အာဆင်နယ်တိုက်စစ်မှူးဟောင်းကြီး အွန်နရီက ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့အတွက် လီဗာပူးအသင်း လုပ်နိုင်မယ်လို့ ယုံကြည်နေပြီး လက်ရှိ လီဗာပူးအသင်းဟာ မြင့်မားတဲ့ စိတ်ဓါတ်ခံယူချက်နဲ့အတူ အရမ်းကို ကြောက်စရာကောင်းနေပါပြီလို့ အဲဗာတန်ကို အနိုင်ယူတဲ့ပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

ပထမပိုင်းမှာတင် အဲဗာတန်ကို ၄ ဂိုးသွင်းခဲ့တဲ့ လီဗာပူးဟာ ပွဲကို မုန်တိုင်းတစ်ခုလို စတင်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ၅-၂ နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာတော့ ဂိုးအပြတ်ဆုံး မာဆေးဆိုဒ်ဒါဘီပွဲဖြစ်ခဲ့ကာ အမှတ်ပေးဇယားကိုလည်း ၈ မှတ်အသာနဲ့ ပြန်လည် ဦးဆောင်သွားပြီဖြစ်ပါတယ်။

လီဗာပူးရဲ့ စွမ်းဆောင်ရည်ကို တစ်ပွဲလုံး ချီးကျူးနေခဲ့တဲ့ အွန်နရီက ပွဲအပြီး အိုရီဂီရဲ့ အင်တာဗျူးကြောင့် လီဗာပူးဟာ အသင်းလိုက်စိတ်ဓါတ် ပြည့်ဝနေပြီး ဒီလိုအသင်းတစ်သင်းဟာ ရင်ဆိုင်ကစားရဖို့ သိပ်ခက်ခဲလွန်းတယ်လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

“ အခုချိန်မှာ အိုရီဂီ ဘယ်လောက်တောင် ရင့်ကျက်လာတယ်ဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ပွဲပြီးတော့ သူက အသင်း၊ အသင်းဖော်နဲ့ လူငယ်စတားတွေကိုပဲ အသားပေးပြောခဲ့တယ်။ သမိုင်းဝင်အနေအထားကို လုပ်နိုင်ခဲ့မှုအပေါ် မေးခွန်းတွေ မေးခံရတော့လည်း သူက အသင်း၊ အသင်းဖော်နဲ့ လူငယ်စတားတွေကိုပဲ ထပ်ပြီး အသားပေး ပြောခဲ့ပြန်ပါတယ်။

အချိန်တိုင်းမှာ ဒါက လီဗာပူးအသင်းသားတွေ ရင်ထဲမှာရှိနေတဲ့ စိတ်ဓါတ်ခံယူချက်ပါပဲ။ ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။ အသင်းတစ်သင်းက ဒီလို စိတ်ဓါတ်မျိုး ရှိနေပြီဆိုရင် ခင်ဗျားတို့ ရင်ဆိုင်ကစားဖို့ရာ ပြဿနာကြီးတွေ့ပါပြီ ” လို့ အွန်နရီက အသိအမှတ်ပြု ချီးကျူးခဲ့တာဖြစ်တယ်။

လီဗာပူးဟာ သီတင်းပတ် အကုန်မှာတော့ ဘုန်းမောက်နဲ့ အမှတ်ပေးပွဲ ကစားရမှာဖြစ်ပြီး အဆိုပါပွဲအပြီးမှာ အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲအတွက် ဆဲလ်ဘတ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္တိုက္စစ္မွဴးေဟာင္းၾကီး အြန္နရီက ပရီးမီးယားလိဂ္ကို စိန္ေခၚဖို႔အတြက္ လီဗာပူးအသင္း လုပ္ႏုိင္မယ္လို႔ ယံုၾကည္ေနျပီး လက္ရွိ လီဗာပူးအသင္းဟာ ျမင့္မားတဲ့ စိတ္ဓါတ္ခံယူခ်က္နဲ႔အတူ အရမ္းကို ေၾကာက္စရာေကာင္းေနပါျပီလို႔ အဲဗာတန္ကို အႏုိင္ယူတဲ့ပြဲမွာ ထုတ္ေျပာခဲ့ပါတယ္။

ပထမပိုင္းမွာတင္ အဲဗာတန္ကို ၄ ဂိုးသြင္းခဲ့တဲ့ လီဗာပူးဟာ ပြဲကို မုန္တိုင္းတစ္ခုလို စတင္ခဲ့တာျဖစ္ျပီး ပြဲအျပီးမွာေတာ့ ၅-၂ နဲ႔ အႏုိင္ရခဲ့တာျဖစ္တယ္။ ဒါဟာ ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ ဂိုးအျပတ္ဆံုး မာေဆးဆိုဒ္ဒါဘီပြဲျဖစ္ခဲ့ကာ အမွတ္ေပးဇယားကိုလည္း ၈ မွတ္အသာနဲ႔ ျပန္လည္ ဦးေဆာင္သြားျပီျဖစ္ပါတယ္။

လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ကို တစ္ပြဲလံုး ခ်ီးက်ဴးေနခဲ့တဲ့ အြန္နရီက ပြဲအျပီး အိုရီဂီရဲ႕ အင္တာဗ်ဴးေၾကာင့္ လီဗာပူးဟာ အသင္းလိုက္စိတ္ဓါတ္ ျပည့္ဝေနျပီး ဒီလိုအသင္းတစ္သင္းဟာ ရင္ဆိုင္ကစားရဖို႔ သိပ္ခက္ခဲလြန္းတယ္လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

“ အခုခ်ိန္မွာ အိုရီဂီ ဘယ္ေလာက္ေတာင္ ရင့္က်က္လာတယ္ဆိုတာ ခင္ဗ်ားတို႔ ျမင္ႏုိင္ပါတယ္။ ပြဲျပီးေတာ့ သူက အသင္း၊ အသင္းေဖာ္နဲ႔ လူငယ္စတားေတြကိုပဲ အသားေပးေျပာခဲ့တယ္။ သမိုင္းဝင္အေနအထားကို လုပ္ႏုိင္ခဲ့မႈအေပၚ ေမးခြန္းေတြ ေမးခံရေတာ့လည္း သူက အသင္း၊ အသင္းေဖာ္နဲ႔ လူငယ္စတားေတြကိုပဲ ထပ္ျပီး အသားေပး ေျပာခဲ့ျပန္ပါတယ္။

အခ်ိန္တိုင္းမွာ ဒါက လီဗာပူးအသင္းသားေတြ ရင္ထဲမွာရွိေနတဲ့ စိတ္ဓါတ္ခံယူခ်က္ပါပဲ။ ဒါက တကယ္ကို ေၾကာက္စရာေကာင္းတဲ့ စိတ္ဓါတ္ျဖစ္ပါတယ္။ အသင္းတစ္သင္းက ဒီလို စိတ္ဓါတ္မ်ိဳး ရွိေနျပီဆိုရင္ ခင္ဗ်ားတို႔ ရင္ဆုိင္ကစားဖို႔ရာ ျပႆနာၾကီးေတြ႔ပါျပီ ” လို႔ အြန္နရီက အသိအမွတ္ျပဳ ခ်ီးက်ဴးခဲ့တာျဖစ္တယ္။

လီဗာပူးဟာ သီတင္းပတ္ အကုန္မွာေတာ့ ဘုန္းေမာက္နဲ႔ အမွတ္ေပးပြဲ ကစားရမွာျဖစ္ျပီး အဆိုပါပြဲအျပီးမွာ အေရးပါတဲ့ ခ်န္ပီယံလိဂ္ပြဲအတြက္ ဆဲလ္ဘတ္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။