ယူနိုက်တက်ဂန္တဝင်ကြီး ဖာဒီနန်က ၎င်းရဲ့အသင်းနဲ့ လီဗာပူးအသင်းကြား ကွာခြားမှုကို ထောက်ပြရာမှာ လီဗာပူးဘုတ်အဖွဲ့တွေက အသင်းသွားလိုတဲ့ စနစ်အတွက် အကောင်းဆုံး ကစားသမားတွေကိုပဲ ရေရှည်အတွက် ခေါ်ယူလိုခြင်းက အဓိကဖြစ်တယ်လို့ ဖြစ်တယ်။

သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ နှစ်သင်းအနက် အောင်မြင်မှုတွေ ဝေးကွာနေခဲ့တဲ့ လီဗာပူးဟာ ဆုဖလားတွေကို ပြန်လည် ပိုင်ဆိုင်လာပြီး အဓိကဆုဖလားတွေကို စိန်ခေါ်ချိန်မှာ ယူနိုက်တက်က လမ်းကြောင်းမှန်ပေါ်ကနေ ဖဲ့ခွာလာနေခဲ့တာပါ။ မနှစ်တုန်းက ရမှတ်တွေ အများကြီး ပြတ်ခဲ့သလိုပဲ ဒီရာသီမှာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ ရမှတ် ၃၀ တောင် ပြတ်ကျန်နေခဲ့ပါပြီ။

ဖာဒီနန်ကတော့ ယူနိုက်တက်အနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တက်လိုတယ်ဆိုရင် လီဗာပူးရဲ့ အုပ်ချုပ်မှုနဲ့ စနစ်အတွက် လူအင်အားဖြည့်တင်းမှုတွေကို အတုယူရမယ်လို့ ဥပမာပေးခဲ့တာဖြစ်တယ်။

ဖာဒီနန်က “ လီဗာပူးကို ကြည့်မယ်ဆိုရင် ဆန္ဒပြင်းပြနေတဲ့ လူတိုင်းက အသင်းတစ်သင်းအနေနဲ့ ရှိနေတာကို မြင်ရပါလိမ့်မယ်။ သူတို့က လူမဝယ်ပါဘူး ဘာလို့လည်းဆိုတော့ နေရာတိုင်းမှာ အကောင်းဆုံး ကစားသမားတွေ ရှိနေလို့ပါပဲ။ သူတို့က ကစားတဲ့ စနစ်နဲ့ တကယ်ကို ကိုက်ညီမယ့် အကောင်းဆုံးဆိုသူတွေကိုပဲ ခေါ်ယူပါတယ်။ သူတို့စနစ်မှာ နှစ်တွေအကြာကြီး ကစားပေးနိုင်မယ့် သူတွေကိုပဲ ခေါ်ယူပါတယ်။

ဒါက ကာလတိုအတွက် အဖြေရှာဖို့ မဟုတ်ပါဘူး ရေရှည်အတွက် အဖြေရှာမှု ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ကာလတိုအတွက်ပဲ ဦးစားပေးပါတယ်။ ဆန်းချက်က ဥပမာကောင်းပါပဲ။ ပြဿနာကို ခပ်မြန်မြန်ပဲ ဖြေရှင်းဖို့ ကြိုးစားတယ် ဒါပေမယ့် အဲ့တာက အလုပ်မဖြစ်ပါဘူး ” လို့ ချီးကျူးခဲ့တာဖြစ်တယ်။

လီဗာပူးကို ပိုင်ဆိုင်ကာစက FSG ဟာ ဝေဖန်မှုတွေ အများကြီး ရှိခဲ့ပေမယ့် သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ကို ဦးစားပေးမှုမှာ လီဗာပူးက ဘဏ္ဍာရေး အခြေခိုင်လာခဲ့ပြီး ကာလရှည် တည်ဆောက်မှုရဲ့ အသီးအပွင့်ကို ခံစားလာရပြီဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဂႏၱဝင္ၾကီး ဖာဒီနန္က ၄င္းရဲ႕အသင္းနဲ႔ လီဗာပူးအသင္းၾကား ကြာျခားမႈကို ေထာက္ျပရာမွာ လီဗာပူးဘုတ္အဖြဲ႔ေတြက အသင္းသြားလိုတဲ့ စနစ္အတြက္ အေကာင္းဆံုး ကစားသမားေတြကိုပဲ ေရရွည္အတြက္ ေခၚယူလိုျခင္းက အဓိကျဖစ္တယ္လို႔ ျဖစ္တယ္။

သမိုင္းတစ္ေလွ်ာက္ ျပိဳင္ဆိုင္မႈ ျပင္းထန္လွတဲ့ ႏွစ္သင္းအနက္ ေအာင္ျမင္မႈေတြ ေဝးကြာေနခဲ့တဲ့ လီဗာပူးဟာ ဆုဖလားေတြကို ျပန္လည္ ပိုင္ဆုိင္လာျပီး အဓိကဆုဖလားေတြကို စိန္ေခၚခ်ိန္မွာ ယူႏုိက္တက္က လမ္းေၾကာင္းမွန္ေပၚကေန ဖဲ့ခြာလာေနခဲ့တာပါ။ မႏွစ္တုန္းက ရမွတ္ေတြ အမ်ားၾကီး ျပတ္ခဲ့သလိုပဲ ဒီရာသီမွာ ယူႏုိက္တက္ဟာ လီဗာပူးနဲ႔ ရမွတ္ ၃၀ ေတာင္ ျပတ္က်န္ေနခဲ့ပါျပီ။

ဖာဒီနန္ကေတာ့ ယူႏုိက္တက္အေနနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္တက္လိုတယ္ဆိုရင္ လီဗာပူးရဲ႕ အုပ္ခ်ဳပ္မႈနဲ႔ စနစ္အတြက္ လူအင္အားျဖည့္တင္းမႈေတြကို အတုယူရမယ္လို႔ ဥပမာေပးခဲ့တာျဖစ္တယ္။

ဖာဒီနန္က “ လီဗာပူးကို ၾကည့္မယ္ဆိုရင္ ဆႏၵျပင္းျပေနတဲ့ လူတိုင္းက အသင္းတစ္သင္းအေနနဲ႔ ရွိေနတာကို ျမင္ရပါလိမ့္မယ္။ သူတို႔က လူမဝယ္ပါဘူး ဘာလို႔လည္းဆိုေတာ့ ေနရာတိုင္းမွာ အေကာင္းဆံုး ကစားသမားေတြ ရွိေနလို႔ပါပဲ။ သူတို႔က ကစားတဲ့ စနစ္နဲ႔ တကယ္ကို ကိုက္ညီမယ့္ အေကာင္းဆံုးဆိုသူေတြကိုပဲ ေခၚယူပါတယ္။ သူတို႔စနစ္မွာ ႏွစ္ေတြအၾကာၾကီး ကစားေပးႏုိင္မယ့္ သူေတြကိုပဲ ေခၚယူပါတယ္။

ဒါက ကာလတိုအတြက္ အေျဖရွာဖို႔ မဟုတ္ပါဘူး ေရရွည္အတြက္ အေျဖရွာမႈ ျဖစ္ပါတယ္။ ယူႏုိက္တက္ကေတာ့ ကာလတိုအတြက္ပဲ ဦးစားေပးပါတယ္။ ဆန္းခ်က္က ဥပမာေကာင္းပါပဲ။ ျပႆနာကို ခပ္ျမန္ျမန္ပဲ ေျဖရွင္းဖို႔ ၾကိဳးစားတယ္ ဒါေပမယ့္ အဲ့တာက အလုပ္မျဖစ္ပါဘူး ” လို႔ ခ်ီးက်ဴးခဲ့တာျဖစ္တယ္။

လီဗာပူးကို ပိုင္ဆုိင္ကာစက FSG ဟာ ေဝဖန္မႈေတြ အမ်ားၾကီး ရွိခဲ့ေပမယ့္ သူတို႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ကို ဦးစားေပးမႈမွာ လီဗာပူးက ဘ႑ာေရး အေျခခိုင္လာခဲ့ျပီး ကာလရွည္ တည္ေဆာက္မႈရဲ႕ အသီးအပြင့္ကို ခံစားလာရျပီျဖစ္ပါတယ္။