အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီကတော့ ၎င်း ကလပ်အသင်းဟောင်းဟာ တိုက်စစ်မှူး အူဘာမီးယန်းသာ မရှိရင် နောဝစ်နဲ့ပွဲမှာ ရှုံးနိမ့်သွားနိုင်တယ်လို့ ဝန်ခံလိုက်ပြီး နည်းပြ ယွန်းဘတ်နဲ့ အသင်းရဲ့ တိုးတက်မှုတွေ မြင်ရဖို့ မျှော်လင့်နေပါတယ်။

အမ်မရီ ထုတ်ပယ်ခံရပြီးနောက် ယာယီတာဝန်ယူတဲ့ ယွန်းဘတ်ရဲ့ ပွဲဦးထွက် နောဝစ်နဲ့ ပွဲဟာ ၂ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး အာဆင်နယ် အတွက် နှစ်ဂိုးလုံးကို အူဘာမီးယန်းက သွင်းယူပေးခဲ့တာပါ။

မြောက် လန်ဒန်သားတွေဟာ ဒီရာသီ လမ်းပျောက်နေဆဲလို့ ဆိုရမှာ ဖြစ်ပြီး ခြေစွမ်းတည်ငြိမ်မှု မရှိတာနဲ့ လိုအပ်တဲ့ ရလဒ်ကောင်းများ မရယူနိုငတာကြောင့် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ထရိန်နင် တစ်ရက် နှစ်ရက်လောက် တာဝန်ယူရရုံနဲ့ ယွန်းဘတ်ဟာ အာဆင်နယ်ကို ရုတ်ချည်း ပြောင်းလဲ ပေးနိုင်မှာ မဟုတ်သော်လည်း တိုးတက်မှုတွေ မြင်ရဖို့ အွန်နရီက မျှော်လင့်နေတာပါ။

ဘရိုက်တန်နဲ့ ပွဲမှာ ထူးခြားမှု အပြောင်းအလဲတွေ မြင်ရတော့မလား ဆိုတာနဲ့ ပတ်သတ်ပြီး အွန်နရီက အခုလို ဖြေကြားခဲ့ပါတယ်။

” ကောင်းပြီ။ ကျနော်ကတော့ ဒီရာသီ မြင်ထားခဲ့သမျှ အပြောင်းအလဲ တစ်ခုခု မြင်လာရဖို့ တော်တော် ခက်ခဲနေပါသေးတယ်။ ယွန်းဘက်က ထရိန်နင် တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ဦးဆောင်ရသေးတယ် ထင်ပါတယ်။ ဒီတော့ လက်တွေ့မြင်ရတဲ့ ပြောင်းလဲမှုတွေ သူ လုပ်ထားနိုင်ဖို့က ချက်ချင်း မဖြစ်နိုင်သေးပါဘူး။ ခုလောလောဆယ် မြင်နေရတဲ့ အာဆင်နယ်က အရင်ကလိုပဲ။ ”

” အူဘာမီးယန်းက ၂ ဂိုး သွင်းလိုက်လို့သာ ကျနေ်ာတို့ လွတ်မြောက်ခဲ့ရတာပါ။ ကျနော်တို့ လို့ သုံးနှုန်းလိုက်တာက ဘာလို့လဲ ခင်ဗျားတို့ နားလည်ယ်ထင်ပါတယ်။ ဒါက ကျနော်မြင်လိုက်တဲ့ အနေအထားပါပဲ။ အူဘာမီးယန်းရဲ့ ဂိုးတွေသာ မရှိရင် ကျနေ်ာတို့ အာဆင်နယ်အသင်း ဘယ်မှာများ ရောက်နေမလဲ ကျေနာ် သိကို မသိတော့ပါဘူး။ ”

” ဒီတော့ ဘရိုက်တန်နဲ့ ပွဲမှာ ကျနေ်ာတို့ အာဆင်နယ် ဘယ်လိုများ ကစားဦးမလဲ စိတ်ဝင်စားစရာပါ။ ဖရက်ဒီ ဘယ်လိုလဲ မြင်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နောဝစ်နဲ့ ပွဲက ပြောင်းလဲမှုတွေ မြင်ရဖို့ တော်တော်ခက်ခဲ ခဲ့တာ ဖြစ်ပါတယ်။ ” လို့ အွန်နရီက သုံးသပ်ခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ပွဲမတိုင်ခင်မှာ အာဆင်နယ်က အမှတ်ပေးဇယား အဆင့် ၁၀ သို့ ရောက်ရှိနေပြီး အဆင့် ၄ နေရာမှ ချယ်ဆီးနဲ့ ၁၀ မှတ် အထိ ကွာဟနေပြီ ဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္အသင္းရဲ႕ ဂႏၱ၀င္ တိုက္စစ္မွဴးၾကီး သီယာရီ အြန္နရီကေတာ့ ၄င္း ကလပ္အသင္းေဟာင္းဟာ တိုက္စစ္မွဴး အူဘာမီးယန္းသာ မရွိရင္ ေနာ၀စ္နဲ႕ပြဲမွာ ရွံုးနိမ့္သြားနိုင္တယ္လို႔ ၀န္ခံလိုက္ျပီး နည္းျပ ယြန္းဘတ္နဲ႕ အသင္းရဲ႕ တိုးတက္မႈေတြ ျမင္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အမ္မရီ ထုတ္ပယ္ခံရျပီးေနာက္ ယာယီတာ၀န္ယူတဲ့ ယြန္းဘတ္ရဲ႕ ပြဲဦးထြက္ ေနာ၀စ္နဲ႕ ပြဲဟာ ၂ ဂိုးစီ သေရ ရလဒ္နဲ႕ ျပီးဆံုးခဲ့ျပီး အာဆင္နယ္ အတြက္ နွစ္ဂိုးလံုးကို အူဘာမီးယန္းက သြင္းယူေပးခဲ့တာပါ။

ေျမာက္ လန္ဒန္သားေတြဟာ ဒီရာသီ လမ္းေပ်ာက္ေနဆဲလို႔ ဆိုရမွာ ျဖစ္ျပီး ေျခစြမ္းတည္ျငိမ္မႈ မရွိတာနဲ႕ လိုအပ္တဲ့ ရလဒ္ေကာင္းမ်ား မရယူနို္ငတာေၾကာင့္ ရုန္းကန္ေနရဆဲ ျဖစ္ပါတယ္။ ထရိန္နင္ တစ္ရက္ နွစ္ရက္ေလာက္ တာ၀န္ယူရရံုနဲ႕ ယြန္းဘတ္ဟာ အာဆင္နယ္ကို ရုတ္ခ်ည္း ေျပာင္းလဲ ေပးနုိင္မွာ မဟုတ္ေသာ္လည္း တိုးတက္မႈေတြ ျမင္ရဖို႔ အြန္နရီက ေမွ်ာ္လင့္ေနတာပါ။

ဘရိုက္တန္နဲ႕ ပြဲမွာ ထူးျခားမႈ အေျပာင္းအလဲေတြ ျမင္ရေတာ့မလား ဆိုတာနဲ႕ ပတ္သတ္ျပီး အြန္နရီက အခုလို ေျဖၾကားခဲ့ပါတယ္။

” ေကာင္းျပီ။ က်ေနာ္ကေတာ့ ဒီရာသီ ျမင္ထားခဲ့သမွ် အေျပာင္းအလဲ တစ္ခုခု ျမင္လာရဖို႔ ေတာ္ေတာ္ ခက္ခဲေနပါေသးတယ္။ ယြန္းဘက္က ထရိန္နင္ တစ္ၾကိမ္ နွစ္ၾကိမ္ေလာက္ပဲ ဦးေဆာင္ရေသးတယ္ ထင္ပါတယ္။ ဒီေတာ့ လက္ေတြ႔ျမင္ရတဲ့ ေျပာင္းလဲမႈေတြ သူ လုပ္ထားနုိင္ဖို႔က ခ်က္ခ်င္း မျဖစ္နုိင္ေသးပါဘူး။ ခုေလာေလာဆယ္ ျမင္ေနရတဲ့ အာဆင္နယ္က အရင္ကလိုပဲ။ ”

” အူဘာမီးယန္းက ၂ ဂိုး သြင္းလိုက္လို႔သာ က်ေန္ာတို႔ လြတ္ေျမာက္ခဲ့ရတာပါ။ က်ေနာ္တို႔ လို႔ သံုးနႈန္းလိုက္တာက ဘာလို႔လဲ ခင္ဗ်ားတို႔ နားလည္ယ္ထင္ပါတယ္။ ဒါက က်ေနာ္ျမင္လုိက္တဲ့ အေနအထားပါပဲ။ အူဘာမီးယန္းရဲ႕ ဂိုးေတြသာ မရွိရင္ က်ေန္ာတို႔ အာဆင္နယ္အသင္း ဘယ္မွာမ်ား ေရာက္ေနမလဲ ကေ်နာ္ သိကို မသိေတာ့ပါဘူး။ ”

” ဒီေတာ့ ဘရိုက္တန္နဲ႕ ပြဲမွာ က်ေန္ာတို႔ အာဆင္နယ္ ဘယ္လိုမ်ား ကစားဦးမလဲ စိတ္၀င္စားစရာပါ။ ဖရက္ဒီ ဘယ္လိုလဲ ျမင္ရမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနာ၀စ္နဲ႕ ပြဲက ေျပာင္းလဲမႈေတြ ျမင္ရဖို႔ ေတာ္ေတာ္ခက္ခဲ ခဲ့တာ ျဖစ္ပါတယ္။ ” လို႔ အြန္နရီက သံုးသပ္ခဲ့ပါတယ္။

ဘရိုက္တန္နဲ႕ ပြဲမတိုင္ခင္မွာ အာဆင္နယ္က အမွတ္ေပးဇယား အဆင့္ ၁၀ သို႔ ေရာက္ရွိေနျပီး အဆင့္ ၄ ေနရာမွ ခ်ယ္ဆီးနဲ႕ ၁၀ မွတ္ အထိ ကြာဟေနျပီ ျဖစ္ပါတယ္။