အာဂျင်တီးနား ကွင်းလယ်လူဟောင်း မာရှေးယာနိုက လီဗာပူးနဲ့ ဘာစီလိုနာ နှစ်သင်းအနက် ဘယ်အသင်းကို ပိုမို မြတ်နိုးသလဲလို့ မေးခွန်းထုတ်ခံရရမှာ လီဗာပူးကို ရွေးချယ်သွားခဲ့ပါတယ်။

ဒီအဖြေဟာ အနည်းငယ်တော့ ထူးဆန်းပြီး မာရှေးယာနိုဟာ သူ့ ကစားသမားဘဝ အကောင်းဆုံး နေ့ရက်တွေကို ကက်တလန်ကလပ်မှာ ကုန်ဆုံးခဲ့တာဖြစ်တယ်။ ဂျရတ်၊ အလွန်ဆို၊ မာရှေးယာနိုအတွဲဟာ လီဗာပူးပရိသတ်တွေ အတော်လေးကို နှစ်သက်ခဲ့ရပေမယ့် အလွန်ဆိုနဲ့ မာရှေးယာနိုတို့ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ထံ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။

မာရှေးယာနိုက အန်ဖီးကို သံဃောဇဉ် ရှိဟန်တူပြီး လက်ရှိ ကမ္ဘာအကောင်းဆုံးအသင်းက လီဗာပူးဖြစ်နေတယ်လို့ ဆိုခဲ့သလို လီဗာပူးနဲ့ ပက်သက်ပြီး ခံစားချက်ပါတဲ့ စကားကို ဆိုခဲ့တာဖြစ်တယ်။

မာရှေးယာနိုက ပြောရာမှာ “ ဘာစီလိုနာကို ကျနော် အများကြီး ချစ်ခင်မှုရှိပါတယ်။ ကျနော် ကစားသမားဘဝ အကောင်းဆုံး နေ့ရက်တွေကို ဘာစီလိုနာမှာ ကုန်ဆုံးခဲ့တယ် ဒါပေမယ့် ကျနော် လီဗာပူးကိုပဲ ရွေးလိုပါတယ်။

သူတို့ထံကနေပြီး တစ်ခုခု စပယ်ရှယ်ဆိုတာမျိုးကို ကျနော် ခံစားရတယ်။ ဟုတ်ပါတယ် အခုချိန်မှာ လီဗာပူး ကမ္ဘာအကောင်းဆုံး ကလပ်အသင်းလည်း ဖြစ်နေပါပြီ။ လီဗာပူးကို ကိုယ်စားပြုတာ ကျနော်အတွက် အရမ်းကို အဓိပ္ပာယ်ရှိပါတယ် ” လို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မာရှေးယာနို မရှိတဲ့နောက်ပိုင်း ကွင်းလယ်ခံစစ်သမားကောင်းတွေ ပိုင်ဆိုင်ထားခြင်းမရှိတဲ့ လီဗာပူးဟာ လက်ရှိမှာတော့ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ဆိုတဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်ခံစစ်သမားနှစ်ဦးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

ZAWGYI

အာဂ်င္တီးနား ကြင္းလယ္လူေဟာင္း မာေရွးယာႏိုက လီဗာပူးနဲ႔ ဘာစီလိုနာ ႏွစ္သင္းအနက္ ဘယ္အသင္းကို ပိုမို ျမတ္ႏိုးသလဲလို႔ ေမးခြန္းထုတ္ခံရရမွာ လီဗာပူးကို ေရြးခ်ယ္သြားခဲ့ပါတယ္။

ဒီအေျဖဟာ အနည္းငယ္ေတာ့ ထူးဆန္းျပီး မာေရွးယာႏိုဟာ သူ႔ ကစားသမားဘဝ အေကာင္းဆံုး ေန႔ရက္ေတြကို ကက္တလန္ကလပ္မွာ ကုန္ဆံုးခဲ့တာျဖစ္တယ္။ ဂ်ရတ္၊ အလြန္ဆို၊ မာေရွးယာႏိုအတြဲဟာ လီဗာပူးပရိသတ္ေတြ အေတာ္ေလးကို ႏွစ္သက္ခဲ့ရေပမယ့္ အလြန္ဆုိနဲ႔ မာေရွးယာႏိုတို႔ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ထံ ေျပာင္းေရႊ႔ခဲ့တာျဖစ္တယ္။

မာေရွးယာႏိုက အန္ဖီးကို သံေဃာဇဥ္ ရွိဟန္တူျပီး လက္ရွိ ကမၻာအေကာင္းဆံုးအသင္းက လီဗာပူးျဖစ္ေနတယ္လို႔ ဆိုခဲ့သလို လီဗာပူးနဲ႔ ပက္သက္ျပီး ခံစားခ်က္ပါတဲ့ စကားကို ဆိုခဲ့တာျဖစ္တယ္။

မာေရွးယာႏိုက ေျပာရာမွာ “ ဘာစီလိုနာကို က်ေနာ္ အမ်ားၾကီး ခ်စ္ခင္မႈရွိပါတယ္။ က်ေနာ္ ကစားသမားဘဝ အေကာင္းဆံုး ေန႔ရက္ေတြကို ဘာစီလိုနာမွာ ကုန္ဆံုးခဲ့တယ္ ဒါေပမယ့္ က်ေနာ္ လီဗာပူးကိုပဲ ေရြးလိုပါတယ္။

သူတို႔ထံကေနျပီး တစ္ခုခု စပယ္ရွယ္ဆိုတာမ်ိဳးကို က်ေနာ္ ခံစားရတယ္။ ဟုတ္ပါတယ္ အခုခ်ိန္မွာ လီဗာပူး ကမၻာအေကာင္းဆံုး ကလပ္အသင္းလည္း ျဖစ္ေနပါျပီ။ လီဗာပူးကို ကိုယ္စားျပဳတာ က်ေနာ္အတြက္ အရမ္းကို အဓိပၸာယ္ရွိပါတယ္ ” လို႔ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

မာေရွးယာႏို မရွိတဲ့ေနာက္ပိုင္း ကြင္းလယ္ခံစစ္သမားေကာင္းေတြ ပိုင္ဆုိင္ထားျခင္းမရွိတဲ့ လီဗာပူးဟာ လက္ရွိမွာေတာ့ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ဆိုတဲ့ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကြင္းလယ္ခံစစ္သမားႏွစ္ဦးကို ပိုင္ဆုိင္ထားျပီျဖစ္ပါတယ္။