ဒီအပတ်မှ ဘလွန်းဒီအော့ဆုကို ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆုရှင် လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ကျော်လွန်ပြီး အနိုင်ရခဲ့တဲ့ မက်ဆီဟာ ရာသီစတုန်းကပဲ ဖီဖာ ကမ္ဘာအကောင်းဆုံးဆုမှာလည်း ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး အနိုင်ရထားခဲ့တာဖြစ်တယ်။

ဒါပေမယ့်လို့ မက်ဆီဟာ လီဗာပူးအသင်းသားတစ်ဦးက ကမ္ဘာအကောင်းဆုံး ကစားသမားလို့ ယူဆခဲ့သူဖြစ်တယ်။ ဖီဖာက ကြီးမှုပေးအပ်သော ၂၀၁၉ ခုနှစ် ကမ္ဘာအကောင်းဆုံး ကစားသမားဆုအတွက် သူ့ရဲ့မဲကိုတော့ လီဗာပူးအသင်းမှ မာနေးကို ထိပ်ဆုံးထားကာ ရော်နယ်ဒို၊ ဒီဂျောင်းတို့အား အစဉ်လိုက် ရွေးချယ်ပေးခဲ့တာလည်းဖြစ်တယ်။

မာနေးဟာ ဘလွန်းဒီအော့ဆုအတွက်လည်း စတုတ္ထနေရာက ရွေးချယ်ခံခဲ့ရပြီး မက်ဆီ၊ ရော်နယ်ဒိုတို့နောက် အကောင်းဆုံး တိုက်စစ်သမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်တယ်။ ဒီရာသီမှာ မာနေးပြသနေတဲ့ တိုက်စစ်ခြေစွမ်းတွေက မက်ဆီရဲ့ လီဗာပူးတိုက်စစ်သမားကို အကဲဖြတ်မှု မှန်ကန်တယ်ဆိုတာ ပြသမှုဖြစ်ပြီး လာမယ့်ရာသီမှာတော့ ကမ္ဘာအကောင်းဆုံးဆုတွေအတွက် ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ မာနေးနဲ့ ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။

ဒီရာသီ လီဗာပူးရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ မာနေးဟာ ဒီရာသီ သူ့ရဲ့ ၁၃ ဂိုးမြောက်နဲ့ ၂၀၁၉ ခုနှစ်အတွက် ဂိုး ၃၀ မြောက် သွင်းဂိုးကို မာဆေးဆိုဒ်ဒါဘီမှာ ရယူသွားခဲ့တာဖြစ်တယ်။ ကောင်တာတိုက်စစ်ကနေ ထရန့်ရဲ့ ပေးမှုကို သူအဆုံးသတ်မှု မတိုင်ခင်မှာ အသင်းဖော် အိုရီဂီနဲ့ ရှာကွီရီတို့ရဲ့ သွင်းဂိုးတွေအတွက်လည်း ထူးချွန်တဲ့ ဂိုးထေက်ပံ့မှုတွေ လုပ်ပေးခဲ့သေးတာဖြစ်ပါတယ်။

ဒါဘီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မာနေးဟာ လီဗာပူးအတွက် ၁၇၄ ပွဲ ပွဲထွက်ပေးအပြီးမှာ ကိုယ်တိုင် ၇၄ ဂိုး၊ ဂိုးထောက်ပံ့မှု ၂၆ ကြိမ် ပြုလုပ်ကာ သွင်းဂိုး ၁၀၀ အတွက် ပါဝင်ထားခဲ့ပါပြီ။ သူဟာ ထူးချွန်တိုက်စစ်သမားတွေ ပိုင်ဆိုင်တဲ့ အရှိန်၊ စွမ်းရည်၊ ဂိုးသွင်းနိုင်စွမ်း၊ ဘောလုံးအမြင်နဲ့ သန်မာမှုတွေ အားလုံးပိုင်ဆိုင်ထားသူဖြစ်တယ်။

မာနေးကပဲ ဒီနှစ်ရဲ့ ဘလွန်းဒီအော့ဆုရှင်ကို ရွေးချယ်မှု မတိုင်ခင်မှာ အဲဗာတန်နဲ့ပွဲအတွက် ပြင်ဆင်ရမှာဖြစ်လို့ ဆုပေးပွဲကို မတက်နိုင်ပေမယ့် အကောင်းဆုံးဆုရမယ့်သူကို ကြိုတင် ဂုဏ်ပြုပါကြောင်းနဲ့ လာမယ့်ရာသီမှာ အဆိုပါဆုအတွက် ပြိုင်ဆိုင်ဖို့ ကြိုးစားနေမှာဖြစ်ကြောင်း အကြောင်းကြားမှု လုပ်ခဲ့သေးတာဖြစ်တယ်။

ဒီရာသီ အမှတ်ပေးလိဂ်ကို ဦးဆောင်ထားပြီး ချန်ပီယံလိဂ်မှာလည်း ရံှူးထွက်အဆင့်ကို တက်ရောက်ဖို့ တစ်လှမ်းအကွာ ရောက်နေတဲ့ လီဗာပူးအတွက် မာနေးက အကောင်းဆုံး ကစားသမားဖြစ်နေကာ ဒီခြေစွမ်းနဲ့ ရလဒ်တွေကို ဆက်ထိန်းနိုင်မယ့်ဆိုရင် လာမယ့်ရာသီ အကောင်းဆုံးဆုတွေအတွက် မက်ဆီနဲ့ အခြားသော ပုဂ္ဂိုလ်တွေရဲ့ မဲတွေက မာနေးထံကို ရောက်လာဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွ ဘလြန္းဒီေအာ့ဆုကို ယူအီးအက္ဖ္ေအ အေကာင္းဆံုးကစားသမားဆုရွင္ လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ကို ေက်ာ္လြန္ျပီး အႏုိင္ရခဲ့တဲ့ မက္ဆီဟာ ရာသီစတုန္းကပဲ ဖီဖာ ကမၻာအေကာင္းဆံုးဆုမွာလည္း ဗန္ဒိုက္ကို ေက်ာ္ျဖတ္ျပီး အႏုိင္ရထားခဲ့တာျဖစ္တယ္။

ဒါေပမယ့္လို႔ မက္ဆီဟာ လီဗာပူးအသင္းသားတစ္ဦးက ကမၻာအေကာင္းဆံုး ကစားသမားလို႔ ယူဆခဲ့သူျဖစ္တယ္။ ဖီဖာက ၾကီးမႈေပးအပ္ေသာ ၂၀၁၉ ခုႏွစ္ ကမၻာအေကာင္းဆံုး ကစားသမားဆုအတြက္ သူ႔ရဲ႕မဲကိုေတာ့ လီဗာပူးအသင္းမွ မာေနးကို ထိပ္ဆံုးထားကာ ေရာ္နယ္ဒို၊ ဒီေဂ်ာင္းတို႔အား အစဥ္လိုက္ ေရြးခ်ယ္ေပးခဲ့တာလည္းျဖစ္တယ္။

မာေနးဟာ ဘလြန္းဒီေအာ့ဆုအတြက္လည္း စတုတၳေနရာက ေရြးခ်ယ္ခံခဲ့ရျပီး မက္ဆီ၊ ေရာ္နယ္ဒိုတို႔ေနာက္ အေကာင္းဆံုး တိုက္စစ္သမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာျဖစ္တယ္။ ဒီရာသီမွာ မာေနးျပသေနတဲ့ တိုက္စစ္ေျခစြမ္းေတြက မက္ဆီရဲ႕ လီဗာပူးတိုက္စစ္သမားကို အကဲျဖတ္မႈ မွန္ကန္တယ္ဆိုတာ ျပသမႈျဖစ္ျပီး လာမယ့္ရာသီမွာေတာ့ ကမၻာအေကာင္းဆံုးဆုေတြအတြက္ ဘာစီလိုနာအသင္းေခါင္းေဆာင္ဟာ မာေနးနဲ႔ ယွဥ္ျပိဳင္ရဖြယ္ ရွိပါတယ္။

ဒီရာသီ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုးနဲ႔ အေကာင္းဆံုး ကစားသမားျဖစ္တဲ့ မာေနးဟာ ဒီရာသီ သူ႔ရဲ႕ ၁၃ ဂိုးေျမာက္နဲ႔ ၂၀၁၉ ခုႏွစ္အတြက္ ဂိုး ၃၀ ေျမာက္ သြင္းဂိုးကို မာေဆးဆိုဒ္ဒါဘီမွာ ရယူသြားခဲ့တာျဖစ္တယ္။ ေကာင္တာတိုက္စစ္ကေန ထရန္႔ရဲ႕ ေပးမႈကို သူအဆံုးသတ္မႈ မတိုင္ခင္မွာ အသင္းေဖာ္ အိုရီဂီနဲ႔ ရွာကီြရီတုိ႔ရဲ႕ သြင္းဂိုးေတြအတြက္လည္း ထူးခၽြန္တဲ့ ဂိုးေထက္ပံ့မႈေတြ လုပ္ေပးခဲ့ေသးတာျဖစ္ပါတယ္။

ဒါဘီပြဲမွာ ဂိုးသြင္းႏုိင္ခဲ့တဲ့ မာေနးဟာ လီဗာပူးအတြက္ ၁၇၄ ပြဲ ပြဲထြက္ေပးအျပီးမွာ ကိုယ္တိုင္ ၇၄ ဂိုး၊ ဂိုးေထာက္ပံ့မႈ ၂၆ ၾကိမ္ ျပဳလုပ္ကာ သြင္းဂိုး ၁၀၀ အတြက္ ပါဝင္ထားခဲ့ပါျပီ။ သူဟာ ထူးခၽြန္တိုက္စစ္သမားေတြ ပိုင္ဆုိင္တဲ့ အရွိန္၊ စြမ္းရည္၊ ဂိုးသြင္းႏုိင္စြမ္း၊ ေဘာလံုးအျမင္နဲ႔ သန္မာမႈေတြ အားလုံးပိုင္ဆုိင္ထားသူျဖစ္တယ္။

မာေနးကပဲ ဒီႏွစ္ရဲ႕ ဘလြန္းဒီေအာ့ဆုရွင္ကို ေရြးခ်ယ္မႈ မတိုင္ခင္မွာ အဲဗာတန္နဲ႔ပြဲအတြက္ ျပင္ဆင္ရမွာျဖစ္လို႔ ဆုေပးပြဲကို မတက္ႏုိင္ေပမယ့္ အေကာင္းဆံုးဆုရမယ့္သူကို ၾကိဳတင္ ဂုဏ္ျပဳပါေၾကာင္းနဲ႔ လာမယ့္ရာသီမွာ အဆိုပါဆုအတြက္ ျပိဳင္ဆိုင္ဖို႔ ၾကိဳးစားေနမွာျဖစ္ေၾကာင္း အေၾကာင္းၾကားမႈ လုပ္ခဲ့ေသးတာျဖစ္တယ္။

ဒီရာသီ အမွတ္ေပးလိဂ္ကို ဦးေဆာင္ထားျပီး ခ်န္ပီယံလိဂ္မွာလည္း ရံွဴးထြက္အဆင့္ကို တက္ေရာက္ဖို႔ တစ္လွမ္းအကြာ ေရာက္ေနတဲ့ လီဗာပူးအတြက္ မာေနးက အေကာင္းဆံုး ကစားသမားျဖစ္ေနကာ ဒီေျခစြမ္းနဲ႔ ရလဒ္ေတြကို ဆက္ထိန္းႏုိင္မယ့္ဆိုရင္ လာမယ့္ရာသီ အေကာင္းဆံုးဆုေတြအတြက္ မက္ဆီနဲ႔ အျခားေသာ ပုဂၢိဳလ္ေတြရဲ႕ မဲေတြက မာေနးထံကို ေရာက္လာဖို႔ ရွိေနတာျဖစ္ပါတယ္။