မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးကွင်းလယ်ခံစစ်မှာ ဖာဘင်ညိုနဲ့ ဟန်ဒါဆန် နှစ်ဦးအနက် ဘယ်သူ့ကို သုံးမလဲလို့ မေးရာမှာ ဟန်ဒိုကို ရှေ့တက်စေပြီး ဖာဘင်ညိုကို ကွင်းလယ်အထိုင်နေရာ ဝင်စေပါမယ်လို့ ရှင်းပြသွားပါတယ်။

ဖာဘင်ညိုဟာ ပထမရာသီဝက်မှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်ခံစစ်သမားအဖြစ် ကစားပြခဲ့တာပါ။ သူဒဏ်ရာရတဲ့နောက် အသင်းဖော် ဟန်ဒါဆန်က သူ့နေရာကို အစားဝင်လာပြီး အကောင်းဆုံး ကစားပြခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ နှစ်ဦးလုံး ကြံ့ခိုင်လာချိန်မှာတော့ ဖာဘင်ညိုကို သူ့နေရာပြန်ပေးကာ ဟန်ဒါဆန်ကို တိုက်စစ် ပိုလိုက်စေမယ်လို ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်က ဆိုရာမှာ “ ဒါအတွက် ဆုံးဖြတ်ချက်က လွယ်ပါတယ်။ ဟန်ဒိုကို နေရာပြောင်းကစားစေမှာပါ။ ဟန်ဒိုထက်စာရင် ဖာဘင်ညိုက သူ့ရဲ့ ပင်ကိုယ်ကစားပေါက်ကိုက ကွင်းလယ်ခံစစ်ကို အသားပေးကစားတဲ့သူ ဖြစ်ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ကောင်တာတိုက်စစ်တွေကို သူ ထိန်းချုပ်နိုင်ခဲ့တယ်။ ဖာဘင်ညိုက ပုံစံမှန်ဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ သူဝင်လာပြီး ကစားရတဲ့ ပထမဆုံး နှစ်ပွဲမှာ ဖာဘင်ညိုဟာ ဒဏ်ရာမရခင်က အနေအထားကို ပြန်မရသေးပါဘူး။ ဒါက ပုံမှန်ပါပဲ။ ဆောက်သမ်တန်နဲ့ပွဲက သူ့အတွက် ခြေလှမ်းကြီး ဖြစ်ခဲ့သလို ကျနေ်ာတို့အတွက်လည်း အရေးပါခဲ့ပါတယ်။

အလယ်မှာ သိပ်ပြီး လှုပ်ရှားမနေပဲ တည်ငြိမ်တဲ့ ကစားသမား တစ်ဦးကို လိုခဲ့တယ်။ ဒါကို ဆောက်သမ်တန်ပွဲ ဒုတိယပိုင်းမှာ ပြောင်းလခဲ့တယ်။ ချိန်းကစားဖို့အတွက် သူ့ကို ပိုပြီး သုံးဖို့ လိုခဲ့ပါတယ်။ ဖာဘင်ညိုကို ရှာ ဘောလုံးပေး သူက အခြားဘက်ကိုပေး ပြီးရင် အရှိန်ပိုမြင့်အောင်လုပ်ဖို့က half-spaces တွေထဲ ဟန်ဒိုရဲ့ ပါဝါတွေကို သုံးဖို့ လုပ်ခဲ့ပါတယ် ” လို့ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးကြင္းလယ္ခံစစ္မွာ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ ႏွစ္ဦးအနက္ ဘယ္သူ႔ကို သံုးမလဲလို႔ ေမးရာမွာ ဟန္ဒိုကို ေရွ႔တက္ေစျပီး ဖာဘင္ညိဳကို ကြင္းလယ္အထုိင္ေနရာ ဝင္ေစပါမယ္လို႔ ရွင္းျပသြားပါတယ္။

ဖာဘင္ညိဳဟာ ပထမရာသီဝက္မွာ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကြင္းလယ္ခံစစ္သမားအျဖစ္ ကစားျပခဲ့တာပါ။ သူဒဏ္ရာရတဲ့ေနာက္ အသင္းေဖာ္ ဟန္ဒါဆန္က သူ႔ေနရာကို အစားဝင္လာျပီး အေကာင္းဆံုး ကစားျပခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ ႏွစ္ဦးလံုး ၾကံ႕ခိုင္လာခ်ိန္မွာေတာ့ ဖာဘင္ညိဳကို သူ႔ေနရာျပန္ေပးကာ ဟန္ဒါဆန္ကို တိုက္စစ္ ပိုလိုက္ေစမယ္လို ဆိုခဲ့တာျဖစ္တယ္။

ကေလာ့ပ္က ဆိုရာမွာ “ ဒါအတြက္ ဆံုးျဖတ္ခ်က္က လြယ္ပါတယ္။ ဟန္ဒိုကို ေနရာေျပာင္းကစားေစမွာပါ။ ဟန္ဒိုထက္စာရင္ ဖာဘင္ညိဳက သူ႔ရဲ႕ ပင္ကိုယ္ကစားေပါက္ကိုက ကြင္းလယ္ခံစစ္ကို အသားေပးကစားတဲ့သူ ျဖစ္ပါတယ္။

ေဆာက္သမ္တန္နဲ႔ပြဲမွာ ေကာင္တာတိုက္စစ္ေတြကို သူ ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္။ ဖာဘင္ညိဳက ပံုစံမွန္ဖို႔ေတာ့ ရုန္းကန္ခဲ့ရပါတယ္။ သူဝင္လာျပီး ကစားရတဲ့ ပထမဆံုး ႏွစ္ပြဲမွာ ဖာဘင္ညိဳဟာ ဒဏ္ရာမရခင္က အေနအထားကို ျပန္မရေသးပါဘူး။ ဒါက ပံုမွန္ပါပဲ။ ေဆာက္သမ္တန္နဲ႔ပြဲက သူ႔အတြက္ ေျခလွမ္းၾကီး ျဖစ္ခဲ့သလို က်ေန္ာတုိ႔အတြက္လည္း အေရးပါခဲ့ပါတယ္။

အလယ္မွာ သိပ္ျပီး လႈပ္ရွားမေနပဲ တည္ျငိမ္တဲ့ ကစားသမား တစ္ဦးကို လိုခဲ့တယ္။ ဒါကို ေဆာက္သမ္တန္ပြဲ ဒုတိယပိုင္းမွာ ေျပာင္းလခဲ့တယ္။ ခ်ိန္းကစားဖို႔အတြက္ သူ႔ကို ပိုျပီး သံုးဖို႔ လိုခဲ့ပါတယ္။ ဖာဘင္ညိဳကို ရွာ ေဘာလံုးေပး သူက အျခားဘက္ကိုေပး ျပီးရင္ အရွိန္ပိုျမင့္ေအာင္လုပ္ဖို႔က half-spaces ေတြထဲ ဟန္ဒိုရဲ႕ ပါဝါေတြကို သံုးဖို႔ လုပ္ခဲ့ပါတယ္ ” လို႔ ျဖစ္ပါတယ္။