လီဗာပူးက ခေါ်ယူလိုတာကြောင့် စောင့်ကြည့်မှုတွေ လုပ်ထားသလို ကလပ်အသင်း အများအပြားရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာက အပြောင်းအရွှေ့ ကိစ္စတွေကို မတုန်လှုပ်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လို့ လက်ရှိမှာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အတွက်ပဲ အာရုံစိုက်နေတာဖြစ်ပြီး အနာဂတ် ကိစ္စတွေကိုတော့ ရာသီကုန်လို့ ကလပ်တွေ ကမ်းလှမ်းမှုတွေ ပေးလာမှပဲ စဉ်းစားသွားဖွယ် ရှိနေတာဖြစ်ပါတယ်။

တီမို ဝါနာက ” အသက် ၂၃ နှစ်အရွယ်မှာတင် တစ်ရာသီ ဂိုး ၂၀ လောက် သွင်းနေရင်တော့ စိတ်ဝင်စားတာတွေက ရှိလာမှာပဲဗျ ဒါက ရှင်းပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကျနော်က အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတဲ့ အကြောင်းကို မစဉ်းစားသေးပါဘူး။ အရေးကြီးတဲ့ပွဲတွေ ကစားရဖို့ ရှိနေပါသေးတယ်။ အခုချိန်မှာ ဒါကိုပဲ ကျနော် အာရုံစိုက်ထားလိုတယ်။ အနာဂတ်နဲ့ ပက်သက်တဲ့ ကိစ္စတွေကို နောက်မှပဲ စဉ်းစားပါမယ် ” လို့ ဆိုပါတယ်။

အနာဂတ်နဲ့ ပက်သက်လို့ ဘယ်လိုကိစ္စတွေ စဉ်းစားဖို့ အစီအစဉ်ရှိသလဲလို့ ထပ်မံပြီး မေးမြန်းရာမှာတော့ ဝါနာက သူ့အတွက် ကမ်းလှမ်းလာမယ့် စာချုပ်တွေအပေါ် မူတည်ပါတယ်လို့ ပြန်ဖြေပါတယ်။

” ချန်ပီယံလိဂ် အနိုင်ရဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းက မယုံနိုင်လောက်တဲ့ စာချုပ်နဲ့ ကမ်းလှမ်းလာမှာမျိုးလား? ကစားသမား အများအပြားက အဲ့တာကို စဉ်းစားကြမှာပါ။ ကျနော် ကစားလိုတာအတွက် အထူးကမ်းလှမ်းမှုတွေ မရှိသေးပေမယ့် တစ်ရက်မှာ နိုင်ငံရပ်ခြားမှာ သွားကစားဖို့ ကျနော်လည်း စဉ်းစားထားတယ်။

အားလုံးအတွက် လမ်းဖွင့်ပေးထားပါတယ်။ အင်္ဂလိပ်ဘောလုံးက ကစားချိန်တွေ ပြည့်နေတယ်။ ဒါကပဲ ပရီးမီးယားလိဂ်ကို အရမ်း အံ့သြစရာ ကောင်းစေပါတယ်။ အဲ့မှာ ကလပ်အသင်းကြီးတွေ ကျော်ကြားတဲ့ ကလပ်တွေလည်းရှိပြီး သွားကစားဖို့က ပျော်ဖို့ကောင်းမှာပါ ” လို့ ဝါနာက ဆက်လက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ေခၚယူလိုတာေၾကာင့္ ေစာင့္ၾကည့္မႈေတြ လုပ္ထားသလို ကလပ္အသင္း အမ်ားအျပားရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတဲ့ ဂ်ာမနီတိုက္စစ္မွဴး တီမိုဝါနာက အေျပာင္းအေရႊ႔ ကိစၥေတြကို မတုန္လႈပ္ဘူးလို႔ ဆိုပါတယ္။

ဒါေပမယ့္လို႔ လက္ရွိမွာ ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အတြက္ပဲ အာရံုစိုက္ေနတာျဖစ္ျပီး အနာဂတ္ ကိစၥေတြကိုေတာ့ ရာသီကုန္လို႔ ကလပ္ေတြ ကမ္းလွမ္းမႈေတြ ေပးလာမွပဲ စဥ္းစားသြားဖြယ္ ရွိေနတာျဖစ္ပါတယ္။

တီမို ဝါနာက ” အသက္ ၂၃ ႏွစ္အရြယ္မွာတင္ တစ္ရာသီ ဂိုး ၂၀ ေလာက္ သြင္းေနရင္ေတာ့ စိတ္ဝင္စားတာေတြက ရွိလာမွာပဲဗ် ဒါက ရွင္းပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ က်ေနာ္က အနာဂတ္မွာ ဘာျဖစ္လာမလဲဆိုတဲ့ အေၾကာင္းကို မစဥ္းစားေသးပါဘူး။ အေရးၾကီးတဲ့ပြဲေတြ ကစားရဖို႔ ရွိေနပါေသးတယ္။ အခုခ်ိန္မွာ ဒါကိုပဲ က်ေနာ္ အာရံုစိုက္ထားလိုတယ္။ အနာဂတ္နဲ႔ ပက္သက္တဲ့ ကိစၥေတြကို ေနာက္မွပဲ စဥ္းစားပါမယ္ ” လို႔ ဆိုပါတယ္။

အနာဂတ္နဲ႔ ပက္သက္လို႔ ဘယ္လိုကိစၥေတြ စဥ္းစားဖို႔ အစီအစဥ္ရွိသလဲလို႔ ထပ္မံျပီး ေမးျမန္းရာမွာေတာ့ ဝါနာက သူ႔အတြက္ ကမ္းလွမ္းလာမယ့္ စာခ်ဳပ္ေတြအေပၚ မူတည္ပါတယ္လို႔ ျပန္ေျဖပါတယ္။

” ခ်န္ပီယံလိဂ္ အႏုိင္ရဖို႔ ေရပန္းစားတဲ့ အသင္းေတြထဲက တစ္သင္းက မယံုႏုိင္ေလာက္တဲ့ စာခ်ဳပ္နဲ႔ ကမ္းလွမ္းလာမွာမ်ိဳးလား? ကစားသမား အမ်ားအျပားက အဲ့တာကို စဥ္းစားၾကမွာပါ။ က်ေနာ္ ကစားလိုတာအတြက္ အထူးကမ္းလွမ္းမႈေတြ မရွိေသးေပမယ့္ တစ္ရက္မွာ ႏုိင္ငံရပ္ျခားမွာ သြားကစားဖို႔ က်ေနာ္လည္း စဥ္းစားထားတယ္။

အားလံုးအတြက္ လမ္းဖြင့္ေပးထားပါတယ္။ အဂၤလိပ္ေဘာလံုးက ကစားခ်ိန္ေတြ ျပည့္ေနတယ္။ ဒါကပဲ ပရီးမီးယားလိဂ္ကို အရမ္း အံ့ၾသစရာ ေကာင္းေစပါတယ္။ အဲ့မွာ ကလပ္အသင္းၾကီးေတြ ေက်ာ္ၾကားတဲ့ ကလပ္ေတြလည္းရွိျပီး သြားကစားဖို႔က ေပ်ာ္ဖို႔ေကာင္းမွာပါ ” လို႔ ဝါနာက ဆက္လက္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။