ချယ်ဆီးအသင်းဟာ ညကပွဲစဉ်မှာ အက်စတွန်ဗီလာကို ဧည့်ခံကစားခဲ့ရာ ၂-၁ နဲ့ အနိုင်ယူပြီး နိုင်ပွဲ ပြန်တွေ့ခဲ့ပြီ ဖြစ်ပါတယ်။ ချယ်ဆီး အသင်းမှာ ဆယ်စုနှစ် နှစ်ခုကြာ ကစားသွားခဲ့တဲ့ ဂန္တဝင်ကြီး ဂျွန်တယ်ရီကိုလည်း ဒီပွဲမှာ အက်စတွန်ဗီလာ လက်ထောက် နည်းပြ အဖြစ် လိုက်ပါလာခဲ့ကာ အသင်းဖော်ဟောင်း နှစ်ဦး ဖြစ်တဲ့ လမ်းပတ်နဲ့ တယ်ရီ အတွက် စိတ်လှုပ်ရှားစရာ ပွဲ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းကို ရှုံးတဲ့ ပွဲမှာ ချယ်ဆီးတို့ သွင်းဂိုး ရဖို့ ရုန်းကန်ခဲ့ရသော်လည်း ဒီပွဲမှာတော့ ဒဏ်ရာက ပြန်ကောင်းလာတဲ့ တိုက်စစ်မှူး တမ်မီ အေဗရာဟမ် ပြန် ပါဝင်လာခဲ့ကာ အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယ အနိုင်ဂိုးကိုတော့ မေဆန်မောင့်က သွင်းယူပေးခဲ့တာပါ။

နိုင်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်နိုင်ခဲ့တာ အတွက် ဝမ်းမြောက်နေတဲ့ သွင်းဂိုးရှင် မောင့်ကတော့ ချယ်ဆီးဟာ ဒိထက် ပိုပြီး ဂိုးတွေ သွင်းနိုင်ခဲ့ရမှာ ဖြစ်တယ်လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

” ကျနော်တို့ ဝက်စ်ဟမ်းနဲ့ ပွဲက ခြေစွမ်းဟာ လုံလောက် ကောင်းမွန်မှု မရှိဘူးဆိုတာ သိခဲ့တယ်။ အိမ်ကွင်းမှာဆို ပွဲတွေမှာ လွှမ်းမိုး ကစားနိုင်ပြီး နိုင်ပွဲတွေ ပိုယူဖို့ လိုတယ်ဆိုတာလည်း သဘောပေါက်ခဲ့တယ်။ ဒါကြောင့် လုပ်လည်း ပြနိုင်ခဲ့တယ်။ ”

” ကျနော်တို့ဟာ ဘောလုံး ဖြတ်ယူမှုတွေ ပြန်ကျလာတဲ့ ဘောလုံးတွေကို လုယူရာမှာ အသာရခဲ့တယ်။ ကျနေ်ာတို့ ဂိုးတွေတောင် ပို သွင်းနိုင်ခဲ့ရမှာ။ သွင်းဂိုးတွေ အတွက် ကျနော့် အပေါ် တာဝန်ကျရောက်လာခဲ့ပြီး ကျနော်နနဲ့ တမ်မီကလည်း ဒါကို တုန့်ပြန်နိုင်ခဲ့တယ်။ တမ်မီက သူ့မှာ နေရာလွတ်မရှိရင် ကျနော့်ဆီ လှမ်းပေးတာပဲ။ ” လို့ မောင့်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီပွဲနိုင်လိုက်တာကြောင့် ဒီတပတ် နိုင်ပွဲ ကိုယ်စီ ရထားတဲ့ လီဗာပူး၊ လက်စတာ၊ မန်စီးတီးတို့ကို ဆက်လက် အမှီလိုက်ကာ ဖိအားပေးနေပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ညကပြဲစဥ္မွာ အက္စတြန္ဗီလာကို ဧည့္ခံကစားခဲ့ရာ ၂-၁ နဲ႕ အနိုင္ယူျပီး နုိင္ပြဲ ျပန္ေတြ႔ခဲ့ျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီး အသင္းမွာ ဆယ္စုနွစ္ နွစ္ခုၾကာ ကစားသြားခဲ့တဲ့ ဂႏၱ၀င္ၾကီး ဂၽြန္တယ္ရီကိုလည္း ဒီပြဲမွာ အက္စတြန္ဗီလာ လက္ေထာက္ နည္းျပ အျဖစ္ လိုက္ပါလာခဲ့ကာ အသင္းေဖာ္ေဟာင္း နွစ္ဦး ျဖစ္တဲ့ လမ္းပတ္နဲ႕ တယ္ရီ အတြက္ စိတ္လႈပ္ရွားစရာ ပြဲ ျဖစ္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ၀က္စ္ဟမ္းကို ရွံဳးတဲ့ ပြဲမွာ ခ်ယ္ဆီးတို႔ သြင္းဂိုး ရဖို႔ ရုန္းကန္ခဲ့ရေသာ္လည္း ဒီပြဲမွာေတာ့ ဒဏ္ရာက ျပန္ေကာင္းလာတဲ့ တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္ ျပန္ ပါ၀င္လာခဲ့ကာ အဖြင့္ဂိုးကို သြင္းယူခဲ့ပါတယ္။ ဒုတိယ အနုိင္ဂိုးကိုေတာ့ ေမဆန္ေမာင့္က သြင္းယူေပးခဲ့တာပါ။

နိုင္ပြဲလမ္းေၾကာင္းေပၚ ျပန္ေရာက္နုိင္ခဲ့တာ အတြက္ ၀မ္းေျမာက္ေနတဲ့ သြင္းဂိုးရွင္ ေမာင့္ကေတာ့ ခ်ယ္ဆီးဟာ ဒိထက္ ပိုျပီး ဂိုးေတြ သြင္းနုိင္ခဲ့ရမွာ ျဖစ္တယ္လို႔ ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ၀က္စ္ဟမ္းနဲ႕ ပြဲက ေျခစြမ္းဟာ လံုေလာက္ ေကာင္းမြန္မႈ မရွိဘူးဆိုတာ သိခဲ့တယ္။ အိမ္ကြင္းမွာဆို ပြဲေတြမွာ လႊမ္းမိုး ကစားနုိင္ျပီး နုိင္ပြဲေတြ ပိုယူဖို႔ လိုတယ္ဆိုတာလည္း သေဘာေပါက္ခဲ့တယ္။ ဒါေၾကာင့္ လုပ္လည္း ျပနိုင္ခဲ့တယ္။ ”

” က်ေနာ္တို႔ဟာ ေဘာလံုး ျဖတ္ယူမႈေတြ ျပန္က်လာတဲ့ ေဘာလံုးေတြကို လုယူရာမွာ အသာရခဲ့တယ္။ က်ေန္ာတို႔ ဂိုးေတြေတာင္ ပို သြင္းနုိင္ခဲ့ရမွာ။ သြင္းဂိုးေတြ အတြက္ က်ေနာ့္ အေပၚ တာ၀န္က်ေရာက္လာခဲ့ျပီး က်ေနာ္နနဲ႕ တမ္မီကလည္း ဒါကို တုန္႔ျပန္နုိင္ခဲ့တယ္။ တမ္မီက သူ႔မွာ ေနရာလြတ္မရွိရင္ က်ေနာ့္ဆီ လွမ္းေပးတာပဲ။ ” လို႔ ေမာင့္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီပြဲနုိင္လိုက္တာေၾကာင့္ ဒီတပတ္ နုိင္ပြဲ ကိုယ္စီ ရထားတဲ့ လီဗာပူး၊ လက္စတာ၊ မန္စီးတီးတို႔ကို ဆက္လက္ အမွီလိုက္ကာ ဖိအားေပးေနျပီး အဆင့္ ၄ ေနရာမွာ ရပ္တည္ေနပါတယ္။