စပါးမန်နေဂျာ မော်ရင်ညိုက ဒီရာသီ လီဗာပူးအသငင်း အမှတ်ပေးဖလား အနိုင်ရမယ်ဆိုတာကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက သူ ခံစားမိနေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မော်ရင်ညိုဟာ ၂၀၀၅၊ ၂၀၀၆ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ လန်ဒန်ကလပ် ချယ်ဆီးနဲ့အတူ အမှတ်ပေးဖလားတွေကို အနိုင်ရခဲ့ဖူးသူဖြစ်တယ်။ လက်ရှိ စပါးအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ညိုဟာ ၂၀၁၈ ဒီဇင်ဘာတုန်းက လီဗာပူးကို အရေးနိမ့်မှု နောက်ဆက်တွဲအဖြစ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

စပါးနဲ့ မန်စီးတီးပွဲမှာ သူ့ရဲ့အသင်းဟာ ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးပွဲ ၂၅ ပွဲ ကစားအပြီးမှာ လီဗာပူးဟာ ဒုတိယနေရာက အသင်းကို ရမှတ် ၂၂ မှတ်ဖြတ်ထားခဲ့ပြီဖြစ်တယ်။ လီဗာပူးအနေနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့အတွက် လက်ကျန် ၁၃ ပွဲမှာ ၆ ပွဲပဲ အနိုင်ရဖို့ လိုတော့တာဖြစ်ပါတယ်။

မော်ရင်ညိုက “ နိုဝင်ဘာ အစောကတည်းက အမှတ်ပေးဖလားက လီဗာပူးအသင်းလက်ထဲ ရောက်သွားမယ်ဆိုတာ ငါ ခံစားခဲ့ရတယ်။ အဲ့တာ မင်းတို့မှာ (စကိုင်းစပေါ့) မှာ အလုပ်လုပ်နေတဲ့ အချိန်ကတည်းကပါပဲ။ ” လို့ မော်ရင်ညိုက မနက်က ပွဲအပြီးမှာ ဖြေဆိုပေးခဲ့တာပါ။

သူကပဲ “ အမှတ်ပေးဖလားကို သုံးကြိမ်ဆက် အနိုင်ရဖို့ဆိုတာက ဘယ်လောက်ထိ ခက်ခဲသလဲဆိုတာ ငါကိုယ်တိုင် သိတယ်။ အဲ့တာက အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် မန်စီးတီးက ထူးချွန်တဲ့ မန်နေဂျာကောင်းနဲ့ အသင်းကောင်း ဖြစ်နေဆဲပါ။ အမှတ်ပေးဇယား ဆိုတာက နှစ်ပွဲလောက် အရေးနိမ့်ရင် တန်းဆင်းဇုန်းနားထိ ရောက်သွားနိုင်ပြီး နှစ်ပွဲလောက် နိုင်လိုက်တာနဲ့ ထိပ်ဆုံးကို ထိုးတက်သွားနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အကယ်လို့ လက်ကျန်ပွဲတွေမှာ လီဗာပူးကော မန်စီးတီးပါ ဆက်တိုက် အနိုင်ရမယ်ဆိုရင် လီဗာပူးဟာ လက်ရှိ ချန်ပီယံ မန်စီးတီးရဲ့ အိမ်ကွင်း အီသီဟတ်ကို သွားမယ့် ၃၂ ပွဲမြောက် အမှတ်ပေးပွဲမှာ ချန်ပီယံဖြစ်ပြီး ဖြစ်နေမှာပါ။ အဆိုပါလို အနေအထားဆိုရင်တော့ လက်ရှိ ချန်ပီယံက ချန်ပီယံသစ်ကို ဂုဏ်ပြုမှုနဲ့ ကြိုဆိုမလားဆိုတာကလည်း စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်လို့ နေပါတယ်။

ZAWGYI

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက ဒီရာသီ လီဗာပူးအသငင္း အမွတ္ေပးဖလား အႏုိင္ရမယ္ဆိုတာကို လြန္ခဲ့တဲ့ သံုးလေလာက္ကတည္းက သူ ခံစားမိေနတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ေမာ္ရင္ညိဳဟာ ၂၀၀၅၊ ၂၀၀၆ နဲ႔ ၂၀၁၅ ခုႏွစ္ေတြမွာ လန္ဒန္ကလပ္ ခ်ယ္ဆီးနဲ႔အတူ အမွတ္ေပးဖလားေတြကို အႏုိင္ရခဲ့ဖူးသူျဖစ္တယ္။ လက္ရွိ စပါးအသင္းကို ကိုင္တြယ္ေနတဲ့ ေမာ္ရင္ညိဳဟာ ၂၀၁၈ ဒီဇင္ဘာတုန္းက လီဗာပူးကို အေရးနိမ့္မႈ ေနာက္ဆက္တြဲအျဖစ္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

စပါးနဲ႔ မန္စီးတီးပြဲမွာ သူ႔ရဲ႕အသင္းဟာ ၂-၀ နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ အမွတ္ေပးပြဲ ၂၅ ပြဲ ကစားအျပီးမွာ လီဗာပူးဟာ ဒုတိယေနရာက အသင္းကို ရမွတ္ ၂၂ မွတ္ျဖတ္ထားခဲ့ျပီျဖစ္တယ္။ လီဗာပူးအေနနဲ႔ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရဖို႔အတြက္ လက္က်န္ ၁၃ ပြဲမွာ ၆ ပြဲပဲ အႏုိင္ရဖို႔ လိုေတာ့တာျဖစ္ပါတယ္။

ေမာ္ရင္ညိဳက “ ႏိုဝင္ဘာ အေစာကတည္းက အမွတ္ေပးဖလားက လီဗာပူးအသင္းလက္ထဲ ေရာက္သြားမယ္ဆိုတာ ငါ ခံစားခဲ့ရတယ္။ အဲ့တာ မင္းတို႔မွာ (စကိုင္းစေပါ့) မွာ အလုပ္လုပ္ေနတဲ့ အခ်ိန္ကတည္းကပါပဲ။ ” လို႔ ေမာ္ရင္ညိဳက မနက္က ပြဲအျပီးမွာ ေျဖဆိုေပးခဲ့တာပါ။

သူကပဲ “ အမွတ္ေပးဖလားကို သံုးၾကိမ္ဆက္ အႏုိင္ရဖို႔ဆိုတာက ဘယ္ေလာက္ထိ ခက္ခဲသလဲဆိုတာ ငါကိုယ္တိုင္ သိတယ္။ အဲ့တာက အရမ္းကို ခက္ခဲပါတယ္။ ဒါေပမယ့္ မန္စီးတီးက ထူးခၽြန္တဲ့ မန္ေနဂ်ာေကာင္းနဲ႔ အသင္းေကာင္း ျဖစ္ေနဆဲပါ။ အမွတ္ေပးဇယား ဆိုတာက ႏွစ္ပြဲေလာက္ အေရးနိမ့္ရင္ တန္းဆင္းဇုန္းနားထိ ေရာက္သြားႏုိင္ျပီး ႏွစ္ပြဲေလာက္ ႏုိင္လိုက္တာနဲ႔ ထိပ္ဆံုးကို ထိုးတက္သြားႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အကယ္လို႔ လက္က်န္ပြဲေတြမွာ လီဗာပူးေကာ မန္စီးတီးပါ ဆက္တိုက္ အႏုိင္ရမယ္ဆိုရင္ လီဗာပူးဟာ လက္ရွိ ခ်န္ပီယံ မန္စီးတီးရဲ႕ အိမ္ကြင္း အီသီဟတ္ကို သြားမယ့္ ၃၂ ပြဲေျမာက္ အမွတ္ေပးပြဲမွာ ခ်န္ပီယံျဖစ္ျပီး ျဖစ္ေနမွာပါ။ အဆိုပါလို အေနအထားဆိုရင္ေတာ့ လက္ရွိ ခ်န္ပီယံက ခ်န္ပီယံသစ္ကို ဂုဏ္ျပဳမႈနဲ႔ ၾကိဳဆိုမလားဆိုတာကလည္း ေစာင့္ၾကည့္ရမယ့္ ကိစၥ ျဖစ္လို႔ ေနပါတယ္။