လီဗာပူးနဲ့ မန်စီးတီးဟာ လက်ကျန် ပွဲတွေကို နှစ်သင်းလုံး အနိုင်ရမယ်ဆိုရင် ဧပရယ်လ ၄ ရက်နေ့ မန်ချက်စတာက မန်စီးတီးမြို့ အီသီဟတ်မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲမှာ လီဗာပူးက အမှတ်ပေးဖလား ကိုင်မြောက်နိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးအစွန်လူ ထရန့်က ခံစစ်မှူး ဗန်ဒိုက်ရဲ့ ခေါင်းတိုက် စွမ်းရည်ကို ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။ ခံစစ်ပိုင်းမှာ ကောင်းမွန်လွန်းတဲ့ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်နိုင်စွမ်းက တန်ဖိုးမဖြတ်နိုင်ပါဘူးလို့ ထရန့်က ဆိုပါတယ်။

အန်ဖီးကွင်းမှာ လီဗာပူးပရိသတ်တွေက အမှတ်ပေးဖလားကို ငါတို့ အနိုင်ရတော့မယ် ဆိုတဲ့ စာသားကို သီချင်းလုပ် သီဆိုခဲ့ကြတယ်။ ကလော့ပ်ကတေ့ာ အဲ့လို သီဆိုမှုကို လုပ်နိုင်ပါတယ်လို့ ဆိုပြီး အာရုံစိုက်မှုတော့ မပျက်ဖို့လိုကြောင်း သတိပေးလိုက်ပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ခေါင်းတိုက်ဘော သွင်းယူနိုင်ခဲ့တာကို ကျေနပ်ပေမယ့် မလွယ်ခဲ့ပါဘူးလို့ ပွဲအပြီး ပြောပါတယ်။ သူ့ကို ယူနိုက်တက်ဘက်က နှစ်ဦးထိ လူကပ်ထားခဲ့တယ်လို့ သူက ဆိုတာပါ။

လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို အသင်းခေါင်းဆောင် ဟန်ဒါဆန်က ရရှိခဲ့ပါတယ်။

အားကစားသုံးသပ်သူ ဂရေမီဆောင်းနပ်က လက်ရှိ လီဗာပူးဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းထဲမှာ ပါဝင်နိုင်ဖို့ အမှတ်ပေးဖလားကို နှစ်ကြိမ်ဆက် အနိုင်ယူပြရမယ်လို့ သတိပေးလိုက်ပါတယ်။

အင်္ဂလန်ညာအစွန်လူဟောင်း ဂလင်းဂျွန်ဆင်က လီဗာပူးအစွန်လူ ထရန့်ကို အထူး ချီးကျူးခဲ့ပြီး ဒီတိုးတက်မှုကို ဆက်လက်ပြီး လုပ်နိုင်မယ်ဆိုရင် ကမ္ဘာအကောင်းဆုံး အဆင့်ထိ ရောက်လာမယ်လို့ မှတ်ချက်ပေးပါတယ်။

လီဗာပူးရဲ့ ကစားဟန်က တိုက်ရိုက်ကျလွန်းပြီး ပေးပို့မှုတွေ၊ ထောင်ကန်ဘောတွေနဲ့ အားလုံးမှာ တိုက်ရိုက် ပေးပို့ကြကာ မာနေး၊ ဆာလက်တို့ ကျော်ဖြတ်ပြေးမှုကို ဟန့်တားဖို့ ခက်ခဲတယ်လို့ ဆိုးရှားက ဆိုပါတယ်။

ZAWGYI

လီဗာပူးနဲ႔ မန္စီးတီးဟာ လက္က်န္ ပြဲေတြကို ႏွစ္သင္းလံုး အႏုိင္ရမယ္ဆိုရင္ ဧပရယ္လ ၄ ရက္ေန႔ မန္ခ်က္စတာက မန္စီးတီးျမိဳ႕ အီသီဟတ္မွာ ယွဥ္ျပိဳင္ကစားမယ့္ ပြဲမွာ လီဗာပူးက အမွတ္ေပးဖလား ကိုင္ေျမာက္ႏုိုင္မွာ ျဖစ္ပါတယ္။

လီဗာပူးအစြန္လူ ထရန္႔က ခံစစ္မွဴး ဗန္ဒိုက္ရဲ႕ ေခါင္းတိုက္ စြမ္းရည္ကို ပြဲအျပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။ ခံစစ္ပိုင္းမွာ ေကာင္းမြန္လြန္းတဲ့ ဗန္ဒိုက္ရဲ႕ ေခါင္းတိုက္ႏုိင္စြမ္းက တန္ဖိုးမျဖတ္ႏုိင္ပါဘူးလို႔ ထရန္႔က ဆိုပါတယ္။

အန္ဖီးကြင္းမွာ လီဗာပူးပရိသတ္ေတြက အမွတ္ေပးဖလားကို ငါတို႔ အႏုိင္ရေတာ့မယ္ ဆိုတဲ့ စာသားကို သီခ်င္းလုပ္ သီဆိုခဲ့ၾကတယ္။ ကေလာ့ပ္ကေတ့ာ အဲ့လို သီဆိုမႈကို လုပ္ႏုိင္ပါတယ္လို႔ ဆိုျပီး အာရံုစိုက္မႈေတာ့ မပ်က္ဖို႔လိုေၾကာင္း သတိေပးလိုက္ပါတယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ေခါင္းတိုက္ေဘာ သြင္းယူႏုိင္ခဲ့တာကို ေက်နပ္ေပမယ့္ မလြယ္ခဲ့ပါဘူးလို႔ ပြဲအျပီး ေျပာပါတယ္။ သူ႔ကို ယူႏုိက္တက္ဘက္က ႏွစ္ဦးထိ လူကပ္ထားခဲ့တယ္လို႔ သူက ဆိုတာပါ။

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲမွာ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ရရွိခဲ့ပါတယ္။

အားကစားသံုးသပ္သူ ဂေရမီေဆာင္းနပ္က လက္ရွိ လီဗာပူးဟာ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး အသင္းထဲမွာ ပါဝင္ႏုိင္ဖို႔ အမွတ္ေပးဖလားကို ႏွစ္ၾကိမ္ဆက္ အႏုိင္ယူျပရမယ္လို႔ သတိေပးလိုက္ပါတယ္။

အဂၤလန္ညာအစြန္လူေဟာင္း ဂလင္းဂၽြန္ဆင္က လီဗာပူးအစြန္လူ ထရန္႔ကို အထူး ခ်ီးက်ဴးခဲ့ျပီး ဒီတိုးတက္မႈကို ဆက္လက္ျပီး လုပ္ႏုိင္မယ္ဆိုရင္ ကမၻာအေကာင္းဆံုး အဆင့္ထိ ေရာက္လာမယ္လို႔ မွတ္ခ်က္ေပးပါတယ္။

လီဗာပူးရဲ႕ ကစားဟန္က တိုက္ရိုက္က်လြန္းျပီး ေပးပို႔မႈေတြ၊ ေထာင္ကန္ေဘာေတြနဲ႔ အားလံုးမွာ တိုက္ရိုက္ ေပးပို႔ၾကကာ မာေနး၊ ဆာလက္တို႔ ေက်ာ္ျဖတ္ေျပးမႈကို ဟန္႔တားဖို႔ ခက္ခဲတယ္လို႔ ဆိုးရွားက ဆိုပါတယ္။