အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ အသင်းသားတွေရဲ့ အာရုံစိုက်မှုနဲ့ ကစားနိုင်စွမ်းကို ကျေနပ်ပေမယ့် ဂိုးတွေ ပိုရခဲ့သင့်ပါတယ်လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးဟာ ဒုတိယပိုင်း အစမှာ ကြောက်ဖို့ကောင်းလှတဲ့ ကစားအားနဲ့ ခြိမ်းခြောက်နိုင်စွမ်းတွေ ပြသခဲ့ပြီး ဂိုးသမား ဒီဂီယာ ကာကွယ်မှုအပြင် ကံဆိုးစွာပဲ သွင်းဂိုး ထပ်မရခဲ့ကာ အချိန်ပို မိနစ်မှာမှ ဆာလက် သွင်းဂိုးရခဲ့ကာ ပွဲကို ၂-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပြောရာမှာ ” ပွဲနဲ့ ပက်သက်ပြီး ကျနော် အတော်လေး ပျော်မိပါတယ်။ မိနစ် ၆၀ လောက်မှာ ကျနေ်ာတို့က ၂ ဂိုး ၃ ဂိုး ၄ ဂိုးလောက်ထိ ပြတ်နေခဲ့သင့်တာပါ။ သိပ်ကောင်းတဲ့ ဘောလုံးကို ကစားခဲ့ပြီး ဂိုးတွေလည်း ပိုရခဲ့သင့်တယ်။ တည်ကန်ဘောတွေအတွက် ကျနော်ရဲ့ လက်ထောက်က စိစစ်မှုတွေ လုပ်ပေးပါတယ်။

ကျနော်တို့ ဂိုးတွေ ပိုသွင်းနိုင်ပြီး ပိုလည်း ရခဲ့သင့်တာပါ။ ပထမပိုင်း ပြီးခါနီးမှာ ယူနိုက်တက်က ပြန်လာခဲ့ပြီး ဒုတိယပိုင်းမှာတော့ အရမ်းကောင်းတဲ့ ကစားပုံနဲ့ ကျနော်တို့ ဖန်တီးမှုတွေ လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က တုန့်ပြန်လာမယ်ဆိုတာ ကျနေ်ာတို့ သိခဲ့ပြီး ထင်တဲ့အတိုင်းပဲ တုန့်ပြန်လာခဲ့တယ်။

ကျနေ်ာတို့ ဒုတိယဂိုး သွင်းယူခဲ့ပြီး အဲ့ဂိုးက အရမ်းကို ကြီးမားပါတယ်။ အခုကနေစပြီး ကျနေ်ာတို့ သုံးရက်တစ်ပွဲနှုန်းကို ပြန်လည် ရင်ဆိုင်ရပါမယ်။ ခက်ခဲတဲ့ ကာလက ရောက်လာခဲ့ပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ဒီကရှေ့မှာ အသင်းကြီးတွေနဲ့ သိပ်ပြီး ရင်ဆိုင်ရဖို့ မရှိပါဘူး။ ဒါပေမယ့် အာရုံစိုက်မှု အဆင့်ကတော့ လုံးဝ ကျဆင်းလို့ မဖြစ်ကာ ပြီးခဲ့တဲ့ ကာလတွေမှာ ရူးသွပ်လောက်တဲ့ စိတ်ဓါတ်တွေနဲ့ ကစားနိုင်စွမ်းကို တည်တည်ငြိမ်ငြိမ် ဆက်ထိန်းထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့ ကစားတဲ့ ကစားပုံနဲ့ အငွေ့အသက်ကို သဘောကျပါတယ်။ အတူတကွ လုပ်ဆောင်ရတာ သိပ်ကောင်းပါတယ်။ အသင်းသားတွေ ဒီအဆင့်ကို ထိန်းသိမ်းထားနိုင်တာအတွက် အံ့အားသင့်မိလားဆိုရင် မအံ့သြပါဘူး။ ကျနေ်ာတို့ ကလေးတွေနဲ့ ၁၁ ဦး ၁၁ ဦး ပွဲတွေ ကစားခဲ့ပြီး ကောင်လေးတွေက တကယ်ကို ရူးလောက်စစရာပါပဲ။ အပတ်တိုင်း ဒါကို မြင်နေရတော့ မအံ့သြပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲမွာ အသင္းသားေတြရဲ႕ အာရံုစိုက္မႈနဲ႔ ကစားႏုိင္စြမ္းကို ေက်နပ္ေပမယ့္ ဂိုးေတြ ပိုရခဲ့သင့္ပါတယ္လို႔ ကေလာ့ပ္က ေျပာပါတယ္။

လီဗာပူးဟာ ဒုတိယပိုင္း အစမွာ ေၾကာက္ဖို႔ေကာင္းလွတဲ့ ကစားအားနဲ႔ ျခိမ္းေျခာက္ႏုိင္စြမ္းေတြ ျပသခဲ့ျပီး ဂိုးသမား ဒီဂီယာ ကာကြယ္မႈအျပင္ ကံဆိုးစြာပဲ သြင္းဂိုး ထပ္မရခဲ့ကာ အခ်ိန္ပို မိနစ္မွာမွ ဆာလက္ သြင္းဂိုးရခဲ့ကာ ပြဲကို ၂-၀ နဲ႔ အႏုိင္ရခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ေျပာရာမွာ ” ပြဲနဲ႔ ပက္သက္ျပီး က်ေနာ္ အေတာ္ေလး ေပ်ာ္မိပါတယ္။ မိနစ္ ၆၀ ေလာက္မွာ က်ေန္ာတို႔က ၂ ဂိုး ၃ ဂိုး ၄ ဂိုးေလာက္ထိ ျပတ္ေနခဲ့သင့္တာပါ။ သိပ္ေကာင္းတဲ့ ေဘာလံုးကို ကစားခဲ့ျပီး ဂုိးေတြလည္း ပိုရခဲ့သင့္တယ္။ တည္ကန္ေဘာေတြအတြက္ က်ေနာ္ရဲ႕ လက္ေထာက္က စိစစ္မႈေတြ လုပ္ေပးပါတယ္။

က်ေနာ္တုိ႔ ဂိုးေတြ ပိုသြင္းႏုိင္ျပီး ပိုလည္း ရခဲ့သင့္တာပါ။ ပထမပိုင္း ျပီးခါနီးမွာ ယူႏုိက္တက္က ျပန္လာခဲ့ျပီး ဒုတိယပိုင္းမွာေတာ့ အရမ္းေကာင္းတဲ့ ကစားပံုနဲ႔ က်ေနာ္တုိ႔ ဖန္တီးမႈေတြ လုပ္ႏုိင္ခဲ့တယ္။ ဒါေပမယ့္လည္း ယူႏုိက္တက္က တုန္႔ျပန္လာမယ္ဆိုတာ က်ေန္ာတို႔ သိခဲ့ျပီး ထင္တဲ့အတိုင္းပဲ တုန္႔ျပန္လာခဲ့တယ္။

က်ေန္ာတို႔ ဒုတိယဂိုး သြင္းယူခဲ့ျပီး အဲ့ဂိုးက အရမ္းကို ၾကီးမားပါတယ္။ အခုကေနစျပီး က်ေန္ာတုိ႔ သံုးရက္တစ္ပြဲႏႈန္းကို ျပန္လည္ ရင္ဆိုင္ရပါမယ္။ ခက္ခဲတဲ့ ကာလက ေရာက္လာခဲ့ပါျပီ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ဒီကေရွ႔မွာ အသင္းၾကီးေတြနဲ႔ သိပ္ျပီး ရင္ဆုိင္ရဖို႔ မရွိပါဘူး။ ဒါေပမယ့္ အာရံုစိုက္မႈ အဆင့္ကေတာ့ လံုးဝ က်ဆင္းလို႔ မျဖစ္ကာ ျပီးခဲ့တဲ့ ကာလေတြမွာ ရူးသြပ္ေလာက္တဲ့ စိတ္ဓါတ္ေတြနဲ႔ ကစားႏုိင္စြမ္းကို တည္တည္ျငိမ္ျငိမ္ ဆက္ထိန္းထားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ကေလာ့ပ္က ” က်ေန္ာတုိ႔ ကစားတဲ့ ကစားပံုနဲ႔ အေငြ႔အသက္ကို သေဘာက်ပါတယ္။ အတူတကြ လုပ္ေဆာင္ရတာ သိပ္ေကာင္းပါတယ္။ အသင္းသားေတြ ဒီအဆင့္ကို ထိန္းသိမ္းထားႏုိင္တာအတြက္ အံ့အားသင့္မိလားဆိုရင္ မအံ့ၾသပါဘူး။ က်ေန္ာတုိ႔ ကေလးေတြနဲ႔ ၁၁ ဦး ၁၁ ဦး ပြဲေတြ ကစားခဲ့ျပီး ေကာင္ေလးေတြက တကယ္ကို ရူးေလာက္စစရာပါပဲ။ အပတ္တိုင္း ဒါကို ျမင္ေနရေတာ့ မအံ့ၾသပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။