လီဗာပူးအသင်းရဲ့ အားထားရတဲ့ ခံစစ်မှူး ဗန်ဒိုက်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ဟာ အသင်းနဲ့ အတူ ကာလရှည် သက်တမ်းတိုး စာချုပ်များ ချုပ်ဆိုလိုနေကြပါတယ်။

လီဗာပူး တိုက်စစ်သမားတွေ ဖြစ်တဲ့ ဆာလက်၊ မာနေးနဲ့ ဖာမီနိုတို့ဟာ အသင်းဖော်တွေ အားလုံးပါ ဂိုးတွေ ဘယ်လိုသွင်းရလဲ သင်ယူချင် လာအောင် စံနမူနာပြ ကစားနေကြသူတွေ ဖြစ်တယ်လို့ ချိန်ဘာလိန်က ချီးကျူး ပြောဆိုခဲ့ပါတယ်။

စပါးကို ရှုံးနိမ့်အပြီးမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ဒီရာသီ အမှတ်ပေးဖလားကို ရပ်တန့်မရတဲ့ လီဗာပူးအသင်းထံ လွှဲအပ်ရတော့မှာ ဖြစ်ကြောင်း ဝန်ခံလိုက်ပြီး စီးတီး အနေနဲ့ အခြားပြိုင်ပွဲများကိုသာ အာရုံစိုက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှူး ဆာလက်ဟာ လီဗာပူးအသင်းအတွက် ဘယ်တုန်းကမှ တစ်ကိုယ်ကောင်းဆန်ခဲ့သူ မဟုတ်ကြောင်း နည်းပြ ယာဂင်ကလော့ပ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဆာလက်ဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ နှစ်ဂိုး သွင်းယူခဲ့ပါတယ်။

လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာက လက်ရှိ ရာသီမှာ ဂျာမန်ကလပ် အတွက် အာရုံစိုက်ထားမှာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားဆဲ ဖြစ်ပါတယ်။ တီမိဝါနာ လမ်းဖွင့်ပေးထားတာကြောင့် လီဗာပူး၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က လာမယ့်နွေမှာ လှုပ်ရှားမှု ပြုလုပ်ဖွယ် ရှိပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဆု အတွက် ရေပန်းအစားဆုံးက ဂျော်ဒန် ဟန်ဒါဆန် ဖြစ်လာပြီး ဒိုင်များရဲ့ အလေးပေးမှုမှာလည်း ဟန်ဒါဆန်က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ၎င်းနောက်မှာတော့ မာနေး၊ ဒီဘရိုင်းတို့ အသီးသီး ရှိနေပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ အားထားရတဲ့ ခံစစ္မွဴး ဗန္ဒိုက္နဲ႕ ဂိုးသမား အယ္လစ္ဆန္တို႔ဟာ အသင္းနဲ႕ အတူ ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္မ်ား ခ်ဳပ္ဆိုလိုေနၾကပါတယ္။

လီဗာပူး တိုက္စစ္သမားေတြ ျဖစ္တဲ့ ဆာလက္၊ မာေနးနဲ႕ ဖာမီနိုတို႔ဟာ အသင္းေဖာ္ေတြ အားလံုးပါ ဂိုးေတြ ဘယ္လိုသြင္းရလဲ သင္ယူခ်င္ လာေအာင္ စံနမူနာျပ ကစားေနၾကသူေတြ ျဖစ္တယ္လုိ႔ ခ်ိန္ဘာလိန္က ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

စပါးကို ရွံဳးနိမ့္အျပီးမွာ မန္စီးတီး နည္းျပ ပက္ဂြာဒီယိုလာက ဒီရာသီ အမွတ္ေပးဖလားကို ရပ္တန္႔မရတဲ့ လီဗာပူးအသင္းထံ လႊဲအပ္ရေတာ့မွာ ျဖစ္ေၾကာင္း ၀န္ခံလိုက္ျပီး စီးတီး အေနနဲ႕ အျခားျပိဳင္ပြဲမ်ားကိုသာ အာရံုစိုက္သြားမယ္လို႔ ေျပာဆိုခဲ့့ပါတယ္။

တိုက္စစ္မွဴး ဆာလက္ဟာ လီဗာပူးအသင္းအတြက္ ဘယ္တုန္းကမွ တစ္ကိုယ္ေကာင္းဆန္ခဲ့သူ မဟုတ္ေၾကာင္း နည္းျပ ယာဂင္ကေလာ့ပ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ဆာလက္ဟာ ျပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႕ပြဲမွာ နွစ္ဂိုး သြင္းယူခဲ့ပါတယ္။

လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာက လက္ရွိ ရာသီမွာ ဂ်ာမန္ကလပ္ အတြက္ အာရံုစိုက္ထားမွာ ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္သို႔ ေျပာင္းေရႊ႕ ကစားဖို႔ စိတ္၀င္စားဆဲ ျဖစ္ပါတယ္။ တီမိ၀ါနာ လမ္းဖြင့္ေပးထားတာေၾကာင့္ လီဗာပူး၊ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔က လာမယ့္ေႏြမွာ လႈပ္ရွားမႈ ျပဳလုပ္ဖြယ္ ရွိပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမား ဆု အတြက္ ေရပန္းအစားဆံုးက ေဂ်ာ္ဒန္ ဟန္ဒါဆန္ ျဖစ္လာျပီး ဒိုင္မ်ားရဲ႕ အေလးေပးမႈမွာလည္း ဟန္ဒါဆန္က ထိပ္ဆံုးမွာ ရပ္တည္ေနပါတယ္။ ၄င္းေနာက္မွာေတာ့ မာေနး၊ ဒီဘရိုင္းတို႔ အသီးသီး ရွိေနပါတယ္။