လီဗာပူးအသင်းဟာ ညက ပရီးမီးယားလိဂ်ပွဲမှာ ဆောက်သမ်တန်အသင်းကို ဒုတိယပိုင်း သွင်းဂိုးများနဲ့ လေးဂိုး ဂိုး မရှိ ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ယာဂင်ကလော့ပ်ကတော့ လီဗာပူးအသင်းဟာ ပြီးပြည့်စုံတဲ့ အဆင့်နား မနီးစပ်သေးကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။

ဆောက်သမ်တန်ကို နိုင်လိုက်တာကြောင့် လီဗာပူးအသင်းဟာ ၂၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၇၃ မှတ်ထိ ရောက်သွားခဲ့ပြီ ဖြစ်ကာ တနင်္ဂနွေနေ့ ပွဲစဉ်များ မတိုင်ခင်မှာ စီးတီးကို ၂၂ မှတ်ထိ ဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ စိန့်တွေကို နိုင်တဲ့ပွဲမှာ အယ်လစ်ဆန်ရဲ့ ကာကွယ်မှုတွေက အခရာ ကျခဲ့ပြီး လီဗာပူးက လိုအပ်ချက်တွေ ရှိနေတယ်လို့ ကလော့ပ်က ဝန်ခံလိုက်ပါတယ်။

” ဒီနေ့မှာ ဒီပွဲ မတိုင်ခင်တည်းက ကျနော် နည်းနည်း စိတ်ပူနေခဲ့တယ်။ ကျနော်က တော်တော် အကောင်းမြင်တတ်တဲ့သူလို့ ဆိုရမှာပါ ဒါပေမယ့် ဘောလုံးပွဲ တစ်ပွဲမတိုင်ခင်တော့ မဟုတ်ဘူး။ ဘာတွေ ဖြစ်သွားနိုင်လဲဆိုတာ ကျနော် တွေ့ကြုံခဲ့ရတာ ကြာခဲ့ပြီ။ ဘောလုံး ဆိုတာက ဦးတည်ရာ အမျိုးမျိုး သွားနေသလို မထင်တာတွေလည်း ဖြစ်လာတတ်တယ်လေ။

ဒီနေ့ဆို ဆောက်သမ်တန်က ကန်ချက်တွေ အများကြီး ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အလီ (အယ်လစ်ဆန်) က ဒီကန်ချက်တွေကို အဆုံးသတ် ပေးနိုင်ခဲ့တယ်။ သူ ဘယ်လိုတောင် လုပ်ခဲ့သလဲ ကျနော် သိကို မသိတော့အောင်ပဲ။ ကြည့်လိုက်ရင် ဆောက်သမ်တန်က အဆုံးသတ် မကောင်းဘူးလို့ ထင်ကြမယ် ဒါပေမယ့် သူတို့က တော်တော်ကို ကောင်းတဲ့ အသင်းလို့ ကျနော်တော့ ထင်တယ်။ အလီ ရှိနေလို့သာပေါ့။

ကျနေ်ာတို့ ပြီးပြည့်စုံတဲ့ အနေအထား မရှိခဲ့ပါဘူး။ ပြည့်စုံတယ် ဆိုတဲ့ နားကို မနီးစပ်ခဲ့ဘူး။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ အနေအထား ဖြစ်ဖို့လည်း ကျနေ်ာတို့ ဂရုမစိုက်ဘူး။ ကိုယ့် အရည်အချင်းကိုယ် အဖြစ်နိုင်ဆုံး နည်းလမ်းနဲ့ ပြသဖို့သာ ကြိုးစားခဲ့တယ်။ ဒါကြောင့်လည်း ဒီလို ကိန်းဂဏန်းတွေ ပိုင်ဆိုင်နေတာ ဖြစ်ပါမယ်။ ” လို့ ယာဂင်ကလော့ပ်က ဆိုပါတယ်။

ဆောက်သမ်တန်အသင်းဟာ လီဗာပူးဘက်ကို ပထမပိုင်းမှာ တော်တော် ယှဉ်ကစားနိုင်ခဲ့ပြီး ဂိုးကန်ချက်ကောင်းတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသမား အယ်လစ်ဆန်ကတော့ ထူးချွန်စွာ ကာကွယ်သွားခဲ့ပြီး တစ်ဂိုးမှ မပေးခဲ့ရပါဘူး။ ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်းက ပွဲကို စီးနိုင်ခဲ့ပြီး ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့တာပါ။

Zawgyi – လီဗာပူးအသင္းဟာ ညက ပရီးမီးယားလိဂ္ပြဲမွာ ေဆာက္သမ္တန္အသင္းကို ဒုတိယပိုင္း သြင္းဂိုးမ်ားနဲ႕ ေလးဂိုး ဂိုး မရွိ ရလဒ္ျဖင့္ အနုိင္ရခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ နည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ လီဗာပူးအသင္းဟာ ျပီးျပည့္စံုတဲ့ အဆင့္နား မနီးစပ္ေသးေၾကာင္း မွတ္ခ်က္ျပဳ ခဲ့ပါတယ္။

ေဆာက္သမ္တန္ကို နုိင္လိုက္တာေၾကာင့္ လီဗာပူးအသင္းဟာ ၂၅ ပြဲ ကစားျပီးခ်ိန္မွာ ရမွတ္ ၇၃ မွတ္ထိ ေရာက္သြားခဲ့ျပီ ျဖစ္ကာ တနဂၤေႏြေန႔ ပြဲစဥ္မ်ား မတိုင္ခင္မွာ စီးတီးကို ၂၂ မွတ္ထိ ျဖတ္လိုက္ျပီ ျဖစ္ပါတယ္။ စိန္႔ေတြကို နုိင္တဲ့ပြဲမွာ အယ္လစ္ဆန္ရဲ႕ ကာကြယ္မႈေတြက အခရာ က်ခဲ့ျပီး လီဗာပူးက လိုအပ္ခ်က္ေတြ ရွိေနတယ္လို႔ ကေလာ့ပ္က ၀န္ခံလိုက္ပါတယ္။

” ဒီေန႔မွာ ဒီပြဲ မတိုင္ခင္တည္းက က်ေနာ္ နည္းနည္း စိတ္ပူေနခဲ့တယ္။ က်ေနာ္က ေတာ္ေတာ္ အေကာင္းျမင္တတ္တဲ့သူလို႔ ဆိုရမွာပါ ဒါေပမယ့္ ေဘာလံုးပြဲ တစ္ပြဲမတိုင္ခင္ေတာ့ မဟုတ္ဘူး။ ဘာေတြ ျဖစ္သြားနုိင္လဲဆိုတာ က်ေနာ္ ေတြ႕ၾကံဳခဲ့ရတာ ၾကာခဲ့ျပီ။ ေဘာလံုး ဆိုတာက ဦးတည္ရာ အမ်ိဳးမ်ိဳး သြားေနသလို မထင္တာေတြလည္း ျဖစ္လာတတ္တယ္ေလ။

ဒီေန႔ဆို ေဆာက္သမ္တန္က ကန္ခ်က္ေတြ အမ်ားၾကီး ျပဳလုပ္ခဲ့တယ္။ ဒါေပမယ့္ အလီ (အယ္လစ္ဆန္) က ဒီကန္ခ်က္ေတြကို အဆံုးသတ္ ေပးနုိင္ခဲ့တယ္။ သူ ဘယ္လိုေတာင္ လုပ္ခဲ့သလဲ က်ေနာ္ သိကို မသိေတာ့ေအာင္ပဲ။ ၾကည့္လိုက္ရင္ ေဆာက္သမ္တန္က အဆံုးသတ္ မေကာငး္ဘူးလို႔ ထင္ၾကမယ္ ဒါေပမယ့္ သူတို႔က ေတာ္ေတာ္ကို ေကာငး္တဲ့ အသင္းလို႔ က်ေနာ္ေတာ့ ထင္တယ္။ အလီ ရွိေနလို႔သာေပါ့။

က်ေန္ာတို႔ ျပီးျပည့္စံုတဲ့ အေနအထား မရွိခဲ့ပါဘူး။ ျပည့္စံုတယ္ ဆိုတဲ့ နားကို မနီးစပ္ခဲ့ဘူး။ ဒါေပမယ့္ ျပီးျပည့္စံုတဲ့ အေနအထား ျဖစ္ဖို႔လည္း က်ေန္ာတို႔ ဂရုမစိုုက္ဘူး။ ကုိယ့္ အရည္အခ်င္းကိုယ္ အျဖစ္နုိင္ဆံုး နည္းလမ္းနဲ႕ ျပသဖို႕သာ ၾကိဳးစားခဲ့တယ္။ ဒါေၾကာင့္လည္း ဒီလို ကိန္းဂဏန္းေတြ ပိုင္ဆိုင္ေနတာ ျဖစ္ပါမယ္။ ” လို႔ ယာဂင္ကေလာ့ပ္က ဆိုပါတယ္။

ေဆာက္သမ္တန္အသင္းဟာ လီဗာပူးဘက္ကို ပထမပိုင္းမွာ ေတာ္ေတာ္ ယွဥ္ကစားနုိင္ခဲ့ျပီး ဂိုးကန္ခ်က္ေကာင္းေတြလည္း ျပဳလုပ္နုိင္ခဲ့့ပါတယ္။ ဒါေပမယ့္ ဂိုးသမား အယ္လစ္ဆန္ကေတာ့ ထူးခၽြန္စြာ ကာကြယ္သြားခဲ့ျပီး တစ္ဂိုးမွ မေပးခဲ့ရပါဘူး။ ဒုတိယပိုင္းမွာေတာ့ လီဗာပူးအသင္းက ပြဲကို စီးနုိင္ခဲ့ျပီး ဂိုးေတြ ဆက္တိုက္ သြင္းယူနိုင္ခဲ့တာပါ။