လီဗာပူးရဲ့ ကျောနံပါတ် ၉ ဝတ် တိုက်စစ်မှူး ဖာမင်နိုဟာ ဒီရာသီ အန်ဖီးကွင်းမှာ အမှတ်ပေးပွဲတွေအတွင်း သွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်ပေမယ့် အသင်းတိုက်စစ်ကို အသက်ဝင်နေအောင် ဦးဆောင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။

အာဆင်နယ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက အသင်းလိုက်ကစားသမားဖြစ်ပြီး တိုက်စစ်ကို ဦးဆောင်သူလို့ အထူး ချီးကျူးထားဖူးတဲ့ ဖာမင်နိုနဲ့ ပက်သက်လို့ မန်နေဂျာယာဂင်ကလော့ပ်က “ သူ့လို ကစားသမားတစ်ယောက်အကြောင်း ကျနော် မသိခဲ့ဘူး ” လို့ ဝန်ခံစကားဆိုခဲ့တယ်။

“ သူက တကယ်ကို ထူးချွန်ပြီး အရမ်ကို စမတ်ကျတဲ့ လူပါပဲ။ အောက်ထိသူဆင်ပြီး ဘောလုံးကို ရယူတယ်၊ ပြီးရင် တကယ်ကို ထူးရှယ်ဆိုတာတွေကို သူလုပ်ပြတာက အရမ်းကို ထူးချွန်းလွန်းပါတယ်။ သိပ်ကောင်းတာတစ်ခုက ဖာမင်နိုက အရမ်းကောင်းတဲ့ အနေအထားမှာ ပိုကောင်းတဲ့ နေရာမှာရှိနေတဲ့ အသင်းဖော်ကို ဘောလုံး ထိုးပေးလိုက်ဖို့ ဘယ်တော့မှ ဝန်မလေးသူဖြစ်ခြင်းပါပဲ။

ဘော်ဘီလို ကစားသမားတောင်မှ ဘောလုံးကို ဘယ်နေရာတွေ ပြန်ပေးနိုင်မလဆိုတာမျိုး လိုအပ်ပါတယ်။ ဘောလုံးကို လက်ခံရယူပြီး လှည့်ထွက်ကာ ပြေးလွှားခြင်းကို သူတစ်ဦးတည်း မလုပ်နိုင်ပါဘူး။ အသင်းဖော်တွေရဲ့ အရည်အချင်းကို သူတွဲဘက် သုံးရာမှာလည်း တကယ်ကို ထူးချွန်လှတဲ့ အရည်အချင်းရှိသူပါ ” လို့ ကလော့ပ်က ဆိုတယ်။

ဖာမင်နိုနဲ့ ပုံစံကွဲပေးမယ့် လီဗာပူးအတွက် အထူး အကျိုးပြုသူတွေကလည်း မာနေးနဲ့ ဆာလက်တို့ပါပဲ။ သူတို့ဟာ မတူညီတဲ့ တိုက်စစ်ပုံစံနဲ့ လီဗာပူးအတွက် သွင်းဂိုးတွေ ယူပေးနေတာပါ။ မာနေး ဒဏ်ရာရနေချိန်မှာတော့ ဆာလက်က သွင်းဂိုးတွေကို ပိုမို ရယူပေးလာနိုင်တာဖြစ်တယ်။ အီဂျစ်တိုက်စစ်မှူးအပေါ် ဝေဖန်မှုတွေအပေါ်လည်း ကလော့ပ်က တုန့်ပြန်ခဲ့ပါတယ်။

“ မိုက တစ်ကိုယ်ကောင်း မဆန်ပါဘူး၊ ဒါကြောင့် သူပေးတဲ့ ဘောလုံးတွေ သူ့ထံ ပြန်ရောက်လာပြီး ဂိုးတွေ သွင်းနိုင်နေတာပါ။ တစ်ပတ် နှစ်ပတ်လောက်တုန်းက လူတွေက မိုအကြောင်းပြောကြတာရှိတယ်။ မိုက တစ်ကိုယ်ကောင်းဆန်တယ်၊ ပေးသင့်တာတွေကို မပေးဘူးလို့ပါ။ တိုက်စစ်မှူးတစ်ယောက်က နေရာမှန်မှာရှိနေရင် ဂိုးသွင်းမှာပဲ။ မိုဟာ ပြိုင်ဘက် လေးယောက်လောက်ကြားက ဂိုးသွင်းတာတောင် ကျနေ်ာတို့ မြင်ခဲ့ဖူးတာပဲ ” လို့ တုန့်ပြန်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ေက်ာနံပါတ္ ၉ ဝတ္ တိုက္စစ္မွဴး ဖာမင္ႏိုဟာ ဒီရာသီ အန္ဖီးကြင္းမွာ အမွတ္ေပးပြဲေတြအတြင္း သြင္းဂိုး တစ္ဂိုးမွ မသြင္းႏုိင္ေပမယ့္ အသင္းတိုက္စစ္ကို အသက္ဝင္ေနေအာင္ ဦးေဆာင္ေပးေနသူတစ္ဦးျဖစ္ပါတယ္။

အာဆင္နယ္မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးက အသင္းလိုက္ကစားသမားျဖစ္ျပီး တိုက္စစ္ကို ဦးေဆာင္သူလို႔ အထူး ခ်ီးက်ဴးထားဖူးတဲ့ ဖာမင္ႏိုနဲ႔ ပက္သက္လို႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္က “ သူ႔လို ကစားသမားတစ္ေယာက္အေၾကာင္း က်ေနာ္ မသိခဲ့ဘူး ” လို႔ ဝန္ခံစကားဆိုခဲ့တယ္။

“ သူက တကယ္ကို ထူးခၽြန္ျပီး အရမ္ကို စမတ္က်တဲ့ လူပါပဲ။ ေအာက္ထိသူဆင္ျပီး ေဘာလံုးကို ရယူတယ္၊ ျပီးရင္ တကယ္ကို ထူးရွယ္ဆိုတာေတြကို သူလုပ္ျပတာက အရမ္းကို ထူးခၽြန္းလြန္းပါတယ္။ သိပ္ေကာင္းတာတစ္ခုက ဖာမင္ႏိုက အရမ္းေကာင္းတဲ့ အေနအထားမွာ ပိုေကာင္းတဲ့ ေနရာမွာရွိေနတဲ့ အသင္းေဖာ္ကို ေဘာလံုး ထိုးေပးလိုက္ဖို႔ ဘယ္ေတာ့မွ ဝန္မေလးသူျဖစ္ျခင္းပါပဲ။

ေဘာ္ဘီလို ကစားသမားေတာင္မွ ေဘာလံုးကို ဘယ္ေနရာေတြ ျပန္ေပးႏုိင္မလဆိုတာမ်ိဳး လိုအပ္ပါတယ္။ ေဘာလံုးကို လက္ခံရယူျပီး လွည့္ထြက္ကာ ေျပးလႊားျခင္းကို သူတစ္ဦးတည္း မလုပ္ႏုိင္ပါဘူး။ အသင္းေဖာ္ေတြရဲ႕ အရည္အခ်င္းကို သူတြဲဘက္ သံုးရာမွာလည္း တကယ္ကို ထူးခၽြန္လွတဲ့ အရည္အခ်င္းရွိသူပါ ” လို႔ ကေလာ့ပ္က ဆိုတယ္။

ဖာမင္ႏိုနဲ႔ ပံုစံကြဲေပးမယ့္ လီဗာပူးအတြက္ အထူး အက်ိဳးျပဳသူေတြကလည္း မာေနးနဲ႔ ဆာလက္တို႔ပါပဲ။ သူတို႔ဟာ မတူညီတဲ့ တိုက္စစ္ပံုစံနဲ႔ လီဗာပူးအတြက္ သြင္းဂိုးေတြ ယူေပးေနတာပါ။ မာေနး ဒဏ္ရာရေနခ်ိန္မွာေတာ့ ဆာလက္က သြင္းဂိုးေတြကို ပိုမို ရယူေပးလာႏုိင္တာျဖစ္တယ္။ အီဂ်စ္တိုက္စစ္မွဴးအေပၚ ေဝဖန္မႈေတြအေပၚလည္း ကေလာ့ပ္က တုန္႔ျပန္ခဲ့ပါတယ္။

“ မိုက တစ္ကိုယ္ေကာင္း မဆန္ပါဘူး၊ ဒါေၾကာင့္ သူေပးတဲ့ ေဘာလံုးေတြ သူ႔ထံ ျပန္ေရာက္လာျပီး ဂိုးေတြ သြင္းႏုိင္ေနတာပါ။ တစ္ပတ္ ႏွစ္ပတ္ေလာက္တုန္းက လူေတြက မိုအေၾကာင္းေျပာၾကတာရွိတယ္။ မိုက တစ္ကိုယ္ေကာင္းဆန္တယ္၊ ေပးသင့္တာေတြကို မေပးဘူးလို႔ပါ။ တိုက္စစ္မွဴးတစ္ေယာက္က ေနရာမွန္မွာရွိေနရင္ ဂိုးသြင္းမွာပဲ။ မိုဟာ ျပိဳင္ဘက္ ေလးေယာက္ေလာက္ၾကားက ဂိုးသြင္းတာေတာင္ က်ေန္ာတုိ႔ ျမင္ခဲ့ဖူးတာပဲ ” လို႔ တုန္႔ျပန္ပါတယ္။