အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေ ပြန်ကန်ပွဲကို မန်နေဂျာအဖြစ် ကလော့ပ် ကိုင်တွယ်မှာ မဟုတ်သလို စီနီယာအသင်းသားတွေလည်း ကစားရမှာ မဟုတ်ပေမယ့် လူငယ်ကစားသမားတွေဖြစ်တဲ့ ဂျုံး၊ အီလီယော့၊ ချီရီဗီလာတို့ ပါဝင်ခွင့်ရသွားမှာဖြစ်ပါတယ်။

အဆိုပါပွဲ မတိုင်တွယ်မှုအပေါ် ယာဂင်ကလော့ပ်က ” အန်ဖီးကပွဲမှာ မရှိလို့ ငါက ပျင်းလို့ အဲ့ပွဲကို မကိုင်တာပါ ဘာညာ ပြောနေကြလဲ ဒါကို ငါ မပြောင်းနိုင်ဘူး။ ငါ့အပေါ် ဘယ်လိုပဲ နာမည်တပ်တပ် ငါ အပြောင်းအလဲ မလုပ်နိုင်ဘူး။ ငါ့ရဲ့ ကစားသမားတွေအတွက် ရာနှုန်းပြည့် အကျိုးဖြစ်မယ့် ကိစ္စကိုပဲ လုပ်ပေးဖို့ တာဝန်ရှိလို့ ဘယ်လိုတွေ မြင်နေပါစေ စိတ်မဝင်စားဘူး။

အခြားအသင်းကလူတွေ ဘယ်လို တာဝန်ရှိသူတွေ ဘာတွေပဲပြောနေပါစေ တစ်ဦးတစ်ယောက်ကမှ သူတို့က ငါတို့အသင်းကို ကိုယ်စားပြုသူတွေ မဟုတ်ဘူး။ သူတို့တွေက နည်းပြလည်း မဟုတ်ဘူး၊ မန်နေဂျာလည်း မဟုတ်ဘူး၊ အားကစားဒါရိုက်တာလည်း မဟုတ်ပါဘူး။ ” လို့ဆိုတယ်။

အရေးပါဆုံး မေးခွန်းအနေနဲ့ အန်ဖီးမှာ ကစားမယ့်ပွဲမှာ ကွင်းဘေးက ကိုင်တွယ်ပေးမှာ မဟုတ်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး ကလော့ပ်ကတော့ လူငယ်အသင်းကလည်း သူတို့အကြောင်း အကောင်းဆုံးသိတဲ့ ကိုယ်ပိုင်နည်းပြရှိကြောင်းနဲ့ ပွဲမတိုင်ခင်မှာ လူငယ်တွေကို သူကိုယ်တိုင် လေ့ကျင့်ပေးမှာ ဖြစ်ပေမယ့် ကွင်းဘေးမှာတော့ ပိုမိုနားလည်တဲ့ လူငယ်နည်းပြ ခရစ်ချ်လေကပဲ ကိုင်တွယ်ရမယ်လို့ ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်က ” အန်ဖီးကပွဲမှာ ငါဒီမှာ ရှိနေမလားဆိုရင် ရှိနေမှာပေါ့။ ဒါပေမယ့် ဒီမှာလည်း လူတွေက နားလည်မှု လွဲနေကြပြန်တယ်။ အုပ်ချုပ်မှုနဲ့ နည်းပြမှုဆိုတာရှိတယ်။ လူရှေ့ထွက်ပြဖို့ ငါ ကွင်းဘေးမှာ ရှိနေမှာ မဟုတ်ဘူး။ အသင်းနဲ့အတူ လေ့ကျင့်မယ်။ ကာပယ်လိုက လက်ရွေးစင်မှာ အုပ်ချုပ်မှု မန်နေဂျာအဖြစ် သူ့အသင်းကို နှစ်ရက်လောက်ပဲ လာကြည့်ပြီး ကျန်တာကို နည်းပြတွေက လုပ်ရတာပါ။ ကောင်လေးတွေမှာ သူတို့နည်းပြရှိတယ်။ ကောင်လေးတွေရဲ့ နည်းပြက ခရစ်ပါ။

ကောင်လေးတွေက ငါတို့ အားလုံးရဲ့ ထောက်ပံ့ပေးမှုကို ရပါမယ်။ အသင်းအနေနဲ့ အဲ့ပွဲကို အနိုင်ရဖို့ လုပ်ပေးနိုင်မှာ အားလုံးကို ငါတို့ ကြိုးစားမှာပါ။ မလွယ်ကူပေမယ့် ကြိုးစားမှာပါ။ ရာသီဝက်အနားကာလက နောက်နှစ်တွေအတွက်ပါ ဒီရာသီမှာ စတင်လိုက်တာပါ။ ဒါကို ငါတို့ အဖြေရှာကြည့်ရမှာဖြစ်ပြီး ဒီနှစ်တော့ မလုပ်သေးဘူးဆိုတဲ့ အနေအထား မဟုတ်ပါဘူး ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ အက္ဖ္ေအ ျပန္ကန္ပြဲကို မန္ေနဂ်ာအျဖစ္ ကေလာ့ပ္ ကိုင္တြယ္မွာ မဟုတ္သလို စီနီယာအသင္းသားေတြလည္း ကစားရမွာ မဟုတ္ေပမယ့္ လူငယ္ကစားသမားေတြျဖစ္တဲ့ ဂ်ံဳး၊ အီလီေယာ့၊ ခ်ီရီဗီလာတို႔ ပါဝင္ခြင့္ရသြားမွာျဖစ္ပါတယ္။

အဆိုပါပြဲ မတိုင္တြယ္မႈအေပၚ ယာဂင္ကေလာ့ပ္က ” အန္ဖီးကပြဲမွာ မရွိလို႔ ငါက ပ်င္းလို႔ အဲ့ပြဲကို မကိုင္တာပါ ဘာညာ ေျပာေနၾကလဲ ဒါကို ငါ မေျပာင္းႏုိင္ဘူး။ ငါ့အေပၚ ဘယ္လိုပဲ နာမည္တပ္တပ္ ငါ အေျပာင္းအလဲ မလုပ္ႏုိင္ဘူး။ ငါ့ရဲ႕ ကစားသမားေတြအတြက္ ရာႏႈန္းျပည့္ အက်ိဳးျဖစ္မယ့္ ကိစၥကိုပဲ လုပ္ေပးဖို႔ တာဝန္ရွိလို႔ ဘယ္လိုေတြ ျမင္ေနပါေစ စိတ္မဝင္စားဘူး။

အျခားအသင္းကလူေတြ ဘယ္လို တာဝန္ရွိသူေတြ ဘာေတြပဲေျပာေနပါေစ တစ္ဦးတစ္ေယာက္ကမွ သူတို႔က ငါတို႔အသင္းကို ကိုယ္စားျပဳသူေတြ မဟုတ္ဘူး။ သူတို႔ေတြက နည္းျပလည္း မဟုတ္ဘူး၊ မန္ေနဂ်ာလည္း မဟုတ္ဘူး၊ အားကစားဒါရိုက္တာလည္း မဟုတ္ပါဘူး။ ” လို႔ဆိုတယ္။

အေရးပါဆံုး ေမးခြန္းအေနနဲ႔ အန္ဖီးမွာ ကစားမယ့္ပြဲမွာ ကြင္းေဘးက ကိုင္တြယ္ေပးမွာ မဟုတ္တဲ့ ကိစၥနဲ႔ ပက္သက္ျပီး ကေလာ့ပ္ကေတာ့ လူငယ္အသင္းကလည္း သူတို႔အေၾကာင္း အေကာင္းဆံုးသိတဲ့ ကိုယ္ပိုင္နည္းျပရွိေၾကာင္းနဲ႔ ပြဲမတိုင္ခင္မွာ လူငယ္ေတြကို သူကိုယ္တိုင္ ေလ့က်င့္ေပးမွာ ျဖစ္ေပမယ့္ ကြင္းေဘးမွာေတာ့ ပိုမိုနားလည္တဲ့ လူငယ္နည္းျပ ခရစ္ခ်္ေလကပဲ ကိုင္တြယ္ရမယ္လို႔ ဆိုခဲ့တာျဖစ္တယ္။

ကေလာ့ပ္က ” အန္ဖီးကပြဲမွာ ငါဒီမွာ ရွိေနမလားဆိုရင္ ရွိေနမွာေပါ့။ ဒါေပမယ့္ ဒီမွာလည္း လူေတြက နားလည္မႈ လြဲေနၾကျပန္တယ္။ အုပ္ခ်ဳပ္မႈနဲ႔ နည္းျပမႈဆိုတာရွိတယ္။ လူေရွ႔ထြက္ျပဖို႔ ငါ ကြင္းေဘးမွာ ရွိေနမွာ မဟုတ္ဘူး။ အသင္းနဲ႔အတူ ေလ့က်င့္မယ္။ ကာပယ္လိုက လက္ေရြးစင္မွာ အုပ္ခ်ဳပ္မႈ မန္ေနဂ်ာအျဖစ္ သူ႔အသင္းကို ႏွစ္ရက္ေလာက္ပဲ လာၾကည့္ျပီး က်န္တာကို နည္းျပေတြက လုပ္ရတာပါ။ ေကာင္ေလးေတြမွာ သူတို႔နည္းျပရွိတယ္။ ေကာင္ေလးေတြရဲ႕ နည္းျပက ခရစ္ပါ။

ေကာင္ေလးေတြက ငါတို႔ အားလံုးရဲ႕ ေထာက္ပံ့ေပးမႈကို ရပါမယ္။ အသင္းအေနနဲ႔ အဲ့ပြဲကို အႏုိင္ရဖို႔ လုပ္ေပးႏုိင္မွာ အားလံုးကို ငါတို႔ ၾကိဳးစားမွာပါ။ မလြယ္ကူေပမယ့္ ၾကိဳးစားမွာပါ။ ရာသီဝက္အနားကာလက ေနာက္ႏွစ္ေတြအတြက္ပါ ဒီရာသီမွာ စတင္လိုက္တာပါ။ ဒါကို ငါတို႔ အေျဖရွာၾကည့္ရမွာျဖစ္ျပီး ဒီႏွစ္ေတာ့ မလုပ္ေသးဘူးဆိုတဲ့ အေနအထား မဟုတ္ပါဘူး ” လို႔ ဆိုခဲ့ပါတယ္။