လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီ ဆိုပါစို့။ ဒီလိုပဲ လက်ခံလိုက်ရအောင်ပါ။ လီဗာပူး ပရိသတ်တွေက နှစ်တိုင်း ဒီနှစ်ကတော့ ငါတို့နှစ်လို့ ပြောဆိုလာခဲ့ကြတာ နောက်ဆုံးမှာတော့ တကယ် ရောက်လာခဲ့ပြီ ယူဆရမှာပါ။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ရော အသင်း စီမံခန့်ခွဲမှုပိုင်းက ပါးနပ်မှုတွေကြောင့်ပါ အသင်းလိုက် အားထုတ်မှုတွေက အရာထင်လာခဲ့ပြီ ဆိုရမှာ ဖြစ်ပါတယ်။

ဒီတပတ်ထဲမှာ 888Sport ရဲ့ အစီအစဉ်မှာတော့ လီဗာပူးနဲ့ ပတ်သတ်ပြီး ထူးထူးဆန်းဆန်း အမြင်တစ်မျိုးနဲ့ ဝင်ရောက်ဆွေးနွေးမှု ရှိခဲ့ပါတယ်။ အဲဒါကတော့ ‘စတီဗင်’ ဆိုတဲ့ မန်စီးတီး ပရိသတ်တစ်ဦးက လီဗာပူးအသင်းဟာ ဆုဖလားတွေကို ဝယ်ယူနေတယ်လို့ သုံးသပ် ပြောဆိုခဲ့တာပါ။ သူ့ရဲ့ ပြောဆို သုံးသပ်ချက်တွေ့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” ကျနော့်ရဲ့ သူများတွေနဲ့ မတူထူးခြားတဲ့ အမြင်တစ်ခုကတော့ လီဗာပူးအသင်းဟာ ဆုဖလားတွေကို ဝယ်ယူတေယ် ဆိုတာ ဖြစ်ပါတယ်။ ဒါကို ပြောနေတာက အလွန်ချမ်းသာပါတယ်ဆိုတဲ့ မန်စီးတီး ပရိသတ် တစ်ဦး ဖြစ်တဲ့ ကျေနာ်ပါ။ ဒါပေမယ့် ဒါ တကယ် ကျနော့် အမြင်ပါပဲ။

ကျနော် အကြိမ်ပေါင်းများစွာ လေ့လာသုံးသပ်တယ် စောင့်ကြည့်တယ်။ နောက်ဆုံး ကောက်ချက်က အဲဒီလိုပဲ ထွက်တယ်။ လီဗာပူးက လုံး၀ အလန်းစား လုပ်ပြထားတာပါ။ သိပ်တော်လွန်းတဲ့ မန်နေဂျာ၊ ကစားသမားခေါ်ယူမှုကောင်းတွေလည်း လုပ်တယ်။ ဒါပေမယ့် ပေါင် သန်း ၄၀၀ ကျော် သုံးထားခဲ့တာနော်။

သူတို့က ထူးခြားတဲ့ စပါယ်ရှယ်နည်းလမ်းတွေ သူများနဲ့ မတူတာတွေ လုပ်ပြနေတာ အစရှိတဲ့ အမွှမ်းတင်မှုတွေကို ကျနော်ကတော့ တော်တော် နားကြားပြင်းကပ်နေခဲ့ပြီ။ သူတို့ ငွေတွေ အများကြီး သုံးပြီး ကစားသမားကောင်းတွေ အများကြီး ဝယ်ထားတယ်။ ဒါကြောင့်ပဲ သူတို့ အခုလို ကောင်းလာတာပါ။

သူတို့မှာ ရော်ဘတ်ဆန်လို ဈေးချိုချိုနဲ့ ခေါ်ယူမှုကောင်းတွေ လုပ်နိုင်ခဲ့တာ ရှိတယ်။ ထရန့် အလက်ဇန်းဒါး အာနိုးလို အကယ်ဒမီလူငယ်ကောင် ရထားတယ်။ ဒါပေမယ့် ဒါတွေ အပြင် ေ-ာက်ရမ်း များတဲ့ ငွေတွေ သုံးခဲ့သေးတယ်ဆိုတာ ငြင်းလို့ မရဘူး။ ဒါက အချက်တစ်ချက် အဖြစ် လက်ကိုခံရမှာ ဖြစ်တယ်။

(သက်ပြင်းချက်လိုက်ပြီးနောက်) .. ဒီမှာ ကြည့်။ အိုခေ စတီဗင် (မန်စီးတီး ပရိသတ်) ဆိုတာက လူတိုင်း တံဆိပ်ကပ်နေသလို ခပ်ရမ်းရမ်း စီးတီး ပရိသတ်ချည်း သက်သက် မဟုတ်ပါဘူး။ လီဗာပူးအသင်းဟာ လိုအပ်တဲ့နေရာတွေမှာ သိသိသာသာ တိုးတက်လာအောင် လုပ်ထားတာကို အသိအမှတ်ပြုပါတယ်။

ဆာဒီယို မာနေး၊ မိုဟာမက် ဆာလာက်နဲ့ ဖာမီနိုတို့ အားလုံးက မန်စီးတီး မန်ဒီ၊ ကန်ဆယ်လိုနဲ့ မာရက်ဇ်တို့ကို ဝယ်ခဲ့တာထက် ဈေးချိုပါတယ်။ ဒါ့အပြင် ရော်ဘတ်ဆန်၊ မာတစ်၊ ဂိုမက်ဇ်၊ မေနာ၊ ဟန်ဒါဆန်တို့ အားလုံးကလည် မန်စီးတီး ဘရာဗိုကို ဝယ်ခဲ့တာထက် ဈေးတူ ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ ရထားခဲ့တာပါ။

ဒါပေမယ့် လီဗာပူးက အယ်လစ်ဆန်၊ ဗန်ဒိုက်တို့ကို ကြေးကြီးပေးဝယ် ငွေသုံးခဲ့တာသာ မလုပ်ခဲ့ရင် အခုလို အနေအထားမှာ ရှိပါ့မလား။ လုံးဝပါပဲ။ လိဂ်မှာ ဗိုလ်စွဲလောက်အောင် အာမခံချက် ပေးနိုင်မယ့် ဒီကစားသမား နှစ်ယောက်ကို ဝယ်ယူလိုက်တာ အတွက် ဆုဖလားတွေကို လီဗာပူးက ဝယ်တယ် ပြောလိုက်ရင် ကျနော်တို့က ထူးပြီး ရိုင်းတဲ့သူတွေ ဖြစ်သွားရော။

အနည်းဆုံး ဒီကစားသမား နှစ်ယောက်ကို ငွေပုံပြီး မသုံးခဲ့ရင် ကမ္ဘာ့အကောင်းဆုံးလို့ သူတို့ ပြောနေကြတဲ့ နေရာကို ရောက်နိုင်ကြမလား။ လက်စတာအသင်း လိဂ်ကို ကြားဖြတ် ထူးထူးခြားခြား ဗိုလ်စွဲသွားတဲ့ တစ်နှစ်ကလွဲလို့ ဆုဖလားအောင်မြင်မှုတွေ ယူတဲ့အသင်းတွေမှာ ငွေက အမြဲပါနေတာပဲ။ လီဗာပူးက သူတို့ အောင်မြင်မှုတွေကို ဝယ်ယူခဲ့တာ ဖြစ်တယ်။ စီးတီး သုံးခဲ့တဲ့ ငွေကြေး ပမာဏထက် နည်းချင် နည်းမယ် ဒါပေမယ့် ဝယ်ခဲ့ရတာ အမှန်ပဲ။ ” လို့ ၎င်းက ပြောဆိုထားခဲ့ပါတယ်။

အထက်က စီးတီးပရိသတ်ရဲ့ အမြင်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ကစားသမား ဝယ်ယူမှုမှတ်တမ်းတွေကို ပြန်ကြည့်ရင်တော့ အောက်ပါ အတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။ လီဗာပူးက ငါးနှစ်အတွင်း ပေါင်သန်း ၉၀ ကျော် အသားတင် သုံးထားချိန်မှာ မန်စီးတီးက ပေါင် သန်း ၅၀၀ ကျော် သုံးစွဲထားတာပါ။

Zawgyi – လီဗာပူးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ျပီ ဆိုပါစို႔။ ဒီလိုပဲ လက္ခံလိုက္ရေအာင္ပါ။ လီဗာပူး ပရိသတ္ေတြက နွစ္တိုင္း ဒီနွစ္ကေတာ့ ငါတို႔နွစ္လို႔ ေျပာဆိုလာခဲ့ၾကတာ ေနာက္ဆံုးမွာေတာ့ တကယ္ ေရာက္လာခဲ့ျပီ ယူဆရမွာပါ။ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ေရာ အသင္း စီမံခန္႔ခြဲမႈပိုင္းက ပါးနပ္မႈေတြေၾကာင့္ပါ အသင္းလိုက္ အားထုတ္မႈေတြက အရာထင္လာခဲ့ျပီ ဆိုရမွာ ျဖစ္ပါတယ္။

ဒီတပတ္ထဲမွာ 888Sport ရဲ႕ အစီအစဥ္မွာေတာ့ လီဗာပူးနဲ႕ ပတ္သတ္ျပီး ထူးထူးဆန္းဆန္း အျမင္တစ္မ်ိဳးနဲ႕ ၀င္ေရာက္ေဆြးေႏြးမႈ ရွိခဲ့ပါတယ္။ အဲဒါကေတာ့ ‘စတီဗင္’ ဆိုတဲ့ မန္စီးတီး ပရိသတ္တစ္ဦးက လီဗာပူးအသင္းဟာ ဆုဖလားေတြကို ၀ယ္ယူေနတယ္လို႔ သံုးသပ္ ေျပာဆိုခဲ့တာပါ။ သူ႔ရဲ႕ ေျပာဆို သံုးသပ္ခ်က္ေတြ႕ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

” က်ေနာ့္ရဲ႕ သူမ်ားေတြနဲ႕ မတူထူးျခားတဲ့ အျမင္တစ္ခုကေတာ့ လီဗာပူးအသင္းဟာ ဆုဖလားေတြကို ၀ယ္ယူေတယ္ ဆိုတာ ျဖစ္ပါတယ္။ ဒါကို ေျပာေနတာက အလြန္ခ်မ္းသာပါတယ္ဆိုတဲ့ မန္စီးတီး ပရိသတ္ တစ္ဦး ျဖစ္တဲ့ ကေ်နာ္ပါ။ ဒါေပမယ့္ ဒါ တကယ္ က်ေနာ့္ အျမင္ပါပဲ။

က်ေနာ္ အၾကိမ္ေပါင္းမ်ားစြာ ေလ့လာသံုးသပ္တယ္ ေစာင့္ၾကည့္တယ္။ ေနာက္ဆံုး ေကာက္ခ်က္က အဲဒီလိုပဲ ထြက္တယ္။ လီဗာပူးက လံုး၀ အလန္းစား လုပ္ျပထားတာပါ။ သိပ္ေတာ္လြန္းတဲ့ မန္ေနဂ်ာ၊ ကစားသမားေခၚယူမႈေကာင္းေတြလည္း လုပ္တယ္။ ဒါေပမယ့္ ေပါင္ သန္း ၄၀၀ ေက်ာ္ သံုးထားခဲ့တာေနာ္။

သူတို႔က ထူးျခားတဲ့ စပါယ္ရွယ္နည္းလမ္းေတြ သူမ်ားနဲ႕ မတူတာေတြ လုပ္ျပေနတာ အစရွိတဲ့ အမႊမ္းတင္မႈေတြကို က်ေနာ္ကေတာ့ ေတာ္ေတာ္ နားၾကားျပင္းကပ္ေနခဲ့ျပီ။ သူတို႔ ေငြေတြ အမ်ားၾကီး သံုးျပီး ကစားသမားေကာင္းေတြ အမ်ားၾကီး ၀ယ္ထားတယ္။ ဒါေၾကာင့္ပဲ သူတို႔ အခုလို ေကာင္းလာတာပါ။

သူတို႔မွာ ေရာ္ဘတ္ဆန္လို ေစ်းခ်ိဳခ်ိဳနဲ႕ ေခၚယူမႈေကာင္းေတြ လုပ္နုိင္ခဲ့တာ ရွိတယ္။ ထရန္႔ အလက္ဇန္းဒါး အာနိုးလို အကယ္ဒမီလူငယ္ေကာင္ ရထားတယ္။ ဒါေပမယ့္ ဒါေတြ အျပင္ ေ-ာက္ရမ္း မ်ားတဲ့ ေငြေတြ သံုးခဲ့ေသးတယ္ဆိုတာ ျငင္းလို႔ မရဘူး။ ဒါက အခ်က္တစ္ခ်က္ အျဖစ္ လက္ကိုခံရမွာ ျဖစ္တယ္။

(သက္ျပင္းခ်က္လိုက္ျပီးေနာက္) .. ဒီမွာ ၾကည့္။ အိုေခ စတီဗင္ (မန္စီးတီး ပရိသတ္) ဆိုတာက လူတိုင္း တံဆိပ္ကပ္ေနသလို ခပ္ရမ္းရမ္း စီးတီး ပရိသတ္ခ်ည္း သက္သက္ မဟုတ္ပါဘူး။ လီဗာပူးအသင္းဟာ လိုအပ္တဲ့ေနရာေတြမွာ သိသိသာသာ တိုးတက္လာေအာင္ လုပ္ထားတာကို အသိအမွတ္ျပဳပါတယ္။

ဆာဒီယို မာေနး၊ မိုဟာမက္ ဆာလာက္နဲ႕ ဖာမီနုိတို႔ အားလံုးက မန္စီးတီး မန္ဒီ၊ ကန္ဆယ္လိုနဲ႕ မာရက္ဇ္တို႔ကို ၀ယ္ခဲ့တာထက္ ေစ်းခ်ိဳပါတယ္။ ဒါ့အျပင္ ေရာ္ဘတ္ဆန္၊ မာတစ္၊ ဂိုမက္ဇ္၊ ေမနာ၊ ဟန္ဒါဆန္တို႔ အားလံုးကလည္ မန္စီးတီး ဘရာဗိုကို ၀ယ္ခဲ့တာထက္ ေစ်းတူ ဒါမွမဟုတ္ ေစ်းသက္သက္သာသာနဲ႕ ရထားခဲ့တာပါ။

ဒါေပမယ့္ လီဗာပူးက အယ္လစ္ဆန္၊ ဗန္ဒိုက္တို႔ကို ေၾကးၾကီးေပး၀ယ္ ေငြသံုးခဲ့တာသာ မလုပ္ခဲ့ရင္ အခုလို အေနအထားမွာ ရွိပါ့မလား။ လံုး၀ပါပဲ။ လိဂ္မွာ ဗိုလ္စြဲေလာက္ေအာင္ အာမခံခ်က္ ေပးနိုင္မယ့္ ဒီကစားသမား နွစ္ေယာက္ကို ၀ယ္ယူလိုက္တာ အတြက္ ဆုဖလားေတြကို လီဗာပူးက ၀ယ္တယ္ ေျပာလိုက္ရင္ က်ေနာ္တို႔က ထူးျပီး ရိုင္းတဲ့သူေတြ ျဖစ္သြားေရာ။

အနည္းဆံုး ဒီကစားသမား နွစ္ေယာက္ကို ေငြပံုျပီး မသံုးခဲ့ရင္ ကမၻာ့အေကာင္းဆံုးလို႔ သူတို႔ ေျပာေနၾကတဲ့ ေနရာကို ေရာက္နုိင္ၾကမလား။ လက္စတာအသင္း လိဂ္ကို ၾကားျဖတ္ ထူးထူးျခားျခား ဗိုလ္စြဲသြားတဲ့ တစ္နွစ္ကလြဲလို႔ ဆုဖလားေအာင္ျမင္မႈေတြ ယူတဲ့အသင္းေတြမွာ ေငြက အျမဲပါေနတာပဲ။ လီဗာပူးက သူတို႔ ေအာင္ျမင္မႈေတြကို ၀ယ္ယူခဲ့တာ ျဖစ္တယ္။ စီးတီး သံုးခဲ့တဲ့ ေငြေၾကး ပမာဏထက္ နည္းခ်င္ နည္းမယ္ ဒါေပမယ့္ ၀ယ္ခဲ့ရတာ အမွန္ပဲ။ ” လုိ႔ ၄င္းက ေျပာဆိုထားခဲ့ပါတယ္။

အထက္က စီးတီးပရိသတ္ရဲ႕ အျမင္ျဖစ္ျပီးေတာ့ ျပီးခဲ့တဲ့ ငါးနွစ္အတြင္း ကစားသမား ၀ယ္ယူမႈမွတ္တမ္းေတြကို ျပန္ၾကည့္ရင္ေတာ့ ေအာက္ပါ အတိုင္းေတြ႔ရမွာ ျဖစ္ပါတယ္။ လီဗာပူးက ငါးနွစ္အတြင္း ေပါင္သန္း ၉၀ ေက်ာ္ အသားတင္ သံုးထားခ်ိန္မွာ မန္စီးတီးက ေပါင္ သန္း ၅၀၀ ေက်ာ္ သံုးစြဲထားတာပါ။