လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က သူဟာ ဖာမီနို၊ မာနေး၊ ဆာလက်တို့ အရင်ရာသီတွေလို အတူတကွ ဂိုးမသွင်းပြနိုင်တာကို မစိုးရိမ်ဘူးလို့ အဲဗာတန်ပွဲမှာ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်တွဲလုံးဟာ ဒီရာသီမှာ သွင်းဂိုးနှုန်း ကျနေတာဖြစ်တယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ကက ဆဲဟက်ပက်ခ်မှာ ၂-၁ နဲ့ နိုင်ခဲ့စဉ်က ဖာမီနိုရဲ့ အနိုင်ဂိုးဟာ ၂ လအတွင်း သူ့ရဲ့ ပထမဆုံးဂိုး ဖြစ်ခဲ့ပြီး ဘရာဇီးသားဟာ ဒီရာသီ အန်ဖီးကွင်မှာ ဂိုးမသွင်းနိုင်သေးတာလဲ ဖြစ်ပါတယ်။ မာနေးနဲ့ဆာလက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၉ ဂိုးနဲ့ ၆ ဂိုးစီ သွင်းယူထားပြီး နှစ်ဦးပေါင်း သွင်းဂိုးဟာ လက်စတာစီးတီး တိုက်စစ်မှူး ဗာဒီထက် တစ်ဂိုးသာ ပိုများတာလဲ ဖြစ်ပါတယ်။

လီဗာပူး တိုက်စစ်သုံးယောက်ပေါင်းဟာ အန်ဖီးမှာ ရှိစဉ်အတွင်း ၁၈၃ ဂိုး ရရှိထားပေမယ့် အဲဗာတန်နဲ့ပွဲမှာ ပွဲကြပ်အတွင်း အနားပေးဖို့ လိုအပ်တာကြောင့် သူတို့ တိုက်စစ်သုံးယောက်တွဲကို ပွဲထွက်ခွင့်မပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအနေအထားကို ကလော့ပ်က ငြင်းဆန်လိုက်ပြီး လီဗာပူးမှာ ဘယ်သူဂိုးသွင်းတယ်ဆိုတာ မစိုးရိမ်ပဲ အသင်းအနေနဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်တာကိုသာ စိုးရိမ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒါတွေကို ကျနော် မစိုးရိမ်ပါဘူး၊ ခင်ဗျားတို့ ဂျာနယ်လစ်တွေက ကျနော့်ကို ဒီအရာတွေနဲ့ ပတ်သက်ပြီး အမြဲမေးတယ်။ ကျနော်က ဂိုးတွေကို မရေတွက်ဘူး။ ကိန်းဂဏန်းတွေကို မကြည့်ဘူး။ ဗာဒီက ထူးခြားတဲ့ တိုက်စစ်မှူးပါ။ ဒါပေမယ့် သူက အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ နားရပြီး နိုင်ငံတကာပွဲတွေကို ဆိုဖာပေါ်ကနေ ထိုင်ကြည့်နေရတာလေ။ ဒါကြောင့် နှိုင်းယှဉ်လို့မရပါဘူး။

သူတို့မှာရှိတဲ့ အရည်အသွေးတွေနဲ့အတူ ဗာဒီက လက်စတာစီးတီးအတွက် အတော်လေး အကျိုးရှိပါတယ်။ ဟုတ်ပါတယ်၊ ကျနော်တို့ ဂိုးတွေသွင်းဖို့လိုတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ဗန်ဒိုက်နဲ့အတူ တည်ကန်ဘောတွေ ရရှိပြီးနောက် နှစ်ဂိုးရရှိခဲ့တာကို ကျနော် လုံးဝ ကျေနပ်ပါတယ်။ ကျနော်တို့အနေနဲ့ မယုံနိုင်လောက်တဲ့ ပွဲအချို့ ကစားခဲ့တဲ့အချိန် ပွဲအစောပိုင်းလောက်မှာ ဂိုးအများကြီး ပိုသွင်းနိုင်ခဲ့တယ်။ ဒါကို တစ်ပွဲလုံး မထိန်းသိမ်းနို င်ခဲ့ဘူး။ ဒါပေမယ့် အခွင့်အရေးကောင်းတွေတော့ ဖန်တီးနိုင်နေဆဲပါ။

ကျနော်တို့ အခွင့်အရေးတွေ ထပ်မဖန်တီးနိုင်တဲ့အခါမှာပဲ ကျနော် စိုးရိမ်တယ်။ အဲ့ဒီ့အချိန်မှာ စပြီးစဉ်းစားရတော့မယ်လေ။ ပွဲတချို့မှာ ကျနော်တို့ ပိုကောင်းကောင်း ကစားနိုင်ခဲ့သင့်တယ်ဆိုတာ သိပါတယ်။ အဲ့ဒါမျိုးကျရင် ဘာကြောင့်လဲဆိုတာကို စဉ်းစားဖို့ လိုလာတယ်။ နောက်တပွဲကစားရဖို့ရှိနေတဲ့အခါ တအားကြီး အပင်ပန်းမခံတာက ကောင်းပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဦးနှောက်သုံးဖို့လဲ လိုတာပေါ့။

စီးတီးနဲ့လက်စတာ နှစ်သင်းလုံးဟာ ဂိုးပြတ်တွေ နိုင်ထားကြတယ် (စီးတီး ၈-၀ ဝက်ဖို့ဒ်၊ လက်စတာ ၉-၀ ဆောက်သမ်တန်)။ သွင်းဂိုးနှုန်းမှာတော့ ကျနေ်ာတို့ အများကြီး ကွာတာတော့ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ ဂိုးကွာခြားချက်က ကောင်းပါတယ်၊ ဒါအတွက်လဲ တကယ်ကျေနပ်ပါတယ်၊ အရေးအကြီးဆုံး အရာက ပွဲတွေအနိုင်ရဖို့ပါ။ ဘယ်သူဂိုးသွင်းသွင်း ဂရုမစိုက်ပါဘူး” လို့ ကလော့ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က သူဟာ ဖာမီႏို၊ မာေနး၊ ဆာလက္တို႔ အရင္ရာသီေတြလို အတူတကြ ဂိုးမသြင္းျပႏိုင္တာကို မစိုးရိမ္ဘူးလို႔ အဲဗာတန္ပြဲမွာ ေျပာဆိုလိုက္ပါတယ္။ ပရီးမီးယားလိဂ္ နာမည္ေက်ာ္ တုိက္စစ္တြဲလံုးဟာ ဒီရာသီမွာ သြင္းဂိုးႏႈန္း က်ေနတာျဖစ္တယ္။

ႏိုဝင္ဘာ ၂၃ ရက္ေန႔ကက ဆဲဟက္ပက္ခ္မွာ ၂-၁ နဲ႔ ႏိုင္ခဲ့စဥ္က ဖာမီႏိုရဲ႕ အႏိုင္ဂိုးဟာ ၂ လအတြင္း သူ႔ရဲ႕ ပထမဆုံးဂိုး ျဖစ္ခဲ့ၿပီး ဘရာဇီးသားဟာ ဒီရာသီ အန္ဖီးကြင္မွာ ဂိုးမသြင္းႏိုင္ေသးတာလဲ ျဖစ္ပါတယ္။ မာေနးနဲ႔ဆာလက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၉ ဂိုးနဲ႔ ၆ ဂိုးစီ သြင္းယူထားၿပီး ႏွစ္ဦးေပါင္း သြင္းဂိုးဟာ လက္စတာစီးတီး တိုက္စစ္မႉး ဗာဒီထက္ တစ္ဂိုးသာ ပိုမ်ားတာလဲ ျဖစ္ပါတယ္။

လီဗာပူး တိုက္စစ္သုံးေယာက္ေပါင္းဟာ အန္ဖီးမွာ ရွိစဥ္အတြင္း ၁၈၃ ဂိုး ရရွိထားေပမယ့္ အဲဗာတန္နဲ႔ပြဲမွာ ပြဲၾကပ္အတြင္း အနားေပးဖို႔ လိုအပ္တာေၾကာင့္ သူတို႔ တိုက္စစ္သုံးေယာက္တြဲကို ပြဲထြက္ခြင့္မေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီအေနအထားကို ကေလာ့ပ္က ျငင္းဆန္လိုက္ျပီး လီဗာပူးမွာ ဘယ္သူဂိုးသြင္းတယ္ဆိုတာ မစိုးရိမ္ပဲ အသင္းအေနနဲ႔ အခြင့္အေရးေတြ မဖန္တီးႏိုင္တာကိုသာ စိုးရိမ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ဒါေတြကို က်ေနာ္ မစိုးရိမ္ပါဘူး၊ ခင္ဗ်ားတို႔ ဂ်ာနယ္လစ္ေတြက က်ေနာ့္ကို ဒီအရာေတြနဲ႔ ပတ္သက္ၿပီး အၿမဲေမးတယ္။ က်ေနာ္က ဂိုးေတြကို မေရတြက္ဘူး။ ကိန္းဂဏန္းေတြကို မၾကည့္ဘူး။ ဗာဒီက ထူးျခားတဲ့ တိုက္စစ္မႉးပါ။ ဒါေပမယ့္ သူက အဂၤါနဲ႔ ဗုဒၶဟူးေန႔ေတြမွာ နားရၿပီး ႏိုင္ငံတကာပြဲေတြကို ဆိုဖာေပၚကေန ထိုင္ၾကည့္ေနရတာေလ။ ဒါေၾကာင့္ ႏႈိင္းယွဥ္လို႔မရပါဘူး။

သူတို႔မွာရွိတဲ့ အရည္အေသြးေတြနဲ႔အတူ ဗာဒီက လက္စတာစီးတီးအတြက္ အေတာ္ေလး အက်ိဳးရွိပါတယ္။ ဟုတ္ပါတယ္၊ က်ေနာ္တို႔ ဂိုးေတြသြင္းဖို႔လိုတယ္။ ဘ႐ိုက္တန္နဲ႔ပြဲမွာ ဗန္ဒိုက္နဲ႔အတူ တည္ကန္ေဘာေတြ ရရွိၿပီးေနာက္ ႏွစ္ဂိုးရရွိခဲ့တာကို က်ေနာ္ လုံးဝ ေက်နပ္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ မယုံႏိုင္ေလာက္တဲ့ ပြဲအခ်ိဳ႕ ကစားခဲ့တဲ့အခ်ိန္ ပြဲအေစာပိုင္းေလာက္မွာ ဂိုးအမ်ားႀကီး ပိုသြင္းႏိုင္ခဲ့တယ္။ ဒါကို တစ္ပြဲလုံး မထိန္းသိမ္းႏို င္ခဲ့ဘူး။ ဒါေပမယ့္ အခြင့္အေရးေကာင္းေတြေတာ့ ဖန္တီးႏိုင္ေနဆဲပါ။

က်ေနာ္တို႔ အခြင့္အေရးေတြ ထပ္မဖန္တီးႏိုင္တဲ့အခါမွာပဲ က်ေနာ္ စိုးရိမ္တယ္။ အဲ့ဒီ့အခ်ိန္မွာ စၿပီးစဥ္းစားရေတာ့မယ္ေလ။ ပြဲတခ်ိဳ႕မွာ က်ေနာ္တို႔ ပိုေကာင္းေကာင္း ကစားႏိုင္ခဲ့သင့္တယ္ဆိုတာ သိပါတယ္။ အဲ့ဒါမ်ိဳးက်ရင္ ဘာေၾကာင့္လဲဆိုတာကို စဥ္းစားဖို႔ လိုလာတယ္။ ေနာက္တပြဲကစားရဖို႔ရွိေနတဲ့အခါ တအားႀကီး အပင္ပန္းမခံတာက ေကာင္းပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ အေနနဲ႔ ဦးေႏွာက္သုံးဖို႔လဲ လိုတာေပါ့။

စီးတီးနဲ႔လက္စတာ ႏွစ္သင္းလုံးဟာ ဂိုးျပတ္ေတြ ႏိုင္ထားၾကတယ္ (စီးတီး ၈-၀ ဝက္ဖို႔ဒ္၊ လက္စတာ ၉-၀ ေဆာက္သမ္တန္)။ သြင္းဂိုးႏႈန္းမွာေတာ့ က်ေန္ာတို႔ အမ်ားႀကီး ကြာတာေတာ့ မဟုတ္ပါဘူး၊ က်ေနာ္တို႔ရဲ႕ ဂိုးကြာျခားခ်က္က ေကာင္းပါတယ္၊ ဒါအတြက္လဲ တကယ္ေက်နပ္ပါတယ္၊ အေရးအႀကီးဆုံး အရာက ပြဲေတြအႏိုင္ရဖို႔ပါ။ ဘယ္သူဂိုးသြင္းသြင္း ဂ႐ုမစိုက္ပါဘူး” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။