ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုရဲ့ တကျော့ပြန် အိုးထရက်ဖို့ဒ် ပွဲကတော့ စပါးနဲ့ အတူ အရှုံးရလဒ် ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ရက်ဖို့ဒ်ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ၂-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ကာ ဖိအားများကို တွန်းလှန်နိုင်ခဲ့ပါတယ်။

မော်ရင်ညိုကတော့ ယူနိုက်တက်ရဲ့ ခံစစ် ကစားပုံက အသင်းကြီးအသင်းကောင်းတွေနဲ့ ရင်ဆိုင်ကစားရမှာ အလုပ်ဖြစ်တယ်လို့ ဆိုလိုက်ပြီး ခံစစ်မှာ အထိုင်ချပြီး ပြိုင်ဘက်ကို ယှဉ်တာက ဒီရာသီ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိင်ရာမှာ အသာစီရနေစေတဲ့ အားသာချက်ဖြစ်တယ်လို့ သုံးသပ်ခဲ့တယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ကြီး ၆ ကြီးထဲက တစ်သင်းကိုမှ အရေးမနိမ့်ထားတဲ့ အသင်းဖြစ်ပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ မိနစ် ၉၀ တောက်လျောက် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း ယူနိုက်တက်ရဲ့ နေရာယူမှုနဲ့ ကောင်တာ တိုက်စစ်ကြောင့် ရုန်းကန်ခဲ့ရပါတယ်။ မော်ရင်ညိုက ယူနိုက်တက် ခပ်ရိုးရိုးရှင်းရှင်း ခံစစ် ကစားသွားခဲ့တာက ထိရောက်ခဲ့တယ်လို့ ပွဲအပြီးမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

” ယူနိုက်တက်က ဒီရာသီ အကောင်းဆုံး ဆိုတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ရလဒ်ကောင်းတွေ ရထားတာပါ။ ချယ်ဆီး၊ လီဗာပူး၊ လက်စတာ စသဖြင့်ပေါ့။ သူတို့ ကစားပုံအရလည်း ပို လွယ်ကူစေခဲ့တယ်။ သူတို့က ခံစစ်နဲ့ ချဉ်းကပ်ကစားဖို့ ကြောက် မနေတော့ဘူး။ ပိုကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ဒါက အလုပ်ဖြစ်တယ်လေ။ ဘောလုံး ပိုင်ဆိုင်မှု ပို လိုချင်တဲ့ အသင်းတွေနဲ့ ဆိုရင်ပေါ့။ ” လို့ မော်ရင်ညိုက ဆိုပါတယ်။

ရက်ဖို့ဒ်ရဲ့ ပထမဂိုးက ပင်နယ်တီဂိုး ဖြစ်ပြီး ဒုတိယဂိုးက ပွဲအခြေအနေကို ပြောင်းလဲစေခဲ့ကြောင်း မော်ရင်ညိုက ဆိုခဲ့ပါသေးတယ်။

” ဒုတိယပိုင်းကို စတင်ချိန်မှာ မပေးလို့ မရဘဲ ခွင့်ပြုလိုက်ရတဲ့ ဂိုးနဲ့ စတင်ခဲ့ရတယ်။ ကျနေ်ာတို့က သတိရှိမနေခဲ့ဘူး။ ဖြတ်တင်ဘော လာတဲ့ချိန် ငိုက်မြည်းနေခဲ့ပြီး ရက်ဖို့ဒ် တိုက်စစ် ဆင်မှုကို ခွင့်ပြုခဲ့ကြတယ်။ ဧရိယာထဲကို သူရောက်လာပြီ ဆိုတာနဲ့ တားဆီးဖို့ ပိုခက်သွားတယ်။ သူက ပါးနပ်သူ ဖြစ်သလို ဘောလုံး ထိခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ ဂိုးမုဆိုး ဖြစ်တယ်။ ”

” ယူနိုက်တက်က ပထမ မိနစ် ၃၀ မှာ ပိုပြီး ထက်ထက်သန်သန် ရှိတယ် တွန်းတွန်းတိုက်တိုက် ကစားခဲ့တယ်။ သူတို့ နိုင်ပွဲရဖို့ ထိုက်တန် ပါတယ်။ သူတို့ အိမ်ကွင်းကို လာကစားကြရင် ယူနိုက်တက်က ပရိသတ်အားကိုလည်း အသုံးပြုမယ်ဆိုတာ ကျနော် သိတယ်။ သူတို့မှာ လူငယ် ကစားသမားတွေ အများအပြား ရှိပြီး ဒီလို အင်တိုက် အားတိုက် ကစားဖို့ အလိုရှိမယ်ဆိုတာလည်း သိခဲ့တယ်။ ကျနော့် အသင်းသားတွေကို ကြိုပြောခဲ့ပါတယ်။ ဒါပေမယ့် မတုန့်ပြန်နိုင်ခဲ့ကြဘူး။” လို့ ၎င်းက ဆိုပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲ နိုင်လိုက်တာကြောင့် အဆင့် ၆ နေရာထိ တက်လာခဲ့ပြီး စီးတီးနဲ့ ပွဲ မတိုင်ခင်မှာ အနည်းငယ် ဖိအား လျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi

ယူနိုက္တက္နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕ တေက်ာ့ျပန္ အိုးထရက္ဖို႔ဒ္ ပြဲကေတာ့ စပါးနဲ႕ အတူ အရွံဳးရလဒ္ ပိုင္ဆိုင္သြားခဲ့ပါတယ္။ ဆိုးရွားရဲ႕ ယူနိုက္တက္ဟာ ရက္ဖို႔ဒ္ရဲ႕ သြင္းဂိုး နွစ္ဂိုးနဲ႕ ၂-၁ ရလဒ္ျဖင့္ အနုိင္ရခဲ့ကာ ဖိအားမ်ားကို တြန္းလွန္နိုင္ခဲ့ပါတယ္။

ေမာ္ရင္ညိဳကေတာ့ ယူနိုက္တက္ရဲ႕ ခံစစ္ ကစားပံုက အသင္းၾကီးအသင္းေကာငး္ေတြနဲ႕ ရင္ဆုိင္ကစားရမွာ အလုပ္ျဖစ္တယ္လို႔ ဆိုလိုက္ျပီး ခံစစ္မွာ အထိုင္ခ်ျပီး ျပိဳင္ဘက္ကို ယွဥ္တာက ဒီရာသီ ထိပ္တန္းအသင္းေတြနဲ႔ ယွဥ္ျပိင္ရာမွာ အသာစီရေနေစတဲ့ အားသာခ်က္ျဖစ္တယ္လုိ႔ သံုးသပ္ခဲ့တယ္။ ယူႏုိက္တက္ဟာ ဒီရာသီမွာ ၾကီး ၆ ၾကီးထဲက တစ္သင္းကိုမွ အေရးမနိမ့္ထားတဲ့ အသင္းျဖစ္ပါတယ္။

ေတာ့တင္ဟမ္ စပါးအသင္းဟာ မိနစ္ ၉၀ ေတာက္ေလ်ာက္ ေဘာလံုးပိုင္ဆိုင္မႈ အသာရခဲ့ေသာ္လည္း ယူနိုက္တက္ရဲ႕ ေနရာယူမႈနဲ႕ ေကာင္တာ တိုက္စစ္ေၾကာင့္ ရုန္းကန္ခဲ့ရပါတယ္။ ေမာ္ရင္ညိဳက ယူနိုက္တက္ ခပ္ရိုးရိုးရွင္းရွင္း ခံစစ္ ကစားသြားခဲ့တာက ထိေရာက္ခဲ့တယ္လို႔ ပြဲအျပီးမွာ ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

” ယူနိုက္တက္က ဒီရာသီ အေကာင္းဆံုး ဆိုတဲ့အသင္းေတြနဲ႕ ရင္ဆုိင္ရမွာ ရလဒ္ေကာင္းေတြ ရထားတာပါ။ ခ်ယ္ဆီး၊ လီဗာပူး၊ လက္စတာ စသျဖင့္ေပါ့။ သူတို႔ ကစားပုံအရလည္း ပို လြယ္ကူေစခဲ့တယ္။ သူတို႔က ခံစစ္နဲ႕ ခ်ဥ္းကပ္ကစားဖို႔ ေၾကာက္ မေနေတာ့ဘူး။ ပိုေကာင္းတဲ့ အသင္းေတြနဲ႕ ရင္ဆိုင္ရာမွာ ဒါက အလုပ္ျဖစ္တယ္ေလ။ ေဘာလံုး ပိုင္ဆိုင္မႈ ပို လိုခ်င္တဲ့ အသင္းေတြနဲ႕ ဆိုရင္ေပါ့။ ” လို႔ ေမာ္ရင္ညိဳက ဆိုပါတယ္။

ရက္ဖို႔ဒ္ရဲ႕ ပထမဂိုးက ပင္နယ္တီဂိုး ျဖစ္ျပီး ဒုတိယဂိုးက ပြဲအေျခအေနကို ေျပာငး္လဲေစခဲ့ေၾကာင္း ေမာ္ရင္ညိဳက ဆိုခဲ့ပါေသးတယ္။

” ဒုတိယပိုင္းကို စတင္ခ်ိန္မွာ မေပးလို႔ မရဘဲ ခြင့္ျပဳလိုက္ရတဲ့ ဂိုးနဲ႕ စတင္ခဲ့ရတယ္။ က်ေန္ာတို႔က သတိရွိမေနခဲ့ဘူး။ ျဖတ္တင္ေဘာ လာတဲ့ခ်ိန္ ငိုက္ျမည္းေနခဲ့ျပီး ရက္ဖို႕ဒ္ တိုက္စစ္ ဆင္မႈကို ခြင့္ျပဳခဲ့ၾကတယ္။ ဧရိယာထဲကို သူေရာက္လာျပီ ဆိုတာနဲ႕ တားဆီးဖို႔ ပိုခက္သြားတယ္။ သူက ပါးနပ္သူ ျဖစ္သလို ေဘာလံုး ထိခြင့္ရဖို႔ ေစာင့္ဆိုင္းေနတဲ့ ဂိုးမုဆိုး ျဖစ္တယ္။ ”

” ယူနုိက္တက္က ပထမ မိနစ္ ၃၀ မွာ ပိုျပီး ထက္ထက္သန္သန္ ရွိတယ္ တြန္းတြန္းတိုက္တိုက္ ကစားခဲ့တယ္။ သူတို႔ နုိင္ပြဲရဖို႔ ထိုက္တန္ ပါတယ္။ သူတို႔ အိမ္ကြင္းကို လာကစားၾကရင္ ယူနိုက္တက္က ပရိသတ္အားကိုလည္း အသံုးျပဳမယ္ဆိုတာ က်ေနာ္ သိတယ္။ သူတုိ႔မွာ လူငယ္ ကစားသမားေတြ အမ်ားအျပား ရွိျပီး ဒီလို အင္တိုက္ အားတိုက္ ကစားဖို႔ အလိုရွိမယ္ဆိုတာလည္း သိခဲ့တယ္။ က်ေနာ့္ အသင္းသားေတြကို ၾကိဳေျပာခဲ့ပါတယ္။ ဒါေပမယ့္ မတုန္႔ျပန္နုိင္ခဲ့ၾကဘူး။” လို႔ ၄င္းက ဆိုပါတယ္။

ယူနိုက္တက္ဟာ ဒီပြဲ နုိင္လိုက္တာေၾကာင့္ အဆင့္ ၆ ေနရာထိ တက္လာခဲ့ျပီး စီးတီးနဲ႕ ပြဲ မတိုင္ခင္မွာ အနည္းငယ္ ဖိအား ေလ်ာ့နည္းသြားခဲ့ျပီ ျဖစ္ပါတယ္။