လီဗာပူးနဲ့ ယူနိုက်တက်ပွဲအပြီးမှာ ယာဂင်ကလော့ပ် ဦးဆောင်တဲ့ အနီရောင်သားတွေက အမှတ်ပေးပြိုင်ပွဲ ၂၂ ပွဲအတွင်း ၂၁ ပွဲထိ အနိုင်ရကာ အမှတ်ပေးဇယားကို ၁၆ မှတ်ထိ ဖြတ်ထားတာအတွက် အတော်လေး ပွဲဆူခဲ့ပါတယ်။

ဗြိတိန် အားကစားကြေညာသူတွေက ဒီအနေအထားဟာ လီဗာပူးရဲ့ တိုးတက်မှုက ဘယ်လောက်တောင် ကြီးမားတယ်ဆိုတာကို ပြသခဲ့တယ်လို့ သုံးသပ်ခဲ့ကြသလို ပြိုင်ဘက်တွေရဲ့ မယုံနိုင်လောက်အောင် ပြတ်ကျန်ခဲ့တဲ့ အနေအထားအတွက် ဝေဖန်မှုတွေ လုပ်ခဲ့ကြတာဖြစ်တယ်။

ဘီဘီစီ အားကစားဝိုင်းမှာ ခရစ်ဆန်တန်က ” လီဗာပူးနဲ့ ယူနိုက်တက်ကြား အဓိက ကွာခြားမှုက လီဗာပူးက လက်ရှိမှာ အကောင်းဆုံး ဖြစ်နေတာပါ။ သူတို့က အခုချိန်မှာ အကောင်းဆုံးအသင်းပဲ ဖြစ်ပါတယ်။ ကွင်းတွင်းမှာပဲ ကြည့်ကြည့် ကွင်းပြင်ပမှာပဲ ကြည့်ကြည့် အချိန်တိုင်းမှာ တိုးတက်လာနေတဲ့ အသင်းနဲ့ အချိန်တိုင်း တိုးတက်လာနေတဲ့ ဘောလုံးကလပ်လည်း ဖြစ်ပါတယ်။

ယူနိုက်တက်က နံရံတွေကို ကန်နေပြီး ဆိုးရှားလက်ထက်မှာ ရေမြုပ်နေပါတယ်။ သူတို့က အတိတ်မှာ ကျန်ခဲ့ပါပြီ။ ယူနိုက်တက်က သာမာန် အသင်းတစ်သင်းဖြစ်ပြီး နောက်ထပ် နှစ်ရာသီလောက် လီဗာပူးကို ယှဉ်ပြိုင်နိုင်ဖို့ မရှိပါဘူး ” လို့ ဆိုခဲ့တာပါ။

မက် သွမ်ဆန်က ” လီဗာပူးနဲ့ ရင်ဆိုင်ကစားရင် အခြားသော ပရီးမီးယားလိဂ်အသင်းတွေက အသင်းသားတွေကို အနားပဲ ပေးလိုက်ပါတော့။ တောင်ပံတွေကနေ ကစားပြီး ပွဲကို ဖြတ်နိုင်သလောက် ပြန့်ကားစေတယ်။ ရံှူးစရာကို မရှိတာပါ။ လက်ရှိ အခြေအနေအတိုင်းကတော့ အမှတ်ပေးဖလားကို နောက်နှစ်မှာလည်း စိန်ခေါ်ဦးမှာပါ။ ကျနော် ပြောတာ မှားတယ်ထင်ရင် ပြန်လာပြောလှည့်ပါ။ ” လို့ ဆိုခဲ့တယ်။

နောက်ထပ် တွဲဘက် နှစ်ဦးကလည်း အဆိုပါ ဆွေးနွေးမှုမှာ ” လီဗာပူးနောက်မှာ မိုင်တွေအများကြီး ပြတ်ကျန်ခဲ့ပြီ ” လို့ သုံးသပ်ခဲ့သလို ” လီဗာပူးနဲ့ ဒီလောက်တောင် ခပ်ဝေးဝေး ပြတ်ကျန်ခဲ့တာအတွက် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက အရှက်ရသင့်ပါတယ် ” လို့ ဝေဖန်သွားကြသေးတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲအျပီးမွာ ယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ အနီေရာင္သားေတြက အမွတ္ေပးျပိဳင္ပြဲ ၂၂ ပြဲအတြင္း ၂၁ ပြဲထိ အႏုိင္ရကာ အမွတ္ေပးဇယားကို ၁၆ မွတ္ထိ ျဖတ္ထားတာအတြက္ အေတာ္ေလး ပြဲဆူခဲ့ပါတယ္။

ျဗိတိန္ အားကစားေၾကညာသူေတြက ဒီအေနအထားဟာ လီဗာပူးရဲ႕ တိုးတက္မႈက ဘယ္ေလာက္ေတာင္ ၾကီးမားတယ္ဆိုတာကို ျပသခဲ့တယ္လို႔ သံုးသပ္ခဲ့ၾကသလို ျပိဳင္ဘက္ေတြရဲ႕ မယံုႏုိင္ေလာက္ေအာင္ ျပတ္က်န္ခဲ့တဲ့ အေနအထားအတြက္ ေဝဖန္မႈေတြ လုပ္ခဲ့ၾကတာျဖစ္တယ္။

ဘီဘီစီ အားကစားဝိုင္းမွာ ခရစ္ဆန္တန္က ” လီဗာပူးနဲ႔ ယူႏုိက္တက္ၾကား အဓိက ကြာျခားမႈက လီဗာပူးက လက္ရွိမွာ အေကာင္းဆံုး ျဖစ္ေနတာပါ။ သူတို႔က အခုခ်ိန္မွာ အေကာင္းဆံုးအသင္းပဲ ျဖစ္ပါတယ္။ ကြင္းတြင္းမွာပဲ ၾကည့္ၾကည့္ ကြင္းျပင္ပမွာပဲ ၾကည့္ၾကည့္ အခ်ိန္တိုင္းမွာ တိုးတက္လာေနတဲ့ အသင္းနဲ႔ အခ်ိန္တိုင္း တိုးတက္လာေနတဲ့ ေဘာလံုးကလပ္လည္း ျဖစ္ပါတယ္။

ယူႏုိက္တက္က နံရံေတြကို ကန္ေနျပီး ဆိုးရွားလက္ထက္မွာ ေရျမဳပ္ေနပါတယ္။ သူတို႔က အတိတ္မွာ က်န္ခဲ့ပါျပီ။ ယူႏုိက္တက္က သာမာန္ အသင္းတစ္သင္းျဖစ္ျပီး ေနာက္ထပ္ ႏွစ္ရာသီေလာက္ လီဗာပူးကို ယွဥ္ျပိဳင္ႏုိင္ဖို႔ မရွိပါဘူး ” လို႔ ဆိုခဲ့တာပါ။

မက္ သြမ္ဆန္က ” လီဗာပူးနဲ႔ ရင္ဆိုင္ကစားရင္ အျခားေသာ ပရီးမီးယားလိဂ္အသင္းေတြက အသင္းသားေတြကို အနားပဲ ေပးလိုက္ပါေတာ့။ ေတာင္ပံေတြကေန ကစားျပီး ပြဲကို ျဖတ္ႏုိုင္သေလာက္ ျပန္႔ကားေစတယ္။ ရံွဴးစရာကို မရွိတာပါ။ လက္ရွိ အေျခအေနအတိုင္းကေတာ့ အမွတ္ေပးဖလားကို ေနာက္ႏွစ္မွာလည္း စိန္ေခၚဦးမွာပါ။ က်ေနာ္ ေျပာတာ မွားတယ္ထင္ရင္ ျပန္လာေျပာလွည့္ပါ။ ” လို႔ ဆိုခဲ့တယ္။

ေနာက္ထပ္ တြဲဘက္ ႏွစ္ဦးကလည္း အဆိုပါ ေဆြးေႏြးမႈမွာ ” လီဗာပူးေနာက္မွာ မိုင္ေတြအမ်ားၾကီး ျပတ္က်န္ခဲ့ျပီ ” လို႔ သံုးသပ္ခဲ့သလို ” လီဗာပူးနဲ႔ ဒီေလာက္ေတာင္ ခပ္ေဝးေဝး ျပတ္က်န္ခဲ့တာအတြက္ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြက အရွက္ရသင့္ပါတယ္ ” လို႔ ေဝဖန္သြားၾကေသးတာ ျဖစ္ပါတယ္။