လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲအပြီးမှာ လီဗာပူးက လုံးဝကို လျော့တွက်လို့မရတဲ့ အသင်းဖြစ်သလို အနိုင်ယူလို့မရတဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ပွဲအပြီး ဝန်ခံပြောဆိုခဲ့တဲ့ ပြိုင်ဘက်မန်နေဂျာက ဆက်လက်ပြီးလည်း ချီးကျူးစကား ပြောဆိုပါတယ်။

ပရီးမီးယားလိဂ် ကြီး ၆ ကြီး ပြင်ပမှာ ခြေစွမ်း အတိုးတက်ဆုံးလို့ ဆိုနိုင်တဲ့ ဆောက်သမ်တန်ဟာ လီဗာပူးကို ပထမပိုင်းမှာ အတော်လေး ဒုက္ခပေးနိုင်ခဲ့တာပါ။ လီဗာပူးဘက်က ဆောက်သမ်တန်ကို တားဆီးဖို့ ခက်ခဲနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ စက္ကန့်ပိုင်းအတွင်း ခံစစ်ကနေ တိုက်စစ်ကို လျှင်မြန်စွာ ကူးပြောင်းနိုင်မှုနဲ့အတူ သွင်းဂိုးတွေကို အဆင့်အတန်းမြင့်မြင့် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဟန်ဆယ်ဟော့က ” သွင်းဂိုးရပြီးနောက် သူတို့ နေရာလွတ်တွေ ဆက်တိုက်ရခဲ့တာက ထင်ရှားပါတယ်။ ကျနေ်ာတို့ အကောင်းဆုံးနဲ့ ကိုယ်လုပ်နိုင်သလောက်ကို ထိပ်တန်းအသင်းတစ်သင်း ခြေစွမ်းနဲ့ လီဗာပူးကို ကြိုးစား ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်။

၁၀ စက္ကန့်နဲ့ ၁၅ စက္ကန်ပလောက်အတွင်း ဖြစ်သွားတဲ့ ဆုံးဖြတ်ချက်တွေက ကျနော်အတွက်တော့ အရမ်းကို မြန်ဆန်လွန်းပါတယ်။ ဒါတွေကို မြင်လိုက်ရဖို့လည်း မလွယ်ခဲ့ဘူး။ ဒီနေ့မှာ ကျနေ်ာတို့ အတော်လေးကို လုပ်နိုင်ကိုင်နိုင်ခဲ့ပြီး ဧရိယာထဲထိ ဝင်ရောက်နိုင်ခဲ့ကာ ဂိုးလည်း ရခဲ့သင့်ပေမယ့် မရယူနိုင်ခဲ့ဘူး။ လီဗာပူးနဲ့ ရင်ဆိုင်ကစားဖို့ဆိုရင် ပြီးပြည့်စုံနေအောင်ကို ကစားနိုင်ဖို့ လိုပါတယ်။

လီဗာပူးကို ဂုဏ်ပြုစကား ပြောလိုပါတယ်။ သူတို့ကို ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပြီး အစောပိုင်းမှာ သူတို့ကို ဖိအားတွေ ဝင်စေခ့ပါသေးတယ်။ ပွဲက ကြည့်လို့လည်း အရမ်းကောင်းခဲ့တယ်။ အန်ဖီးကွင်းမှာ ကစားရတာက လူတိုင်းအတွက် သိပ်ကို ကြီးမားတဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ ကျနေ်ာတို့ ရမှတ်တစ်မှတ်မှ မရခဲ့ပေမယ့် ဒီပွဲကို ပျော်ရွှင်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ေဆာက္သမ္တန္ပြဲအျပီးမွာ လီဗာပူးက လံုးဝကို ေလ်ာ့တြက္လို႔မရတဲ့ အသင္းျဖစ္သလို အႏုိင္ယူလို႔မရတဲ့ အသင္းတစ္သင္းျဖစ္တယ္လို႔ ပြဲအျပီး ဝန္ခံေျပာဆိုခဲ့တဲ့ ျပိဳင္ဘက္မန္ေနဂ်ာက ဆက္လက္ျပီးလည္း ခ်ီးက်ဴးစကား ေျပာဆိုပါတယ္။

ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီး ျပင္ပမွာ ေျခစြမ္း အတိုးတက္ဆံုးလို႔ ဆိုႏုိင္တဲ့ ေဆာက္သမ္တန္ဟာ လီဗာပူးကို ပထမပိုင္းမွာ အေတာ္ေလး ဒုကၡေပးႏုိင္ခဲ့တာပါ။ လီဗာပူးဘက္က ေဆာက္သမ္တန္ကို တားဆီးဖို႔ ခက္ခဲေနခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ စကၠန္႔ပိုင္းအတြင္း ခံစစ္ကေန တိုက္စစ္ကို လွ်င္ျမန္စြာ ကူးေျပာင္းႏုိင္မႈနဲ႔အတူ သြင္းဂိုးေတြကို အဆင့္အတန္းျမင့္ျမင့္ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ပြဲအျပီးမွာ ဟန္ဆယ္ေဟာ့က ” သြင္းဂိုးရျပီးေနာက္ သူတို႔ ေနရာလြတ္ေတြ ဆက္တိုက္ရခဲ့တာက ထင္ရွားပါတယ္။ က်ေန္ာတို႔ အေကာင္းဆံုးနဲ႔ ကိုယ္လုပ္ႏုိင္သေလာက္ကို ထိပ္တန္းအသင္းတစ္သင္း ေျခစြမ္းနဲ႔ လီဗာပူးကို ၾကိဳးစား ယွဥ္ျပိဳင္ခဲ့တာျဖစ္တယ္။

၁၀ စကၠန္႔နဲ႔ ၁၅ စကၠန္ပေလာက္အတြင္း ျဖစ္သြားတဲ့ ဆံုးျဖတ္ခ်က္ေတြက က်ေနာ္အတြက္ေတာ့ အရမ္းကို ျမန္ဆန္လြန္းပါတယ္။ ဒါေတြကို ျမင္လိုက္ရဖို႔လည္း မလြယ္ခဲ့ဘူး။ ဒီေန႔မွာ က်ေန္ာတို႔ အေတာ္ေလးကို လုပ္ႏုိင္ကိုင္ႏုိင္ခဲ့ျပီး ဧရိယာထဲထိ ဝင္ေရာက္ႏုိင္ခဲ့ကာ ဂိုးလည္း ရခဲ့သင့္ေပမယ့့္ မရယူႏုိင္ခဲ့ဘူး။ လီဗာပူးနဲ႔ ရင္ဆိုင္ကစားဖို႔ဆိုရင္ ျပီးျပည့္စံုေနေအာင္ကို ကစားႏုိင္ဖို႔ လိုပါတယ္။

လီဗာပူးကို ဂုဏ္ျပဳစကား ေျပာလိုပါတယ္။ သူတို႔ကို ဖိအားေပးႏုိင္ဖို႔ ၾကိဳးစားခဲ့ျပီး အေစာပိုင္းမွာ သူတို႔ကို ဖိအားေတြ ဝင္ေစခ့ပါေသးတယ္။ ပြဲက ၾကည့့္လို႔လည္း အရမ္းေကာင္းခဲ့တယ္။ အန္ဖီးကြင္းမွာ ကစားရတာက လူတိုင္းအတြက္ သိပ္ကို ၾကီးမားတဲ့ အေတြ႔အၾကံဳပဲ ျဖစ္ပါတယ္။ က်ေန္ာတို႔ ရမွတ္တစ္မွတ္မွ မရခဲ့ေပမယ့္ ဒီပြဲကို ေပ်ာ္ရႊင္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။