လီဗာပူး ကွင်းလယ်ကစားသမား ချိန်ဘာလိန်က အသင်းမှာ ပုံမှန် ကစားခွင့်ရလာခြင်းနဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်များမှာ ပါဝင်ခွင့် ရလာခြင်း က ၎င်းရဲ့ လီဗာပူးကစားသမား ဘဝကို တစ်ဆင့် မြင့်တက်စေဖို့ အကူအညီ ဖြစ်စေမယ် ယုံကြည်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းဘက် လီဗာပူးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ချိန်ဘာလိန်ဟာ သုံးရက်အတွင်း ၎င်းရဲ့ ဒုတိယမြောက် သွင်းဂိုး လည်း ဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ လီဗာပူးရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၅ ပွဲမှာ ပွဲထွက် ကစားခွင့် ရထားပြီး ၂၀၁၇ အာဆင်နယ်ကနေ ရောက်လာပြီး နောက်ပိုင်း အကြာဆုံး ပွဲဆက် ကစားခွင့် ရတာလို့လည်း ဆိုနိုင်ပါတယ်။

အသက် ၂၆ နှစ် အရွယ် အင်္ဂလန်သားဟာ ဒီရာသီ ၇ ဂိုး သွင်းယူထားပြီး လီဗာပူးအသင်းသားတွေထဲ ဧရိယာပြင်ပက ဂိုးသွင်းမှု အများဆုံး ကစားသမားဖြစ်တယ်။ ဆောက်သမ်တန်နဲ့ အတူ လိဂ်ဝမ်းမှာ လွန်ခဲ့တဲ့ ၉ နှစ်က တစ်ရာသီတည်း ၁၀ ဂိုးသွင်းခဲ့တဲ့ ရာသီနောက်ပိုင်း ဒီရာသီက ချိန်ဘာလိန်ရဲ့ ဂိုးသွင်းအများဆုံး ဘောလုံးရာသီလည်း ဖြစ်ပါတယ်။

” ပွဲကစားခွင့် ရလာတာက အထောက်အကူ ဖြစ်တယ်လို့ ကျနော် ထင်တယ်။ အခု နောက်ဆုံး ၅ ပွဲလောက် ကစားထားရတယ် တကယ်ကို ကောင်းပါတယ်။ ဒါက အသင်းနဲ့ အတူ ကစားရင်း ခံစားချက်ကောင်းတွေလည်း ရလာစေပါတယ်။

အသင်းနဲ့ အတူ အရေးပါတဲ့ အဆုံး အဖြတ် အခိုက်အတန့်တွေမှာ ပါဝင်ခွင့် ရလာတာ၊ ဂိုးကန်သွင်းနိုင်တဲ့ နေရာတွေဆီ ကိုယ့်ကိုယ်ကို အရောက်သွားရင်း လှုပ်ရှားရတာတွေက သိပ်ကောင်းပါတယ်။ ကံကောင်းတာက နောက်ဆုံး ကန်ချက်အချို့က ဂိုးဝင်သွားခဲ့တယ်။ ”

ဒါပေမယ့် ဒါက ဂိုးသွင်း တိုက်စစ်မှူးတွေ လုပ်ရတဲ့ဟာတွေပါ။ ကျနော်တို့မှာ မိုရှိတယ်၊ ဘော်ဘီ ရှိတယ်။ သူတို့က စံနမူနာကောင်းတွေ အနေနဲ့ သွင်းဂိုးတွေ ဘယ်လိုရအောင် လုပ်ရမလဲ သင်ပြပေးနေတာ ကြိုးစားကြည့်တာ ဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ဂိုးတွေ သွင်းနိုင်ခဲ့တာ အတွက် ကျနော် ဝမ်းမြောက်ရပါတယ်။ ” လို့ ချိန်ဘာလိန်က ပြောကြားခဲ့ပါတယ်။

Zawgyi – လီဗာပူး ကြင္းလယ္ကစားသမား ခ်ိန္ဘာလိန္က အသင္းမွာ ပံုမွန္ ကစားခြင့္ရလာျခင္းနဲ႕ အေရးၾကီးတဲ့ အဆံုးအျဖတ္မ်ားမွာ ပါ၀င္ခြင့္ ရလာျခင္း က ၄င္းရဲ႕ လီဗာပူးကစားသမား ဘ၀ကို တစ္ဆင့္ ျမင့္တက္ေစဖို႔ အကူအညီ ျဖစ္ေစမယ္ ယံုၾကည္ေၾကာင္း ဖြင့္ဟ ေျပာဆိုလာခဲ့ပါတယ္။

ေဆာက္သမ္တန္အသင္းဘက္ လီဗာပူးအတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ သံုးရက္အတြင္း ၄င္းရဲ႕ ဒုတိယေျမာက္ သြင္းဂိုး လည္း ျဖစ္ပါတယ္။ ခ်ိန္ဘာလိန္ဟာ လီဗာပူးရဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ပြဲ ၅ ပြဲမွာ ပြဲထြက္ ကစားခြင့္ ရထားျပီး ၂၀၁၇ အာဆင္နယ္ကေန ေရာက္လာျပီး ေနာက္ပိုင္း အၾကာဆံုး ပြဲဆက္ ကစားခြင့္ ရတာလို႔လည္း ဆိုနုိင္ပါတယ္။

အသက္ ၂၆ နွစ္ အရြယ္ အဂၤလန္သားဟာ ဒီရာသီ ၇ ဂိုး သြင္းယူထားျပီး လီဗာပူးအသင္းသားေတြထဲ ဧရိယာျပင္ပက ဂိုးသြင္းမႈ အမ်ားဆံုး ကစားသမားျဖစ္တယ္။ ေဆာက္သမ္တန္နဲ႕ အတူ လိဂ္၀မ္းမွာ လြန္ခဲ့တဲ့ ၉ နွစ္က တစ္ရာသီတည္း ၁၀ ဂိုးသြင္းခဲ့တဲ့ ရာသီေနာက္ပိုင္း ဒီရာသီက ခ်ိန္ဘာလိန္ရဲ႕ ဂိုးသြင္းအမ်ားဆံုး ေဘာလံုးရာသီလည္း ျဖစ္ပါတယ္။

” ပြဲကစားခြင့္ ရလာတာက အေထာက္အကူ ျဖစ္တယ္လို႔ က်ေနာ္ ထင္တယ္။ အခု ေနာက္ဆံုး ၅ ပြဲေလာက္ ကစားထားရတယ္ တကယ္ကို ေကာင္းပါတယ္။ ဒါက အသင္းနဲ႕ အတူ ကစားရင္း ခံစားခ်က္ေကာင္းေတြလည္း ရလာေစပါတယ္။

အသင္းနဲ႕ အတူ အေရးပါတဲ့ အဆံုး အျဖတ္ အခိုက္အတန္႔ေတြမွာ ပါ၀င္ခြင့္ ရလာတာ၊ ဂိုးကန္သြင္းနုိင္တဲ့ ေနရာေတြဆီ ကုိယ့္ကိုယ္ကို အေရာက္သြားရင္း လႈပ္ရွားရတာေတြက သိပ္ေကာင္းပါတယ္။ ကံေကာင္းတာက ေနာက္ဆံုး ကန္ခ်က္အခ်ိဳ႕က ဂိုး၀င္သြားခဲ့တယ္။

ဒါေပမယ့္ ဒါက ဂိုးသြင္း တိုက္စစ္မွဴးေတြ လုပ္ရတဲ့ဟာေတြပါ။ က်ေနာ္တို႔မွာ မိုရွိတယ္၊ ေဘာ္ဘီ ရွိတယ္။ သူတို႔က စံနမူနာေကာင္းေတြ အေနနဲ႕ သြင္းဂိုးေတြ ဘယ္လိုရေအာင္ လုပ္ရမလဲ သင္ျပေပးေနတာ ၾကိဳးစားၾကည့္တာ ျဖစ္တယ္။ ျပီးခဲ့တဲ့ နွစ္ပြဲမွာ ဂိုးေတြ သြင္းနုိင္ခဲ့တာ အတြက္ က်ေနာ္ ၀မ္းေျမာက္ရပါတယ္။ ” လို႔ ခ်ိန္ဘာလိန္က ေျပာၾကားခဲ့ပါတယ္။