ချယ်ဆီး မှာ ခြေစွမ်းပြနေတဲ့ တန်မီအေဘရာဟမ်ရဲ့ ပြီးခဲ့တဲ့ရာသီ အက်စ်တွန်ဗီလာမှာတုန်းက အချိန်တွေကို ၎င်းရဲ့ အသင်းဖော်ဟောင်း ဂျွန်မက်ဂျင်းက ပြန်သတိရနေပေမယ့် ဗုဒ္ဓဟူးနေ့ ဗီလာနဲ့ပွဲ မတိုင်ခင် သူ မပါလာစေဖို့ အလိုရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အေဘရာဟမ်ဟာ ဒီရာသီမှာ ဘာကြောင့် ချယ်ဆီးအတွက် ပြောင်းလဲပေးနိုင်သူ ဖြစ်နေရလဲဆိုတာ နားလည်ဖို့ လွယ်ကူပါတယ်။

ဗလင်စီယာနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဝက်စ်ဟမ်းနဲ့ ပွဲကို လွဲချော်ခဲ့ပြီးနောက် အက်စ်တွန်ဗီလာကို ၂-၁နဲ့ နိူင်ခဲ့တဲ့ပွဲမှာ အေဘရာဟမ်က ပြန်ပါလာခဲ့ပြီး အဖွင့်ဂိုး သွင်းခဲ့တဲ့အပြင် မေဆန်မောင့်အတွက်ပါ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ချယ်ဆီးရဲ့ ကစားပုံဟာ ဆိုးဝါးခဲ့ပြီး ဂျီရူးကလဲ ခြေမပေါ်ခဲ့ပဲ လမ်းပတ်လိုချင်တဲ့ပုံစံနဲ့ အံမဝင်ခဲ့တာပါ။ ဒါပေမယ့် အေဘရာဟမ်ကတော့ ကွက်တိအံဝင်တဲ့သူ ဖြစ်တာကြောင့် ဗီလာနဲ့ပွဲရဲ့ ပွဲထွက်စာရင်းမှာ ပြန်ပါလာပြီး ပုံစံကောင်းတွေ ပြသနိူင်ခဲ့တာက အံ့ဩစရာတော့ မဟုတ်ပါဘူး။

ရီစီဂျိမ်းစ်ရဲ့ ပေးပို့မှုကနေ တစ်ဆင့် သွင်းယူခဲ့တဲ့ အေဘရာဟမ်ရဲ့ဂိုးဟာ ဒီရာသီ သူ့ရဲ့၆ကြိမ်မြောက် အဖွင့်ဂိုး ဖြစ်ခဲ့ပြီး မန်စီးတီး၊ ဝက်စ်ဟမ်း တို့ကို ၂ပွဲဆက် ရှုံးခဲ့တဲ့ ချယ်ဆီးအတွက် ဖိအားတွေလျော့စေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံး ၁၄ပွဲမှာ အေဘရာဟမ်ရဲ့ ၁၁ဂိုးမြောက် ဖြစ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ရာသီ ကော်စတာနဲ့ ၂၀၀၈-၂၀၀၉ ရာသီ အနယ်ကာတို့ကသာ သူ့ထက် ၁ဂိုးပို သွင်းနိူင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂-၂၀၁၃မှာ ၁၅ဂိုးရခဲ့တဲ့ လမ်းပတ်နောက်ပိုင်း တစ်ရာသီလူံး ချယ်ဆီးအတွက် ဂိုးပိုသွင်းနိူင်ခဲ့တဲ့ အင်္ဂလန်ကစားသမား မရှိခဲ့ပါဘူး။ေ အဘရာဟမ် ဟာ လမ်းပတ် အမြဲယုံကြည်ရတဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့် မနှစ်က ၂၆ဂိုးသွင်းယူကာ ဗီလာကို ပရီးမီးယားလိဂ်

ရောက်ရှိအောင် ကူညီခဲ့ပြီးနောက် စတန်းဖို့ဒ်ဘရစ်ချ်ထံ ပြန်ရောက်လာပြီးကတည်းက မျှော်လင့်ထားတာထက် ပိုကောင်းအောင် လုပ်ပြခဲ့တာပါ။ မိုရာတာနဲ့ ဟီဂွာအင်တို့ နံပါတ်ကိုး ကျိန်စာမိခဲ့ပြီးနောက် သူ့အနေနဲ့ ရုန်းကန်ရမှာကို တကယ်တမ်းမှာ စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အေဘရာဟမ်က သူ့ရဲ့လုပ်နိုင်စွမ်းအပေါ်ကို ဘယ်တော့မှ သံသယမရှိခဲ့ပါဘူး။

“ချယ်ဆီးမှာ နံပါတ်ကိုး ကျိန်စာနဲ့ပတ်သက်ပြီး ကျွန်တော် အများကြီး ကြားခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်က ဒါကိုယူပြီး ပြောင်းလဲဖို့ ဆန္ဒရှိနေခဲ့တယ်၊ ကျွန်တော့်အတွက် အိမ်မက်တွေ တကယ်ဖြစ်လာတာပေါ့၊ နောက် ၁၅နှစ်မှာ ကျွန်တော် အမွေတစ်ခု ဖန်တီးချင်တယ်၊ ဒါဆို ကျွန်တော် အနားယူတဲ့အခါ ချယ်ဆီးရဲ့နံပါတ်ကိုး အနေနဲ့ ဘယ်လိုဂုဏ်ယူစရာကောင်းအောင် လုပ်ခဲ့တယ်ဆိုတာ ပြန်ကြည့်လို့ရတာပေါ့” လို့ ပြောဆိုခဲ့ပါတယ်။

သုံးနှစ် အငှားကစားခဲ့ပြီးနောက် သူဟာ ကောင်းမွန်တဲ့ အဆုံးသတ် စွမ်းရည်တွေသာမက အသင်းအတွက် အများကြီး လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျီရူးက အရှိန်အဟုန် ကင်းမဲ့တာကြောင့် သူ့ရဲ့တိုက်စစ်စွမ်းရည်ကို လိုက်မမီနိူင်ပေမယ့် ဘတ်ရှူဝါရီထက်လဲ သူက ဘောလုံး ကောင်းကောင်းထိန်းသိမ်းနိုင်ပါတယ်။

ချယ်ဆီးမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ်ရွေးချယ်စရာ များစွာရှိပေမယ့် နောက်ဆုံး၂ပွဲက အေဘရာဟမ်ရဲ့ အရေးပါပုံကို သိသာစေခဲ့တာ ဖြစ်ပါတယ်။ သူက ဂိုးမသွင်းလဲ ဖန်တီးမှုတွေ လုပ်ပေးနိုင်သလို မေဆန်မောင့်ကို မြေမထိကန်ချက်နဲ့ ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

နောက်တန်းမှာ ချယ်ဆီးက ပြဿနာရှိနေဆဲ ဖြစ်ပေမယ့် သူတို့ရဲ့ နံပါတ်၉အပေါ်မှာ သံသယဖြစ်စရာ မရှိတာတော့ သေချာပါတယ်။ ၈၃မိနစ်မှာ အေဘရာဟမ် လူစားလဲ ခံရတဲ့အခါ တကွင်းလူံးက သူ့အတွက် မတ်တပ်ရပ် လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

“တန်မီမှာ ဘယ်လိုအရည်အသွေးရှိတယ်ဆိုတာ ကျွန်တော်တို့ သိတယ်” လို့ ပွဲအပြီးမှာ မက်ဂျင်းက ဝန်ခံခဲ့သလို ပရီးမီးယားလိဂ်က လူတိုင်းကလဲ ဒါကို နားလည်ကြမှာ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီး မွာ ေျခစြမ္းျပေနတဲ့ တန္မီေအဘရာဟမ္ရဲ႕ ျပီးခဲ့တဲ့ရာသီ အက္စ္တြန္ဗီလာမွာတုန္းက အခ်ိန္ေတြကို ၄င္းရဲ႕ အသင္းေဖာ္ေဟာင္း ဂြၽန္မက္ဂ်င္းက ျပန္သတိရေနေပမယ့္ ဗုဒၶဟူးေန႔ ဗီလာနဲ႕ပြဲ မတိုင္ခင္ သူ မပါလာေစဖို႔ အလိုရွိခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။ ေအဘရာဟမ္ဟာ ဒီရာသီမွာ ဘာေၾကာင့္ ခ်ယ္ဆီးအတြက္ ေျပာင္းလဲေပးႏိုင္သူ ျဖစ္ေနရလဲဆိုတာ နားလည္ဖို႔ လြယ္ကူပါတယ္။

ဗလင္စီယာနဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ ဝက္စ္ဟမ္းနဲ႔ ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ အက္စ္တြန္ဗီလာကို ၂-၁နဲ႔ ႏိူင္ခဲ့တဲ့ပြဲမွာ ေအဘရာဟမ္က ျပန္ပါလာခဲ့ၿပီး အဖြင့္ဂိုး သြင္းခဲ့တဲ့အျပင္ ေမဆန္ေမာင့္အတြက္ပါ ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ခ်ယ္ဆီးရဲ႕ ကစားပုံဟာ ဆိုးဝါးခဲ့ၿပီး ဂ်ီ႐ူးကလဲ ေျခမေပၚခဲ့ပဲ လမ္းပတ္လိုခ်င္တဲ့ပုံစံနဲ႔ အံမဝင္ခဲ့တာပါ။ ဒါေပမယ့္ ေအဘရာဟမ္ကေတာ့ ကြက္တိအံဝင္တဲ့သူ ျဖစ္တာေၾကာင့္ ဗီလာနဲ႔ပြဲရဲ႕ ပြဲထြက္စာရင္းမွာ ျပန္ပါလာၿပီး ပုံစံေကာင္းေတြ ျပသႏိူင္ခဲ့တာက အံ့ဩစရာေတာ့ မဟုတ္ပါဘူး။

ရီစီဂ်ိမ္းစ္ရဲ႕ ေပးပို႔မႈကေန တစ္ဆင့္ သြင္းယူခဲ့တဲ့ ေအဘရာဟမ္ရဲ႕ဂိုးဟာ ဒီရာသီ သူ႔ရဲ႕၆ႀကိမ္ေျမာက္ အဖြင့္ဂိုး ျဖစ္ခဲ့ၿပီး မန္စီးတီး၊ ဝက္စ္ဟမ္း တို႔ကို ၂ပြဲဆက္ ရႈံးခဲ့တဲ့ ခ်ယ္ဆီးအတြက္ ဖိအားေတြေလ်ာ့ေစခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ပထမဆုံး ၁၄ပြဲမွာ ေအဘရာဟမ္ရဲ႕ ၁၁ဂိုးေျမာက္ ျဖစ္ခဲ့ၿပီး ၂၀၁၄-၂၀၁၅ ရာသီ ေကာ္စတာနဲ႔ ၂၀၀၈-၂၀၀၉ ရာသီ အနယ္ကာတို႔ကသာ သူ႔ထက္ ၁ဂိုးပို သြင္းႏိူင္ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၂-၂၀၁၃မွာ ၁၅ဂိုးရခဲ့တဲ့ လမ္းပတ္ေနာက္ပိုင္း တစ္ရာသီလူံး ခ်ယ္ဆီးအတြက္ ဂိုးပိုသြင္းႏိူင္ခဲ့တဲ့ အဂၤလန္ကစားသမား မရွိခဲ့ပါဘူး။ေ အဘရာဟမ္ ဟာ လမ္းပတ္ အၿမဲယုံၾကည္ရတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ေပမယ့္ မႏွစ္က ၂၆ဂိုးသြင္းယူကာ ဗီလာကို ပရီးမီးယားလိဂ္

ေရာက္ရွိေအာင္ ကူညီခဲ့ၿပီးေနာက္ စတန္းဖို႔ဒ္ဘရစ္ခ်္ထံ ျပန္ေရာက္လာၿပီးကတည္းက ေမွ်ာ္လင့္ထားတာထက္ ပိုေကာင္းေအာင္ လုပ္ျပခဲ့တာပါ။ မိုရာတာနဲ႔ ဟီဂြာအင္တို႔ နံပါတ္ကိုး က်ိန္စာမိခဲ့ၿပီးေနာက္ သူ႔အေနနဲ႔ ႐ုန္းကန္ရမွာကို တကယ္တမ္းမွာ စိုးရိမ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေအဘရာဟမ္က ​ သူ႔ရဲ႕လုပ္ႏိုင္စြမ္းအေပၚကို ဘယ္ေတာ့မွ သံသယမရွိခဲ့ပါဘူး။

“ခ်ယ္ဆီးမွာ နံပါတ္ကိုး က်ိန္စာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ အမ်ားႀကီး ၾကားခဲ့တယ္၊ ဒါေပမယ့္ ကြၽန္ေတာ္က ဒါကိုယူၿပီး ေျပာင္းလဲဖို႔ ဆႏၵရွိေနခဲ့တယ္၊ ကြၽန္ေတာ့္အတြက္ အိမ္မက္ေတြ တကယ္ျဖစ္လာတာေပါ့၊ ေနာက္ ၁၅ႏွစ္မွာ ကြၽန္ေတာ္ အေမြတစ္ခု ဖန္တီးခ်င္တယ္၊ ဒါဆို ကြၽန္ေတာ္ အနားယူတဲ့အခါ ခ်ယ္ဆီးရဲ႕နံပါတ္ကိုး အေနနဲ႔ ဘယ္လိုဂုဏ္ယူစရာေကာင္းေအာင္ လုပ္ခဲ့တယ္ဆိုတာ ျပန္ၾကည့္လို႔ရတာေပါ့” လို႔ ေျပာဆိုခဲ့ပါတယ္။

သုံးႏွစ္ အငွားကစားခဲ့ၿပီးေနာက္ သူဟာ ေကာင္းမြန္တဲ့ အဆုံးသတ္ စြမ္းရည္ေတြသာမက အသင္းအတြက္ အမ်ားႀကီး လုပ္ျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဂ်ီ႐ူးက အရွိန္အဟုန္ ကင္းမဲ့တာေၾကာင့္ သူ႔ရဲ႕တိုက္စစ္စြမ္းရည္ကို လိုက္မမီႏိူင္ေပမယ့္ ဘတ္ရႉဝါရီထက္လဲ သူက ေဘာလုံး ေကာင္းေကာင္းထိန္းသိမ္းႏိုင္ပါတယ္။

ခ်ယ္ဆီးမွာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ တိုက္စစ္ေ႐ြးခ်ယ္စရာ မ်ားစြာရွိေပမယ့္ ေနာက္ဆုံး၂ပြဲက ေအဘရာဟမ္ရဲ႕ အေရးပါပုံကို သိသာေစခဲ့တာ ျဖစ္ပါတယ္။ သူက ဂိုးမသြင္းလဲ ဖန္တီးမႈေတြ လုပ္ေပးႏိုင္သလို ေမဆန္ေမာင့္ကို ေျမမထိကန္ခ်က္နဲ႔ ဂိုးသြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။

ေနာက္တန္းမွာ ခ်ယ္ဆီးက ျပႆနာရွိေနဆဲ ျဖစ္ေပမယ့္ သူတို႔ရဲ႕ နံပါတ္၉အေပၚမွာ သံသယျဖစ္စရာ မရွိတာေတာ့ ေသခ်ာပါတယ္။ ၈၃မိနစ္မွာ ေအဘရာဟမ္ လူစားလဲ ခံရတဲ့အခါ တကြင္းလူံးက သူ႔အတြက္ မတ္တပ္ရပ္ လက္ခုပ္တီးကာ ဂုဏ္ျပဳခဲ့ၾကတာ ျဖစ္ပါတယ္။

“တန္မီမွာ ဘယ္လိုအရည္အေသြးရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိတယ္” လို႔ ပြဲအၿပီးမွာ မက္ဂ်င္းက ဝန္ခံခဲ့သလို ပရီးမီးယားလိဂ္က လူတိုင္းကလဲ ဒါကို နားလည္ၾကမွာ ျဖစ္ပါတယ္။