လီဗာပူးအသင်းဟာ ဒီလထဲ ကာတာမှာ ပြုလုပ်မယ့် ဖီဖာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ၂၃ ယောက် လူစာရင်းကို ယနေ့ပဲ အတည်ပြု ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို လီဗာပူးက ဥရောပ ချန်ပီယံ အဖြစ် ဆီမီးဖိုင်နယ် အဆင့်က ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဗိုလ်လုပွဲထိ တက်ရောက်ရင် ၂ ပွဲ ကစားရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ ဆီမီးဖိုင်နယ်ပွဲ ဖြစ်ပြီး ၂၁ ရက် စနေနေ့မှာတော့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။ လီဗာပူးအသင်းဟာ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ပြည်တွင်းမှာလည်း အက်စတွန်ဗီလာနဲ့ ကာရာဘောင်းဖလားပွဲ ကွာတားဖိုင်နယ်ကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်လို့ ပြိုင်ပွဲ နှစ်ရပ် အတွက် လူစာရင်း ၂ သင်းစာ ခွဲ ယှဉ်ပြိုင်မှာပါ။

ဖီဖာ ကမ္ဘာ့ဖလားပွဲ ကို ပို အဓိက ထား ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် ကလော့ပ်က သူ့နည်းပြ အဖွဲ့ဝင်တွေ အကုန် ကာတာကို ခေါ်ဆောင်သွားမှာ ဖြစ်ပြီး လီဗာပူး U23 နည်းပြ နေးလ် ခရစ်ချ်လေက အင်္ဂလန်မှာ ကာရာဘောင်းဖလားပွဲ အတွက် နည်းပြ အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။ ကလော့ပ်က သူ့ရဲ့ စီနီယာအသင်းမှ အဓိက ကစားသမား အကုန်နီးပါး ကာတာသို့ ခေါ်သွားမှာပါ။

ဂျိုဝဲလ် မာတစ်နဲ့ ဖာဘင်ညိုတို့ကတော့ ဒဏ်ရာ ကိုယ်စီရှိနေတာကြောင့် ကာတာသို့ လိုက်ပါမသွားဘဲ ပြန်လည် ထူထောင်ရေးအတွက် လေ့ကျင့်နေခဲ့ကြမှာ ဖြစ်ပါတယ်။ ကာတာသို့ လိုက်ပါသွားမယ့် ၂၃ ယောက် လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ဝိုက်နယ်ဒန်၊ လိုဗရန်၊ မေနာ၊ ကိတ်တာ၊ ဖာမီနို၊ မာနေး၊ ဆာလက်၊ ဂိုမက်ဇ်၊ အက်ဒရီယန်၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ လယ်လာနာ၊ လိုနာဂန်၊ ရှာကွီရီ၊ ဘရူစတား၊ ရော်ဘတ်ဆန်၊ အိုရီဂီ၊ ဂျုံးစ်၊ ထရန့် အလက်ဇန်းဒါးအာနိုး၊ အီလီယော့၊ ဝီလီယံတို့ ဖြစ်ပါတယ်။

ထို လူစာရင်းမှ ဒဏ်ရာရသော်လည်းကောင်း ဖျားနာသော်လည်းကောင်း ကစားသမားများ မပါဝင်နိုင်ပါက ပွဲစဉ်မတိုင်ခင် ၂၄ နာရီ အလိုမှာ အစားထိုး လဲလှယ်နိုင်ပါသေးတယ်။ ကလော့ပ်ကတော့ အင်အားအပြည့်နဲ့ အရှေ့အလယ်ပိုင်းသို့ ခရီးထွက်မှာ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ဒီလထဲ ကာတာမွာ ျပဳလုပ္မယ့္ ဖီဖာ ကလပ္အသင္းမ်ား ကမၻာ့ဖလားပြဲ ၀င္ေရာက္ ယွဥ္ျပိဳင္မယ့္ ၂၃ ေယာက္ လူစာရင္းကို ယေန႔ပဲ အတည္ျပဳ ထုတ္ျပန္ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။ ဒီျပိဳင္ပြဲကို လီဗာပူးက ဥေရာပ ခ်န္ပီယံ အျဖစ္ ဆီမီးဖိုင္နယ္ အဆင့္က ၀င္ေရာက္ ယွဥ္ျပိဳင္ရမွာ ျဖစ္ျပီး ဗိုလ္လုပြဲထိ တက္ေရာက္ရင္ ၂ ပြဲ ကစားရမွာ ျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၈ ရက္ ဗုဒၶဟူးေန႔မွာ ဆီမီးဖိုင္နယ္ပြဲ ျဖစ္ျပီး ၂၁ ရက္ စေနေန႔မွာေတာ့ ဗိုလ္လုပြဲ ယွဥ္ျပိဳင္ရမွာပါ။ လီဗာပူးအသင္းဟာ ၁၈ ရက္ေန႔ မနက္အေစာပိုင္းမွာ ျပည္တြင္းမွာလည္း အက္စတြန္ဗီလာနဲ႕ ကာရာေဘာင္းဖလားပြဲ ကြာတားဖိုင္နယ္ကို အေ၀းကြင္းမွာ သြားေရာက္ ကစားရမွာ ျဖစ္လို႔ ျပိဳင္ပြဲ နွစ္ရပ္ အတြက္ လူစာရင္း ၂ သင္းစာ ခြဲ ယွဥ္ျပိဳင္မွာပါ။

ဖီဖာ ကမၻာ့ဖလားပြဲ ကို ပို အဓိက ထား ယွဥ္ျပိဳင္မွာ ျဖစ္တာေၾကာင့္ ကေလာ့ပ္က သူ႔နည္းျပ အဖြဲ႕၀င္ေတြ အကုန္ ကာတာကို ေခၚေဆာင္သြားမွာ ျဖစ္ျပီး လီဗာပူး U23 နည္းျပ ေနးလ္ ခရစ္ခ်္ေလက အဂၤလန္မွာ ကာရာေဘာင္းဖလားပြဲ အတြက္ နည္းျပ အျဖစ္ တာ၀န္ယူမွာ ျဖစ္ပါတယ္။ ကေလာ့ပ္က သူ႔ရဲ႕ စီနီယာအသင္းမွ အဓိက ကစားသမား အကုန္နီးပါး ကာတာသို႔ ေခၚသြားမွာပါ။

ဂ်ိဳ၀ဲလ္ မာတစ္နဲ႕ ဖာဘင္ညိဳတို႔ကေတာ့ ဒဏ္ရာ ကိုယ္စီရွိေနတာေၾကာင့္ ကာတာသို႔ လိုက္ပါမသြားဘဲ ျပန္လည္ ထူေထာင္ေရးအတြက္ ေလ့က်င့္ေနခဲ့ၾကမွာ ျဖစ္ပါတယ္။ ကာတာသို႔ လိုက္ပါသြားမယ့္ ၂၃ ေယာက္ လူစာရင္းက ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

အယ္လစ္ဆန္၊ ဗန္ဒိုက္၊ ၀ိုက္နယ္ဒန္၊ လိုဗရန္၊ ေမနာ၊ ကိတ္တာ၊ ဖာမီနို၊ မာေနး၊ ဆာလက္၊ ဂိုမက္ဇ္၊ အက္ဒရီယန္၊ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္၊ လယ္လာနာ၊ လိုနာဂန္၊ ရွာကြီရီ၊ ဘရူစတား၊ ေရာ္ဘတ္ဆန္၊ အိုရီဂီ၊ ဂ်ံဳးစ္၊ ထရန္႔ အလက္ဇန္းဒါးအာနိုး၊ အီလီေယာ့၊ ၀ီလိီယံတို႔ ျဖစ္ပါတယ္။

ထို လူစာရင္းမွ ဒဏ္ရာရေသာ္လည္းေကာင္း ဖ်ားနာေသာ္လည္းေကာင္း ကစားသမားမ်ား မပါ၀င္နုိင္ပါက ပြဲစဥ္မတိုင္ခင္ ၂၄ နာရီ အလိုမွာ အစားထိုး လဲလွယ္နိုင္ပါေသးတယ္။ ကေလာ့ပ္ကေတာ့ အင္အားအျပည့္နဲ႕ အေရွ႕အလယ္ပိုင္းသို႔ ခရီးထြက္မွာ ျဖစ္ပါတယ္။