အင်္ဂလန်လက်ရွေးစင်ဟောင်း အဲဗာတန်နဲ့ စပါးကစားသမားဟောင်းလည်း ဖြစ်တဲ့ ဂယ်ရီ လင့်ကာက လီဗာပူးနဲ့ အဲဗာတန် မာဆေးဆိုဒ် ဒါဘီပွဲ အပြီးမှာ အဓိက တိုက်စစ်မှူးတွေ မပါဘဲတောင် ဂိုးတွေသွင်း နိုင်ပွဲ ယူနိုင်နေတဲ့ လီဗာပူးအသင်းက ဒီရာသီ အမှတ်ပေးချန်ပီယံဆုကို အရ ယူသွားလိမ့်မယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ယာဂင်ကလော့ပ်က ကြာသပတေးနေ့ မနက်အစောပိုင်းက အဲဗာတန်နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး မိုဆာလက်နဲ့ ဖာမီနိုတို့ မပါဝင်ဘဲ ပွဲထွက်လာခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာ ကလော့ပ်က ပွဲကြပ်တွေ မတိုင်ခင် အဓိက ကစားသမားတချို့ အနားပေးလိုပြီး လန်းဆန်းတဲ့ ကစာသမားတွေကို ထုတ်သုံးလိုတာကြောင့် ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

” ကျနော် ဒီ လူစာရင်းကို ကြိုက်ပါတယ်။ ဒီနေ့ အတွက် ဒီလိုင်းအပ်က အကောင်းဆုံး ဖြစ်တယ် ဒီပွဲက ခက်ခဲမယ်ဆိုတာ သိထားလို့ လန်းဆန်း နေတဲ့ ကစားသမားတွေ လိုအပ်တယ်။ ကျနေ်ာတို့ လုပ်နိုင်ပါတယ်။ ဒီကောင်လေးတွေ အတွက် လေးစားမှု ပြသရပါမယ်။ ” လို့ ကလော့ပ်က ဆိုပါတယ်။

ကလော့ပ်က ဒီဗော့ အိုရီဂီနဲ့ ရှာကွီရီတို့ကို ယုံကြည်မှု ထားကြောင်း ပြသခဲ့ပြီး ၎င်းတို့ နှစ်ဦးကလည်း အိုရီဂီက ၂ ဂိုး၊ ရှာကွီရီက ၁ ဂိုး အသင်းအတွက် သွင်းယူခဲ့ကြတာပါ။ ထိုပွဲ အပြီးမှာ ဂယ်ရီလင့်ကာက လီဗာပူးနဲ့ အမှတ်ပေးဖလား ခွဲပစ်ဖို့ ခက်ခဲသွားပြီလို့ တွစ်တာက ဆိုခဲ့ပါတယ်။

” လီဗာပူးက ဒဏ်ရာ ပြသနာတွေ ကြုံလာလည်း အဓိက တိုက်စစ်မှူးသုံးယောက်ထဲက တစ်ယောက်ယောက်ကို လက်လွှတ်ရရင်တောင် သူတို့ ဆက်လုပ်နိုင်တယ်ဆိုတာ ပြသနေတယ်။ ဒီရာသီ အမှတ်ပေးဖလား သူတို့ လက်ထဲက လွှတ်ဖို့ိုဆိုတာ တော်တော်ကို ခက်ခဲသွားပါပြီ။ ” လို့ လင့်ကာက ပြောဆိုထားခဲ့တာပါ။

လီဗာပူးအသင်းဟာ ပွဲကြပ်ကာလ ဒီဇင်ဘာလထဲ အဝင်မှာ ဒုတိယနေရာမှ လက်စတာထက် ၈ မှတ်ဖြတ်ကာ ပထမနေရာမှာ ရပ်တည်နေပြီး မြို့ခံ ပြိုင်ဘက် အဲဗာတန်ကို ကြယ်ပွင့် တိုက်စစ်မှူး နှစ်ဦး ပွဲမထွက်စေဘဲတောင် နိုင်ပွဲ ယူခဲ့တာ ဖြစ်ပါတယ်။

Zawgyi

အဂၤလန္လက္ေရြးစင္ေဟာင္း အဲဗာတန္နဲ႕ စပါးကစားသမားေဟာင္းလည္း ျဖစ္တဲ့ ဂယ္ရီ လင့္ကာက လီဗာပူးနဲ႕ အဲဗာတန္ မာေဆးဆိုဒ္ ဒါဘီပြဲ အျပီးမွာ အဓိက တိုက္စစ္မွဴးေတြ မပါဘဲေတာင္ ဂိုးေတြသြင္း နိုင္ပြဲ ယူနိုင္ေနတဲ့ လီဗာပူးအသင္းက ဒီရာသီ အမွတ္ေပးခ်န္ပီယံဆုကို အရ ယူသြားလိမ့္မယ္လို႔ ၀န္ခံေျပာဆိုလိုက္ပါတယ္။

ယာဂင္ကေလာ့ပ္က ၾကာသပေတးေန႔ မနက္အေစာပိုင္းက အဲဗာတန္နဲ႕ ပြဲစဥ္မွာ တိုက္စစ္မွဴး မိုဆာလက္နဲ႕ ဖာမီနိုတို႔ မပါ၀င္ဘဲ ပြဲထြက္လာခဲ့ပါတယ္။ ပြဲမတိုင္ခင္မွာ ကေလာ့ပ္က ပြဲၾကပ္ေတြ မတိုင္ခင္ အဓိက ကစားသမားတခ်ိဳ႕ အနားေပးလိုျပီး လန္းဆန္းတဲ့ ကစာသမားေတြကို ထုတ္သံုးလိုတာေၾကာင့္ ျဖစ္တယ္လို႔ ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ ဒီ လူစာရင္းကို ၾကိဳက္ပါတယ္။ ဒီေန႔ အတြက္ ဒီလိုင္းအပ္က အေကာင္းဆံုး ျဖစ္တယ္ ဒီပြဲက ခက္ခဲမယ္ဆိုတာ သိထားလုိ႔ လန္းဆန္း ေနတဲ့ ကစားသမားေတြ လိုအပ္တယ္။ က်ေန္ာတို႔ လုပ္နုိင္ပါတယ္။ ဒီေကာင္ေလးေတြ အတြက္ ေလးစားမႈ ျပသရပါမယ္။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။

ကေလာ့ပ္က ဒီေဗာ့ အိုရီဂီနဲ႕ ရွာကြီရီတို႔ကို ယံုၾကည္မႈ ထားေၾကာင္း ျပသခဲ့ျပီး ၄င္းတို႔ နွစ္ဦးကလည္း အိုရီဂီက ၂ ဂိုး၊ ရွာကြီရီက ၁ ဂိုး အသင္းအတြက္ သြင္းယူခဲ့ၾကတာပါ။ ထိုပြဲ အျပီးမွာ ဂယ္ရီလင့္ကာက လီဗာပူးနဲ႕ အမွတ္ေပးဖလား ခြဲပစ္ဖို႔ ခက္ခဲသြားျပီလို႔ တြစ္တာက ဆိုခဲ့ပါတယ္။

” လီဗာပူးက ဒဏ္ရာ ျပသနာေတြ ၾကံဳလာလည္း အဓိက တိုက္စစ္မွဴးသံုးေယာက္ထဲက တစ္ေယာက္ေယာက္ကို လက္လႊတ္ရရင္ေတာင္ သူတို႔ ဆက္လုပ္နုိင္တယ္ဆိုတာ ျပသေနတယ္။ ဒီရာသီ အမွတ္ေပးဖလား သူတို႔ လက္ထဲက လႊတ္ဖို႔ိုဆိုတာ ေတာ္ေတာ္ကို ခက္ခဲသြားပါျပီ။ ” လို႔ လင့္ကာက ေျပာဆိုထားခဲ့တာပါ။

လီဗာပူးအသင္းဟာ ပြဲၾကပ္ကာလ ဒီဇင္ဘာလထဲ အ၀င္မွာ ဒုတိယေနရာမွ လက္စတာထက္ ၈ မွတ္ျဖတ္ကာ ပထမေနရာမွာ ရပ္တည္ေနျပီး ျမိဳ႕ခံ ျပိဳင္ဘက္ အဲဗာတန္ကို ၾကယ္ပြင့္ တိုက္စစ္မွဴး နွစ္ဦး ပြဲမထြက္ေစဘဲေတာင္ နုိင္ပြဲ ယူခဲ့တာ ျဖစ္ပါတယ္။