အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားက လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ သူ့အတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားပါလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးကွင်းလယ်မှာ အရေးပါဆုံး ကစားသမားအဖြစ် ပါဝင်နေပြီး အထူးသဖြင့် သူ့ရဲ့ စိတ်ဓါတ်ကောင်းနဲ့ လှုပ်အားတွေက အသိအမှတ်ပြုခံနေရတာဖြစ်တယ်။ ဒီရာသီ တစ်ခုလုံးမှာ ဟန်ဒါဆန်ဟာ မန်နေဂျာယာဂင်ကလော့ပ် အလိုရှိတဲ့ နေရာတိုင်း ကစားပေးခဲ့ပြီး ကွင်းလယ်ဗဟိုလူ၊ ကွင်းလယ်ခံစစ်၊ ခံစစ်မှူး၊ ညာအစွန်လူ အစရှိတဲ့ နေရာစုံမှာ ခြေစွမ်းကောင်းတွေ ပြသထားတာဖြစ်ပါတယ်။

အင်္ဂလန်နဲ့ နယူးကာဆယ် အသင်းခေါင်းဆောင် အလန်ရှီးယားက ” မနက်ဖြန်မှာ ဘောလုံးရာသီ ကုန်ဆုံးမယ်ဆိုရင် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရမယ့်သူက ဟန်ဒါဆန်လို့ ကျနော် ယုံကြည်တယ်။ ဒါကို လုံးဝ သံသယမရှိပါဘူး ” လို့ ဆိုခဲ့ပါတယ်။

” ဆောက်သမ်တန်ပွဲမှာလည်း သူသိပ်ကောင်းခဲ့တယ်။ လီဗာပူးကို ရှေ့ဆက်နိုင်ဖို့ သူမောင်းနှင်ပေးခဲ့တယ်။ သူ့ရဲ့ လှုပ်အား၊ စိတ်ဓါတ်ပိုင်းတွေနဲ့အတူ တိုက်စစ်ကော ခံစစ်မှာပါ သူ့ရဲ့ လုပ်ဆောင်မှုတွေက အရမ်းကောင်းခဲ့တယ်။ သူရခဲ့တဲ့ သွင်းဂိုးက သူ့ရဲ့ ကြိုးစားမှုကြောင့်ဖြစ်ပါတယ်။ ဒီရာသီတစ်ခုလုံးမှာ သူက အရမ်းကို ထူးချွန်ခဲ့တယ်လို့ ကျနော် ထင်တယ်။

တကယ်ကို မယုံနိုင်လောက်တဲ့ ဘောလုံးရာသီကို သူပိုင်ဆိုင်ထားတာပါ။ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဖြစ်သင့်ပါတယ်။ လီဗာပူးရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ဂိုးသမား၊ ဗန်ဒိုက်နဲ့တကွ တိုက်စစ်သမား သုံးယောက်က အရမ်းကို ကောင်းတာကို မြင်ရပါမယ်။ ကျနော်အတွက်ကတော့ သူတို့တွေထက် အကောင်းဆုံးပါပဲ ” လို့ ဆက်လက်ပြီး ပြောဆိုခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲအပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို မာဆေးဆိုဒ် အခြေစိုက် သတင်းထောက်တွေက အထူး ချီးကျူးမှုတွေ လုပ်ခဲ့သလို ဝါရင့်သတင်းထောက်ကြီး James Pearce ကလည်း လီဗာပူးအသင်းခေါင်းဆောင်က အရမ်းကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားကာ PFA Player of the Year ဆုကို အနိုင်ရသင့်သူလားလို့ မေးခွန်းထုတ်သွားတာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း အလန္ရွီးယားက လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ သူ႔အတြက္ေတာ့ ဒီရာသီ ပရီးမီးယားလိဂ္အေကာင္းဆံုး ကစားသမားပါလို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဟန္ဒါဆန္ဟာ လီဗာပူးကြင္းလယ္မွာ အေရးပါဆံုး ကစားသမားအျဖစ္ ပါဝင္ေနျပီး အထူးသျဖင့့္ သူ႔ရဲ႕ စိတ္ဓါတ္ေကာင္းနဲ႔ လႈပ္အားေတြက အသိအမွတ္ျပဳခံေနရတာျဖစ္တယ္။ ဒီရာသီ တစ္ခုလံုးမွာ ဟန္ဒါဆန္ဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ အလိုရွိတဲ့ ေနရာတိုင္း ကစားေပးခဲ့ျပီး ကြင္းလယ္ဗဟိုလူ၊ ကြင္းလယ္ခံစစ္၊ ခံစစ္မွဴး၊ ညာအစြန္လူ အစရွိတဲ့ ေနရာစံုမွာ ေျခစြမး္ေကာင္းေတြ ျပသထားတာျဖစ္ပါတယ္။

အဂၤလန္နဲ႔ နယူးကာဆယ္ အသင္းေခါင္းေဆာင္ အလန္ရွီးယားက ” မနက္ျဖန္မွာ ေဘာလံုးရာသီ ကုန္ဆံုးမယ္ဆိုရင္ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို ရမယ့္သူက ဟန္ဒါဆန္လို႔ က်ေနာ္ ယံုၾကည္တယ္။ ဒါကို လံုးဝ သံသယမရွိပါဘူး ” လို႔ ဆိုခဲ့ပါတယ္။

” ေဆာက္သမ္တန္ပြဲမွာလည္း သူသိပ္ေကာင္းခဲ့တယ္။ လီဗာပူးကို ေရွ႔ဆက္ႏုိင္ဖို႔ သူေမာင္းႏွင္ေပးခဲ့တယ္။ သူ႔ရဲ႕ လႈပ္အား၊ စိတ္ဓါတ္ပိုင္းေတြနဲ႔အတူ တိုက္စစ္ေကာ ခံစစ္မွာပါ သူ႔ရဲ႕ လုပ္ေဆာင္မႈေတြက အရမ္းေကာင္းခဲ့တယ္။ သူရခဲ့တဲ့ သြင္းဂိုးက သူ႔ရဲ႕ ၾကိဳးစားမႈေၾကာင့္ျဖစ္ပါတယ္။ ဒီရာသီတစ္ခုလံုးမွာ သူက အရမ္းကို ထူးခၽြန္ခဲ့တယ္လို႔ က်ေနာ္ ထင္တယ္။

တကယ္ကို မယံုႏုိင္ေလာက္တဲ့ ေဘာလံုးရာသီကို သူပိုင္ဆုိင္ထားတာပါ။ တစ္ႏွစ္တာ အေကာင္းဆံုးကစားသမား ျဖစ္သင့္ပါတယ္။ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္မယ္ဆိုရင္ ဂိုးသမား၊ ဗန္ဒိုက္နဲ႔တကြ တိုက္စစ္သမား သံုးေယာက္က အရမ္းကို ေကာင္းတာကို ျမင္ရပါမယ္။ က်ေနာ္အတြက္ကေတာ့ သူတို႔ေတြထက္ အေကာင္းဆံုးပါပဲ ” လို႔ ဆက္လက္ျပီး ေျပာဆိုခဲ့တာျဖစ္တယ္။

လီဗာပူးနဲ႔ ေဆာက္သမ္တန္ပြဲအျပီး အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို မာေဆးဆိုဒ္ အေျခစိုက္ သတင္းေထာက္ေတြက အထူး ခ်ီးက်ဴးမႈေတြ လုပ္ခဲ့သလို ဝါရင့္သတင္းေထာက္ၾကီး James Pearce ကလည္း လီဗာပူးအသင္းေခါင္းေဆာင္က အရမ္းေကာင္းတဲ့ ေဘာလံုးရာသီကို ပိုင္ဆိုင္ထားကာ PFA Player of the Year ဆုကို အႏုိင္ရသင့္သူလားလို႔ ေမးခြန္းထုတ္သြားတာျဖစ္ပါတယ္။