လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ဒါဘီပွဲအဖြစ် အဲဗာတန်ကို ၅-၂ နဲ့ အနိုင်ရတဲ့နောက် ဒီရာသီ အမှတ်ပေးပွဲမှာ လုံးဝ အရေးမနိမ့်တဲ့ မှတ်တမ်းနဲ့အတူ အမှတ်ပေးဖလားကို ၈ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်ထားဆဲဖြစ်ပါတယ်။

အရေးကြီးဆုံး မှတ်တမ်းအဖြစ်က ပရီးမီးယားလိဂ်ပွဲ ၃၂ ပွဲဆက်တိုက် အရေးမနိမ့်အောင် ကစားထားနိုင်လို့ ဒါဟာ လီဗာပူးသမိုင်းမှာ အမြင့်ဆုံးသော စံချိန်ဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် မန်နေဂျာဘဝ ပွဲ ၁၀၀ မြောက် နိုင်ပွဲကို ရခဲ့ပေမယ့် ယာဂင်ကလော့ပ်က မှတ်တမ်းတွေကို စိတ်မဝင်စားပဲ သီတင်းပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့် ဘုန်းမောက်နဲ့ပွဲကို အနိုင်ကစားကာ လိဂ်ကို ဦးဆောင်ဖို့ပဲ ရည်မှန်းနေတာဖြစ်တယ်။

” ပရီးမီးယားလိဂ် ၃၂ ပွဲဆက်တိုက် ရံှူးပွဲမရှိဆိုတာကို တစ်ရာသီတည်းမှာ ရတယ်ဆိုရင် ကျနော် နှစ်သက်ပါလိမ့်မယ်။ အဲ့တာက အရမ်းကောင်းပါတယ်။ မနှစ်တုန်းက ကျနေ်ာတို့ဟာ အမှတ်ပေးပွဲ ၃၈ ပွဲလုံး အရေးမနိမ့်ဖို့ နီးစပ်ခဲ့သေးတာပါ။ ဒါပေမယ့် အဲ့တာက အမှတ်ပေးဖလားအတွက် မလုံလောက်ပါဘူး။ ကိန်းဂဏန်းတွေက ကောင်းပါတယ်။ ဒါပေမယ့် တကယ်ကို စိတ်မဝင်စားပါဘူး။

ကျနော်ရဲ့ ပရီးမီးယားလိဂ် ပွဲ နိုင်ပွဲပေါင်း ၁၀၀ ထဲမှာ ကျနေ်ာတို့ မနိုင်သင့်တဲ့ ပွဲတစ်ပွဲလောက်ရှိခဲ့လား ကျနော် မမှတ်မိဘူး။ ပွဲတိုင်းကို ကျနေ်ာတို့ အနိုင်ရနေတယ်လို့ ခံစားရတယ်။ နိုင်ပွဲအားလုံးက အရေးပါပါတယ်။

နိုင်ပွဲတွေက ကောင်းမွန်တဲ့ အစဖြစ်တယ်၊ ဒီလောက်ပါပဲ။ ပြီးပြည့်စုံတဲ့ အစ ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ ကျနေ်ာတို့ နှစ်ကြိမ်၊ သုံးကြိမ်လောက် အိပ်ပြီးရင် ဘုန်းမောက်နဲ့ တွေ့ပြီဖြစ်ပါတယ်။ သူကလည်း အခြေအနေကောင်းမှာ ရှိနေပြီး သူတို့မှာရှိတဲ့ အစွမ်းအကုန် ကြိုးစားပြီး ယှဉ်ပြိုင်မှာဖြစ်တယ်။ ဒီတော့ ကျနေ်ာတို့တွေ အားပြန်ဖြည့်ပြီး နောက်တစ်ကြိမ် ထပ်ယှဉ်ပြိုင်ရအောင်ပါ ” လို့ ကလော့ပ်က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ဟာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ပွဲ ၁၅၉ ပွဲ ကိုင်တွယ်အပြီးမှာ နိုင်ပွဲ ၁၀၀ ရရှိခဲ့တာပါ။ ဒါဟာ မော်ရင်ညိုနဲ့ ပွဲအတိုဆုံးနဲ့ နိုင်ပွဲ ၁၀၀ ရတဲ့ မန်နေဂျာဖြစ်လာစေခဲ့ပြီး ပရီးမီးယားလိဂ်ဂန္တဝင် မန်နေဂျာတွေဖြစ်တဲ့ ဆာအဲလက်စ်နဲ့ အာဆင်ဝင်းဂါးတို့ရဲ့ မှတ်တမ်းထက်ကို ပိုကောင်းတဲ့ စံချိန်ကို ပိုင်ဆိုင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ မာေဆးဆုိဒ္ဒါဘီပြဲအျဖစ္ အဲဗာတန္ကို ၅-၂ နဲ႔ အႏုိင္ရတဲ့ေနာက္ ဒီရာသီ အမွတ္ေပးပြဲမွာ လံုးဝ အေရးမနိမ့္တဲ့ မွတ္တမ္းနဲ႔အတူ အမွတ္ေပးဖလားကို ၈ မွတ္ျဖတ္ကာ ဆက္လက္ ဦးေဆာင္ထားဆဲျဖစ္ပါတယ္။

အေရးၾကီးဆံုး မွတ္တမ္းအျဖစ္က ပရီးမီးယားလိဂ္ပြဲ ၃၂ ပြဲဆက္တိုက္ အေရးမနိမ့္ေအာင္ ကစားထားႏုိင္လို႔ ဒါဟာ လီဗာပူးသမိုင္းမွာ အျမင့္ဆံုးေသာ စံခ်ိန္ျဖစ္လာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ မန္ေနဂ်ာဘဝ ပြဲ ၁၀၀ ေျမာက္ ႏုိင္ပြဲကို ရခဲ့ေပမယ့္ ယာဂင္ကေလာ့ပ္က မွတ္တမ္းေတြကို စိတ္မဝင္စားပဲ သီတင္းပတ္အကုန္မွာ ယွဥ္ျပိဳင္ရမယ့္ ဘုန္းေမာက္နဲ႔ပြဲကို အႏုိင္ကစားကာ လိဂ္ကို ဦးေဆာင္ဖုိ႔ပဲ ရည္မွန္းေနတာျဖစ္တယ္။

” ပရီးမီးယားလိဂ္ ၃၂ ပြဲဆက္တိုက္ ရံွဴးပြဲမရွိဆိုတာကို တစ္ရာသီတည္းမွာ ရတယ္ဆိုရင္ က်ေနာ္ ႏွစ္သက္ပါလိမ့့္မယ္။ အဲ့တာက အရမ္းေကာင္းပါတယ္။ မႏွစ္တုန္းက က်ေန္ာတုိ႔ဟာ အမွတ္ေပးပြဲ ၃၈ ပြဲလံုး အေရးမနိမ့္ဖို႔ နီးစပ္ခဲ့ေသးတာပါ။ ဒါေပမယ့္ အဲ့တာက အမွတ္ေပးဖလားအတြက္ မလံုေလာက္ပါဘူး။ ကိန္းဂဏန္းေတြက ေကာင္းပါတယ္။ ဒါေပမယ့္ တကယ္ကို စိတ္မဝင္စားပါဘူး။

က်ေနာ္ရဲ႕ ပရီးမီးယားလိဂ္ ပြဲ ႏုိင္ပြဲေပါင္း ၁၀၀ ထဲမွာ က်ေန္ာတို႔ မႏုိင္သင့္တဲ့ ပြဲတစ္ပြဲေလာက္ရွိခဲ့လား က်ေနာ္ မမွတ္မိဘူး။ ပြဲတိုင္းကို က်ေန္ာတုိ႔ အႏုိင္ရေနတယ္လို႔ ခံစားရတယ္။ ႏုိင္ပြဲအားလံုးက အေရးပါပါတယ္။

ႏုိင္ပြဲေတြက ေကာင္းမြန္တဲ့ အစျဖစ္တယ္၊ ဒီေလာက္ပါပဲ။ ျပီးျပည့္စံုတဲ့ အစ ျဖစ္ရင္လည္း ျဖစ္မွာေပါ့။ က်ေန္ာတုိ႔ ႏွစ္ၾကိမ္၊ သံုးၾကိမ္ေလာက္ အိပ္ျပီးရင္ ဘုန္းေမာက္နဲ႔ ေတြ႔ျပီျဖစ္ပါတယ္။ သူကလည္း အေျခအေနေကာင္းမွာ ရွိေနျပီး သူတို႔မွာရွိတဲ့ အစြမ္းအကုန္ ၾကိဳးစားျပီး ယွဥ္ျပိဳင္မွာျဖစ္တယ္။ ဒီေတာ့ က်ေန္ာတို႔ေတြ အားျပန္ျဖည့္ျပီး ေနာက္တစ္ၾကိမ္ ထပ္ယွဥ္ျပိဳင္ရေအာင္ပါ ” လို႔ ကေလာ့ပ္က ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးနဲ႔အတူ ပရီးမီးယားလိဂ္ပြဲ ၁၅၉ ပြဲ ကိုင္တြယ္အျပီးမွာ ႏုိင္ပြဲ ၁၀၀ ရရွိခဲ့တာပါ။ ဒါဟာ ေမာ္ရင္ညိဳနဲ႔ ပြဲအတိုဆံုးနဲ႔ ႏုိင္ပြဲ ၁၀၀ ရတဲ့ မန္ေနဂ်ာျဖစ္လာေစခဲ့ျပီး ပရီးမီးယားလိဂ္ဂႏၱဝင္ မန္ေနဂ်ာေတြျဖစ္တဲ့ ဆာအဲလက္စ္နဲ႔ အာဆင္ဝင္းဂါးတို႔ရဲ႕ မွတ္တမ္းထက္ကို ပိုေကာင္းတဲ့ စံခ်ိန္ကို ပိုင္ဆုိင္သြားခဲ့တာလည္း ျဖစ္ပါတယ္။