ညကပွဲမှာ စပါးကို မန်စီးတီး အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားဟာ ၂၂ မှတ်ထိ ကွာခြားသွားပြီဖြစ်ပြီး မာဆေးဆိုဒ်ကလပ်ဟာ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် ဆုပ်ကိုင်ဖို့ လက်ကျန် ၁၃ ပွဲမှာ ၁၈ မှတ်ပဲ အနိုင်ရဖို့ လိုပါတယယ်။

လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ ၆ ပွဲ အနိုင်ရရင်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တော့မှာပါ။ မန်စီးတီး ရလဒ်တွေ ထပ်မံဆိုးရွားရင် ပိုစောပြီးလည်း ချန်ပီယံဖြစ်နိုင်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံး ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ စံချိန်ကိုပါ ချိုးဖို့ ရှိနေပါတယ်။

အရင်အပတ်တွေက တိုက်စစ်မှူး ဆာလက်ဟာ တစ်ကိုယ်ကောင်းဆန်ပြီး အသင်းဖော်တွေကို ဘောလုံးထိုးမပေးဘူးဆိုတဲ့ ဝေဖန်မှုတွေကို ကလော့ပ်က ပယ်ချလိုက်ပါတယ်။

ကလော့ပ်က ” တစ်ပတ်လောက်တုန်းက လူတွေက ဆာလက်ဟာ တစ်ကိုယ်ကောင်းဆန်တယ် ပြောကြတယ်။ မိုက ဘယ်တော့မှ တစ်ကိုယ်ကောင်း မဆန်ဘူး၊ အဲ့လိုလည်း မဖြစ်သင့်ဘူး။ တိုက်စစ်မှးတစ်ယောက်က နေရာမှန်မှာရှိနေရင် ဂိုးသွင်းမှာပဲ မိုဟာ ပြိုင်ဘက် လေးယောက်လောက်ကြားက ဂိုးသွင်းတာတောင် ကျနေ်ာတို့ မြင်ခဲ့ဖူးတာပဲ ” လို့ တုန့်ပြန်ပါတယ်။

လီဗာပူးမှာ အရမ်းတောက်ပနေပြီး ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို စိန်ခေါ်မယ်လို့ သတင်းကြီးလာတဲံ ဟန်ဒါဆန်နဲ့ ပက်သက်ပြီး ကလော့ပ်က ချီးကျူးခန်းဖွင့်ပါတယ်။

ကလော့ပ်ကပဲ ” ဟန်ဒိုက ဥပမာကောင်းပါ။ သူက ရမှတ်တွေ အများကြီး အသာရနေတဲ့ အသင်းတစ်သင်းကို ဦးဆောင်သူတစ်ဦးထက် အရေးနိမ့်မယ့်ဆိုရင် တန်းဆင်းတော့မယ့် အသင်းတစ်သင်းကို ဦးဆောင်သလိုကို ဦးဆောင်ပေးနေတာပါ။ ကျနော်တို့အတွက်က ပွဲတွေကို အာရုံစိုက်ဖို့ တစ်ခုတည်းကပဲ အကောင်းဆုံး နည်းလမ်းပါ ” လို့ ဆိုခဲ့ပါတယ်။

ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ ရော်ဘီ ဆားဗေ့က ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးသော အသင်းတစ်သင်းကို မြင်တွေ့နေချိန်မှာ လီဗာပူးကို လိုက်မမှီအောင် ဝေကွနေတဲ့ ပြိုင်ဘက်တွေက VAR ကို ယိုးမယ်ချနေတာက ရှက်စရာအဖြစ် ဝေဖန်လိုက်ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက အမှတ်ပေးဖလားကို နှစ်ကြိမ်ဆက် အနိုင်ရထားတဲ့ မန်စီးတီးကို ပရီးမီးယားလိဂ်ပိုင်ရှင်တွေက ထပ်ပြီး ချန်ပီယံမဖြစ်စေလိုကြောင်း စွပ်စွဲပြောဆိုပါတယ်။

အက်ဖ်အေ ပြန်ကန်ပွဲမှာ အန်ဖီးက ကလေးတွေနဲ့အတူ ယာဂင်ကလော့ပ်အတူရှိနေပေးဖို့ ပီတာခရော့က တိုက်တွန်းလိုက်ပါတယ်။

ZAWGYI

ညကပြဲမွာ စပါးကို မန္စီးတီး အေရးနိမ့္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားဟာ ၂၂ မွတ္ထိ ကြာျခားသြားျပီျဖစ္ျပီး မာေဆးဆိုဒ္ကလပ္ဟာ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ ဆုပ္ကိုင္ဖို႔ လက္က်န္ ၁၃ ပြဲမွာ ၁၈ မွတ္ပဲ အႏုိင္ရဖို႔ လိုပါတယယ္။
လီဗာပူးအသင္းဟာ အမွတ္ေပးပြဲ ၆ ပြဲ အႏုိင္ရရင္ကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေတာ့မွာပါ။ မန္စီးတီး ရလဒ္ေတြ ထပ္မံဆိုးရြားရင္ ပိုေစာျပီးလည္း ခ်န္ပီယံျဖစ္ႏုိင္ျပီး ပရီးမီးယားလိဂ္သမိုင္းမွာ အျမန္ဆံုး ခ်န္ပီယံျဖစ္ခဲ့့တဲ့ ယူႏုိက္တက္ရဲ႕ စံခ်ိန္ကိုပါ ခ်ိဳးဖို႔ ရွိေနပါတယ္။

အရင္အပတ္ေတြက တိုက္စစ္မွဴး ဆာလက္ဟာ တစ္ကိုယ္ေကာင္းဆန္ျပီး အသင္းေဖာ္ေတြကို ေဘာလံုးထိုးမေပးဘူးဆိုတ့ဲ ေဝဖန္မႈေတြကို ကေလာ့ပ္က ပယ္ခ်လိုက္ပါတယ္။

ကေလာ့ပ္က ” တစ္ပတ္ေလာက္တုန္းက လူေတြက ဆာလက္ဟာ တစ္ကိုယ္ေကာင္းဆန္တယ္ ေျပာၾကတယ္။ မိုက ဘယ္ေတာ့မွ တစ္ကိုယ္ေကာင္း မဆန္ဘူး၊ အဲ့လိုလည္း မျဖစ္သင့္ဘူး။ တိုက္စစ္မွးတစ္ေယာက္က ေနရာမွန္မွာရွိေနရင္ ဂိုးသြင္းမွာပဲ မိုဟာ ျပိဳင္ဘက္ ေလးေယာက္ေလာက္ၾကားက ဂိုးသြင္းတာေတာင္ က်ေန္ာတုိ႔ ျမင္ခဲ့ဖူးတာပဲ ” လို႔ တုန္႔ျပန္ပါတယ္။

လီဗာပူးမွာ အရမ္းေတာက္ပေနျပီး ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို စိန္ေခၚမယ္လို႔ သတင္းၾကီးလာတဲံ ဟန္ဒါဆန္နဲ႔ ပက္သက္ျပီး ကေလာ့ပ္က ခ်ီးက်ဴးခန္းဖြင့္ပါတယ္။

ကေလာ့ပ္ကပဲ ” ဟန္ဒိုက ဥပမာေကာင္းပါ။ သူက ရမွတ္ေတြ အမ်ားၾကီး အသာရေနတဲ့ အသင္းတစ္သင္းကို ဦးေဆာင္သူတစ္ဦးထက္ အေရးနိမ့္မယ့္ဆိုရင္ တန္းဆင္းေတာ့မယ့္ အသင္းတစ္သင္းကို ဦးေဆာင္သလိုကို ဦးေဆာင္ေပးေနတာပါ။ က်ေနာ္တို႔အတြက္က ပြဲေတြကို အာရံုစိုက္ဖို႔ တစ္ခုတည္းကပဲ အေကာင္းဆံုး နည္းလမ္းပါ ” လို႔ ဆိုခဲ့ပါတယ္။

ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေရာ္ဘီ ဆားေဗ့က ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆံုးေသာ အသင္းတစ္သင္းကို ျမင္ေတြ႔ေနခ်ိန္မွာ လီဗာပူးကို လိုက္မမွီေအာင္ ေဝကြေနတဲ့ ျပိဳင္ဘက္ေတြက VAR ကို ယိုးမယ္ခ်ေနတာက ရွက္စရာအျဖစ္ ေဝဖန္လိုက္ပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက အမွတ္ေပးဖလားကို ႏွစ္ၾကိမ္ဆက္ အႏုိင္ရထားတဲ့ မန္စီးတီးကို ပရီးမီးယားလိဂ္ပိုင္ရွင္ေတြက ထပ္ျပီး ခ်န္ပီယံမျဖစ္ေစလိုေၾကာင္း စြပ္စြဲေျပာဆိုပါတယ္။

အက္ဖ္ေအ ျပန္ကန္ပြဲမွာ အန္ဖီးက ကေလးေတြနဲ႔အတူ ယာဂင္ကေလာ့ပ္အတူရွိေနေပးဖို႔ ပီတာခေရာ့က တိုက္တြန္းလိုက္ပါတယ္။