မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ အမှတ်ပေးပွဲကို ၄ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် လီဗာပူးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲတွေအတွင်း ရမှတ်ရနိုင်တဲ့ ၁၀၂ မှတ်မှာ ရမှတ် ၁၀၀ ထိ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အန်ဖီးကွင်းမှာ အမှတ်ပေးပွဲပေါင်း ၂၀ အထိကို ဆက်တိုက် အနိုင်ရခဲ့တဲ့နောက် လီဗာပူးကို လျှပ်စီးကြောင်းလိုအသင်းအဖြစ် ချီးကျူးမှုရှိခဲ့သလို အင်္ဂလန်ရူဘီလက်ရွေးစင်အသင်း မန်နေဂျာချုပ်ကလည်း သူ့အသင်းကို လီဗာပူးလိုပဲ ကြမ်းကြုတ်ရက်စက်စွာ ကစားပြီး အနိုင်ယူမရတဲ့အသင်းအဖြစ် အားလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလိုတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဘီဘီစီက သုံးသပ်သူတစ်ဦးဖြစ်တဲ့ စတီဗင်ကယ်လီ က ” အချိန်တိုင်း လီဗာပူးက စံချိန်တွေကို ချိုးဖျက်နေတယ်။ ပြိုင်ဘက်က ဘယ်လိုအသင်းဖြစ်ပါစေ သူတို့က အနိုင်ယူဖို့ နည်းလမ်းကို ရှာဖွေနိုင်နေတယ်။ ဘယ်လို စိတ်ခေါ်မှုကိုပဲ ရင်ဆိုင်ရပါစေ သူတို့က တုန့်ပြန်ဖို့ အဆင်သင့်ရှိတယ်။ သူတို့ကို ရပ်တန့်နိုင်ဖို့ မမြင်ပါဘူး။

လီဗာပူး လျှပ်စစ်စီးကြောင်းလိုပါပဲ။ ကောင်တာ တိုက်စစ် ကစားချိန်ဆို ရှေ့ကို လျင်လျင်မြန်မြန်ပဲ ရောက်သွားတယ် မှန်ကန်တဲ့ ပေးပို့မှုတွေ လုပ်တယ်။ သူတို့ကို ထိုင်ကြည့်နေရတာကိုက လန်းလွန်းပါတယ်။ ရှေ့ဆက်သွားနေတဲ့ အသင်းကောင်း တစ်သင်းပါ။ ” လို့ ညွှန်းဆိုခဲ့တယ်။

အင်္ဂလန်အသင်း ရပ်ဘီ မန်နေဂျာချုပ် အက်ဒီဂျုန်းကဆိုရင် သူ့အသင်းကိုတောင် လီဗာပူးနဲ့ ခိုင်းနှိုင်းဖော်ပြမှုကို မီဒီယာတွေ့ဆုံမှုမှာပဲ လုပ်သွားခဲ့သေးတာဖြစ်တယ်။

အယ်ဒီဂျုန်းက ” ကျနော်တို့အားလုံးက လီဗာပူးလို ဖြစ်လိုနေကြတယ်။ လူတိုင်းက လီဗာပူးကစားတာကို ကြည့်လိုကြတယ် ဘာလို့လည်းဆိုတော့ သူတို့က ရက်စက်စွာ ကစားတယ်လေ။ တောက်လောင်နေတဲ့ ဆန္ဒမီးတွေနဲ့ ကစားကြပြီး ဘယ်လိုမှလည်း အနိုင်ယူလို့ မရဘူး။ ကျနေ်ာတို့ အသင်းကိုလည်း လီဗာပူးလိုမျိုး လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရှိနေစေချင်တယ်။ အဲ့သည်လို လူတွေရဲ့ ချီးကျူးပြောဆိုမှုက ကျနေ်ာတို့အပေါ် သက်ရောက်မှု ရှိပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မေန႔ညက ယွဥ္ျပိဳင္ကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ အမွတ္ေပးပြဲကို ၄ ဂိုးျပတ္ အႏုိင္ရခဲ့တာေၾကာင့္ လီဗာပူးဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပရီးမီးယားလိဂ္ပြဲေတြအတြင္း ရမွတ္ရႏုိင္တဲ့ ၁၀၂ မွတ္မွာ ရမွတ္ ၁၀၀ ထိ ရယူႏုိင္ခဲ့ျပီျဖစ္ပါတယ္။

အန္ဖီးကြင္းမွာ အမွတ္ေပးပြဲေပါင္း ၂၀ အထိကို ဆက္တိုက္ အႏုိင္ရခဲ့တဲ့ေနာက္ လီဗာပူးကို လွ်ပ္စီးေၾကာင္းလိုအသင္းအျဖစ္ ခ်ီးက်ဴးမႈရွိခဲ့သလို အဂၤလန္ရူဘီလက္ေရြးစင္အသင္း မန္ေနဂ်ာခ်ဳပ္ကလည္း သူ႔အသင္းကို လီဗာပူးလိုပဲ ၾကမ္းၾကဳတ္ရက္စက္စြာ ကစားျပီး အႏုိင္ယူမရတဲ့အသင္းအျဖစ္ အားလံုးရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားလိုတယ္လို႔ ဝန္ခံလိုက္ပါတယ္။

ဘီဘီစီက သံုးသပ္သူတစ္ဦးျဖစ္တဲ့ စတီဗင္ကယ္လီ က ” အခ်ိန္တိုင္း လီဗာပူးက စံခ်ိန္ေတြကို ခ်ိဳးဖ်က္ေနတယ္။ ျပိဳင္ဘက္က ဘယ္လိုအသင္းျဖစ္ပါေစ သူတို႔က အႏုိင္ယူဖို႔ နည္းလမ္းကို ရွာေဖြႏုိင္ေနတယ္။ ဘယ္လို စိတ္ေခၚမႈကိုပဲ ရင္ဆိုင္ရပါေစ သူတို႔က တုန္႔ျပန္ဖို႔ အဆင္သင့္ရွိတယ္။ သူတို႔ကို ရပ္တန္႔ႏုိင္ဖို႔ မျမင္ပါဘူး။

လီဗာပူး လွ်ပ္စစ္စီးေၾကာင္းလုိပါပဲ။ ေကာင္တာ တိုက္စစ္ ကစားခ်ိန္ဆို ေရွ႕ကို လ်င္လ်င္ျမန္ျမန္ပဲ ေရာက္သြားတယ္ မွန္ကန္တဲ့ ေပးပို႔မႈေတြ လုပ္တယ္။ သူတို႔ကို ထိုင္ၾကည့္ေနရတာကိုက လန္းလြန္းပါတယ္။ ေရွ႕ဆက္သြားေနတဲ့ အသင္းေကာင္း တစ္သင္းပါ။ ” လို႔ ညႊန္းဆိုခဲ့တယ္။

အဂၤလန္အသင္း ရပ္ဘီ မန္ေနဂ်ာခ်ဳပ္ အက္ဒီဂ်ဳန္းကဆိုရင္ သူ႔အသင္းကိုေတာင္ လီဗာပူးနဲ႔ ခိုင္းႏိႈင္းေဖာ္ျပမႈကို မီဒီယာေတြ႔ဆံုမႈမွာပဲ လုပ္သြားခဲ့ေသးတာျဖစ္တယ္။

အယ္ဒီဂ်ဳန္းက ” က်ေနာ္တို႔အားလံုးက လီဗာပူးလို ျဖစ္လိုေနၾကတယ္။ လူတိုင္းက လီဗာပူးကစားတာကို ၾကည့္လိုၾကတယ္ ဘာလို႔လည္းဆိုေတာ့ သူတို႔က ရက္စက္စြာ ကစားတယ္ေလ။ ေတာက္ေလာင္ေနတဲ့ ဆႏၵမီးေတြနဲ႔ ကစားၾကျပီး ဘယ္လိုမွလည္း အႏုိင္ယူလို႔ မရဘူး။ က်ေန္ာတို႔ အသင္းကိုလည္း လီဗာပူးလိုမ်ိဳး လူတိုင္းရဲ႕ ပါးစပ္ဖ်ားမွာ ရွိေနေစခ်င္တယ္။ အဲ့သည္လို လူေတြရဲ႕ ခ်ီးက်ဴးေျပာဆိုမႈက က်ေန္ာတုိ႔အေပၚ သက္ေရာက္မႈ ရွိပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။