လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်နေပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ကိုယ်တိုင် တစ်ဂီုးရယူနိုင်ခဲ့သလို အသင်းဖော် ဆာလက် ဂိုးရဖို့လည်း ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ သူက ပထမပိုင်းမှာ ခက်ခဲခဲ့တယ်လို့ ဝန်ခံပြီး ဒုတိယပိုင်း စွမ်းဆောင်ရည်တွေကြောင့် အနိုင်ရခဲ့တယ်လို့ ထုတ်ပြောခဲ့တယ်။ ဖေဖော်ဝါရီ နားရက်တွေ ရောက်လာပြီဖြစ်ပြီး ရာသီပြန်စရင်လည်း အကောင်းဆုံး ခြေစွမ်းတွေကို ဆက်လက် ထိန်းသိမ်းကြမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

” တကယ့် အားထုတ်မှုကြီးပါ။ ဒီပွဲက ခက်ခဲခဲ့ပြီး အထူးသဖြင့် ပထမပိုင်းမှာ ဖြစ်တယ်။ ဆောက်သမ်တန်က ပုံစံကောင်း ရနေတဲ့ အသင်းကောင်း ဖြစ်ပြီး မှန်ကန်စွာလည်း ပွဲကို စတင်နိုင်ခဲ့တယ်။ ကျနော်တို့ ဒုတိယပိုင်းမှာတော့ ပွဲကို ကောင်းစွာ ကစားနိုင်ခဲ့ပြီး ပွဲက အဲဒီကျမှ တကယ်စခဲ့ရတာပါ။ ရလဒ်အပေါ် ကျနော်တို့ ဝမ်းမြောက်ရပါတယ်။

ပွဲထဲမှာ အရှိန်ကောင်း ပြန်ရလာတယ်။ ပရီးမီးယားလိဂ်က ခက်ခဲတဲ့ ပြိုင်ပွဲပါ ဒီအတွက် ကျနေ်ာတို့ အားထုတ် ပြင်ဆင်ရပါမယ်။ အယ်လစ်ဆန်က ဒီပွဲမှာလည်း ကာကွယ်မှုကောင်းတွေ ပြုလုပ်ခဲ့တယ်။ အားလုံး ခြုံ ပြောရရင် နိုင်ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့တယ်။ ဒါကို အားယူပြီး ဒီအချိန်က စလို့ အနားယူမှုကောင်းတွေ လုပ်မှာပါ။ ပြန်လာတဲ့အချိန်မှာ လန်းလန်းဆန်းဆန်းနဲ့ ပြန် တိုက်ပွဲ ဝင်သွားမှာ ဖြစ်တယ်။ ” လို့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာ ဟန်ဒါဆန်ဟာ ကွင်းလယ်ခံစစ်နေရာက ရှေ့ကို ပိုပြီး တက်ကစားခွင့်ရခဲ့ကာ အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကိုလည်း ဖာမင်နိုရဲ့ ဖန်တီးပေးမှုကနေ သွင်းယူနိုင်ခဲ့တယ်။ ဖာမင်နိုဟာ ချိန်ဘာလိန်၊ ဟန်ဒါဆန်၊ ဆာလက်တို့ ဂိုးရယူဖို့ ဒုတိယပိုင်းမှာ ဂိုးဖန်တီးမှုတွေ လုပ်ပေးခဲ့ပြီး အန်ဖီးပရိသတ်တွေ ဟိန်းဟိန်းမြည်အောင် အော်ဟစ်အားပေးရတဲ့ တိုက်စစ်မှူးက ဘယ်လိုကစားပါတယ်ဆိုတာ ပြသခဲ့တာဖြစ်တယ်။

ဖာမင်နိုနဲ့ ပက်သက်ပြီး ဟန်ဒါဆန်က ” သူလုပ်ပြတာတွေက တကယ်ကို ရူးလောက်စရာပါပဲ။ သူ့ထံက အရမ်းကောင်းတဲ့ နောက်ထပ် စွမ်းဆောင်ရည်ကောင်းတွေကို ထပ်မြင်ခဲ့ရတာဖြစ်တယ်။ သူက အသင်းအတွက် အရမ်းကောင်းခဲ့သူတွေထဲက တစ်ဦးပါ။ အထူးသဖြင့် ဒုတိယပိုင်းမှာ အသင်းဖော်အားလုံးက စွမ်းဆောင်ရည်ကောင်းတွေ ပြခဲ့တယ်။ အားလပ်ရက် မတိုင်ခင် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တာအတွက် ကျေနပ် ပျော်ရွှင်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ ကစားသမားဘဝ အေကာင္းဆံုးေျခစြမ္းေတြကို ပိုင္ဆိုင္ေနျပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ ကိုယ္တိုင္ တစ္ဂီုးရယူႏုိင္ခဲ့သလို အသင္းေဖာ္ ဆာလက္ ဂိုးရဖို႔လည္း ဖန္တီးမႈ လုပ္ေပးႏုိင္ခဲ့ပါတယ္။

ပြဲအျပီးမွာေတာ့ သူက ပထမပိုင္းမွာ ခက္ခဲခဲ့တယ္လို႔ ဝန္ခံျပီး ဒုတိယပိုင္း စြမ္းေဆာင္ရည္ေတြေၾကာင့္ အႏုိင္ရခဲ့တယ္လို႔ ထုတ္ေျပာခဲ့တယ္။ ေဖေဖာ္ဝါရီ နားရက္ေတြ ေရာက္လာျပီျဖစ္ျပီး ရာသီျပန္စရင္လည္း အေကာင္းဆံုး ေျခစြမ္းေတြကို ဆက္လက္ ထိန္းသိမ္းၾကမယ္လို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလိုက္ပါတယ္။

” တကယ့္ အားထုတ္မႈၾကီးပါ။ ဒီပြဲက ခက္ခဲခဲ့ျပီး အထူးသျဖင့္ ပထမပိုင္းမွာ ျဖစ္တယ္။ ေဆာက္သမ္တန္က ပံုစံေကာငး္ ရေနတဲ့ အသင္းေကာင္း ျဖစ္ျပီး မွန္ကန္စြာလည္း ပြဲကို စတင္နုိင္ခဲ့တယ္။ က်ေနာ္တို႔ ဒုတိယပိုင္းမွာေတာ့ ပြဲကို ေကာငး္စြာ ကစားနုိင္ခဲ့ျပီး ပြဲက အဲဒီက်မွ တကယ္စခဲ့ရတာပါ။ ရလဒ္အေပၚ က်ေနာ္တို႔ ၀မ္းေျမာက္ရပါတယ္။

ပြဲထဲမွာ အရွိန္ေကာင္း ျပန္ရလာတယ္။ ပရီးမီးယားလိဂ္က ခက္ခဲတဲ့ ျပိဳင္ပြဲပါ ဒီအတြက္ က်ေန္ာတို႔ အားထုတ္ ျပင္ဆင္ရပါမယ္။ အယ္လစ္ဆန္က ဒီပြဲမွာလည္း ကာကြယ္မႈေကာငး္ေတြ ျပဳလုုပ္ခဲ့တယ္။ အားလံုး ျခံဳ ေျပာရရင္ နုိင္ပြဲေကာင္း တစ္ပြဲ ျဖစ္ခဲ့တယ္။ ဒါကို အားယူျပီး ဒီအခ်ိန္က စလို႔ အနားယူမႈေကာင္းေတြ လုပ္မွာပါ။ ျပန္လာတဲ့အခ်ိန္မွာ လန္းလန္းဆန္းဆန္းနဲ႕ ျပန္ တိုက္ပြဲ ၀င္သြားမွာ ျဖစ္တယ္။ ” လို႔ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ေျပာဆိုခဲ့ပါတယ္။

ဒီပြဲမွာ ဟန္ဒါဆန္ဟာ ကြင္းလယ္ခံစစ္ေနရာက ေရွ႔ကို ပိုျပီး တက္ကစားခြင့္ရခဲ့ကာ အေရးပါတဲ့ သြင္းဂိုးတစ္ဂိုးကိုလည္း ဖာမင္ႏိုရဲ႕ ဖန္တီးေပးမႈကေန သြင္းယူႏုိင္ခဲ့တယ္။ ဖာမင္ႏိုဟာ ခ်ိန္ဘာလိန္၊ ဟန္ဒါဆန္၊ ဆာလက္တို႔ ဂိုးရယူဖို႔ ဒုတိယပိုင္းမွာ ဂိုးဖန္တီးမႈေတြ လုပ္ေပးခဲ့ျပီး အန္ဖီးပရိသတ္ေတြ ဟိန္းဟိန္းျမည္ေအာင္ ေအာ္ဟစ္အားေပးရတဲ့ တိုက္စစ္မွဴးက ဘယ္လိုကစားပါတယ္ဆိုတာ ျပသခဲ့တာျဖစ္တယ္။

ဖာမင္ႏိုနဲ႔ ပက္သက္ျပီး ဟန္ဒါဆန္က ” သူလုပ္ျပတာေတြက တကယ္ကို ရူးေလာက္စရာပါပဲ။ သူ႔ထံက အရမ္းေကာင္းတဲ့ ေနာက္ထပ္ စြမ္းေဆာင္ရည္ေကာင္းေတြကို ထပ္ျမင္ခဲ့ရတာျဖစ္တယ္။ သူက အသင္းအတြက္ အရမ္းေကာင္းခဲ့သူေတြထဲက တစ္ဦးပါ။ အထူးသျဖင့္ ဒုတိယပိုင္းမွာ အသင္းေဖာ္အားလံုးက စြမ္းေဆာင္ရည္ေကာင္းေတြ ျပခဲ့တယ္။ အားလပ္ရက္ မတိုင္ခင္ အႏုိင္သံုးမွတ္ကို ရယူႏုိင္ခဲ့တာအတြက္ ေက်နပ္ ေပ်ာ္ရႊင္ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။