒါပေမယ့် ဆွစ်လက်ရွေးစင် ကစားသမားကတော့ အခြေအနေကို စိတ်ပျက် လက်လျှော့ မနေဘဲ ပရော်ဖက်ရှင်နယ် ပီသစွာနဲ့ ကစားခွင့် ရတိုင်း အစွမ်းပြဖို့ ကြိုးစားခဲ့ပါတယ်။

အဲဗာတန်ဘက် တစ်ဂိုး သွင်းခဲ့တဲ့ ရှာကွီရီက ပွဲအပြီးမှာ ဝမ်းမြောက်စကား ဆိုခဲ့သလို သူ့ရဲ့ အကြီးဆုံး အိပ်မက် ရည်မှန်းချက် အကြောင်း ထုတ်ဖော် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

” သေချာတပေါ့။ ကျနော် အရမ်းကို ပျော်နေတယ်။ အထူးသဖြင့် အဲဗာတန်နဲ့ ဒါဘီပွဲကြီး ဖြစ်နေလို့ပါ။ ကျနေ်ာ ကစားရမယ် သိတည်းက ပျော်နေခဲ့တာ နိုင်ပွဲရဖို့လည်း ပါဝင် ကူညီချင်တယ်။ ဒီလို ပြန် ပါဝင် ကစားနိုင်ဖို့ ကြိုးစား အလုပ်လုပ်နေခဲ့ရတာ ဖြစ်တယ်။ ကျနော် အခြေအနေ ကောင်းပြီး လန်းလန်းဆန်းဆန်းလည်း ရှိတယ်။ အသင်းကို ပိုပြီး အကူအညီ ပေးနိုင်ဖို့လည်း မျှော်လင့်တယ်။ ”

” ကျနော်တို့ အသင်းသားတွေချင်း ယုံကြည်မှု အများကြီး ရှိတယ်လို့ ကျနော် ထင်တယ်။ ဘယ်လို ကစားရမလဲဆိုတာ အရေး မကြီးတော့ဘူး။ ဒီတပတ်ဆို ကစားကွက် နည်းနည်း ပြောင်းခဲ့တယ် အသစ်ပေါ့။ ဒီတော့ ဒီပွဲမှ ဝင်ကစားရတဲ့ ကစားသမားတချို့ အတွက် သိပ် မရိုးရှင်းတော့ဘူး။ ဒါပေမယ့် ကျနေ်ာတို့ ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။ ဒီနေပ နိုင်ပွဲက သိပ်ကောင်းတာပါ။ ”

” တစ်ပွဲပြီး တစ်ပွဲ ဒီလို ကစားသွားဖို့က အရေးကြီးဆုံး ဖြစ်တယ်။ ဆုဖလားတွေ နိုင်ဖို့ အကြောင်း အခု စဉ်းစားဖို့ မလိုသေးဘူး။ ကျနော့် အကြီးဆုံး အိပ်မက်က ဒီအသင်းနဲ့ အတူ အမှတ်ပေးဖလား ယူပြီး ပရိသတ်တွေကို ပေးအပ်ဖို့ပါ။ ဒီတော့ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားမှာ ဖြစ်တယ်။ လောလောဆယ် အခြေအနေက သိပ်ကောင်းပြီး အံ့သြစရာပါ ဒါပေမယ့် ကျနေ်ာတို့ ခရီးရှည်ကြီး ဆက်သွားဖို့ ရှိသေးတယ်။ ” လို့ ရှာကွီရီက ပြောဆိုခဲ့ပါတယ်။

Zawgyi

ၾကာသပေတးေန႔ မနက္အေစာပိုင္း မာေဆးဆိုဒ္ ဒါဘီပြဲမွာ ကေလာ့ပ္က ပြဲထြက္ လူစာရင္းကို ဘရိုက္တန္က ပြဲမွ လူစာရင္းကေန ၅ ေနရာ အေျပာင္းအလဲ လုပ္ကာ ပြဲထုတ္လာခဲ့ပါတယ္။ လီဗာပူးမွာ အေမ့ခံ ျဖစ္ေနတဲ့ တိုက္စစ္မွဴး အိုရီဂီနဲ႕ ေတာင္ပံသမား ရွာကြီရီတို႔ ပါ၀င္ ကစားခဲ့ၾကျပီး နွစ္ဦးလံုလည္း ဂိုးသြင္းနုိင္ခဲ့ပါတယ္။

ရွာကြီရီဟာ ဒီရာသီမွာ ဒဏ္ရာ ရွိလ်က္ေၾကာင့္ေသာ္ လည္းေကာင္း၊ ဒဏ္ရာ မရွိဘဲနဲ႕ေသာ္ လည္းေကာငး္ လီဗာပူး လူစာရင္းကေန အေၾကာင္း အမ်ိဳးမ်ိဳးနဲ႕ ခ်န္လွပ္ခံခဲ့ရသူပါ။ ဒါေပမယ့္ ဆြစ္လက္ေရြးစင္ ကစားသမားကေတာ့ အေျခအေနကို စိတ္ပ်က္ လက္ေလွ်ာ့ မေနဘဲ ပေရာ္ဖက္ရွင္နယ္ ပီသစြာနဲ႕ ကစားခြင့္ ရတိုင္း အစြမ္းျပဖို႔ ၾကိဳးစားခဲ့ပါတယ္။

အဲဗာတန္ဘက္ တစ္ဂိုး သြင္းခဲ့တဲ့ ရွာကြီရီက ပြဲအျပီးမွာ ၀မ္းေျမာက္စကား ဆိုခဲ့သလို သူ႔ရဲ႕ အၾကီးဆံုး အိပ္မက္ ရည္မွန္းခ်က္ အေၾကာင္း ထုတ္ေဖာ္ ေျပာဆိုမႈ ျပဳလုပ္ခဲ့ပါတယ္။

” ေသခ်ာတေပါ့။ က်ေနာ္ အရမ္းကို ေပ်ာ္ေနတယ္။ အထူးသျဖင့္ အဲဗာတန္နဲ႕ ဒါဘီပြဲၾကီး ျဖစ္ေနလို႔ပါ။ က်ေန္ာ ကစားရမယ္ သိတည္းက ေပ်ာ္ေနခဲ့တာ နုိင္ပြဲရဖို႔လည္း ပါ၀င္ ကူညီခ်င္တယ္။ ဒီလို ျပန္ ပါ၀င္ ကစားနိုင္ဖို႔ ၾကိဳးစား အလုပ္လုပ္ေနခဲ့ရတာ ျဖစ္တယ္။ က်ေနာ္ အေျခအေန ေကာင္းျပီး လန္းလန္းဆန္းဆန္းလည္း ရွိတယ္။ အသင္းကို ပိုျပီး အကူအညီ ေပးနုိင္ဖို႔လည္း ေမွ်ာ္လင့္တယ္။ ”

” က်ေနာ္တို႔ အသင္းသားေတြခ်င္း ယံုၾကည္မႈ အမ်ားၾကီး ရွိတယ္လို႕ က်ေနာ္ ထင္တယ္။ ဘယ္လို ကစားရမလဲဆိုတာ အေရး မၾကီးေတာ့ဘူး။ ဒီတပတ္ဆို ကစားကြက္ နည္းနည္း ေျပာင္းခဲ့တယ္ အသစ္ေပါ့။ ဒီေတာ့ ဒီပြဲမွ ၀င္ကစားရတဲ့ ကစားသမားတခ်ိဳ႕ အတြက္ သိပ္ မရိုးရွင္းေတာ့ဘူး။ ဒါေပမယ့္ က်ေန္ာတို႔ ျဖစ္ေအာင္လုပ္နုိင္ခဲ့တယ္။ ဒီေနပ နုိင္ပြဲက သိပ္ေကာင္းတာပါ။ ”

” တစ္ပြဲျပီး တစ္ပြဲ ဒီလို ကစားသြားဖို႔က အေရးၾကီးဆံုး ျဖစ္တယ္။ ဆုဖလားေတြ နုိင္ဖို႔ အေၾကာင္း အခု စဥ္းစားဖို႔ မလိုေသးဘူး။ က်ေနာ့္ အၾကီးဆံုး အိပ္မက္က ဒီအသင္းနဲ႕ အတူ အမွတ္ေပးဖလား ယူျပီး ပရိသတ္ေတြကို ေပးအပ္ဖို႔ပါ။ ဒီေတာ့ က်ေန္ာတို႔ အစြမ္းကုန္ ၾကိဳးစားမွာ ျဖစ္တယ္။ ေလာေလာဆယ္ အေျခအေနက သိပ္ေကာင္းျပီး အံ့ၾသစရာပါ ဒါေပမယ့္ က်ေန္ာတို႔ ခရီးရွည္ၾကီး ဆက္သြားဖို႔ ရွိေသးတယ္။ ” လို႔ ရွာကြီရီက ေျပာဆိုခဲ့ပါတယ္။