လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကို အသင်းမှာ ကာလရှည် ဆက်ရှိနေဖို့ စာချုပ်ရှည်တွေ တိုးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ လီဗာပူးသတင်းထောက် မီလီဆာ ရတ်ဒီက ဖော်ပြသွားပါတယ်။

လီဗာပူးနဲ့ ရှရူဘူရီပွဲကို အသင်းခေါင်းဆောင်အဖြစ် ကာတစ်ဂျုံး တာဝန်ယူဖွယ်ရှိနေပါတယ်။ ဒါဟာ လီဗာပူးအသင်းသမိုင်းမှာ အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှု ဖြစ်လာပါမယ်။

ဒီရာသီ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲတွေနဲ့တင်ကို လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရနိုင်သေးတာဖြစ်ပါတယ်။ လီဗာပူးရဲ့ အိမ်ကွင်း ရလဒ်က ပွဲတိုင်းကို အနိုင်ရထားတာဖြစ်ပါတယ်။

လီဗာပူးရဲ့ ချန်ပီယံလိဂ်ပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး မိုရာတာဟာ ကြွက်သားဒဏ်ရာ ရရှိသွားတယ်လို့ တီကိုဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒဏ်ရာ ကြာချိန်ကိုတော့ မသိရသေးပါဘူး။

ခံစစ်မှူးဟိုဗာဟာ သူ့အသက် ၁၆ နှစ်အရွယ် စီနီယာအသင်းအတွက် ဗဟိုခံစစ်မှူးနေရာကနေ ပထမဆုံး ပွဲထွက်ပြီးတဲ့နောက်ပိုင်း စီနီယာပွဲတွေမှာ ညာအစွန်လူအဖြစ်ပဲ ကစားခဲ့ရပါတယ်။ ညပွဲမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဗဟိုခံစစ်မှူးနေရာက ပြန်လည် ပွဲထွက်နိုင်ပါတယ်။

ရှရူဘူရီနဲ့ပွဲမှာ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက လီဗာပူးကို ပြောင်းလာခဲ့တဲ့ တိုက်စစ်မှူး ဂျိုးဟာဒီရဲ့ ပထမဆုံးသော လီဗာပူးစီနီယာပွဲ ဖြစ်လာပါမယ်။ သူဟာ ယူ-၂၃ အသင်းအတွက် အဓိက ကစားပေးဖို့ ခေါ်ယူခြင်းခံရပြီး ၅ ပွဲမှာ ၃ ဂိုး သွင်းထားပါတယ်။

ရှရူဘူရီမန်နေဂျာ ရစ်ကတ်က မန်နေဂျာ ယာဂင်ကလော့ပ်နဲ့ မိနစ် ၂၀-၃၀ ခန့် စကားပြောခဲ့ရပြီး ကလော့ပ်က ဖေဖော်ဝါရီမှာ အနားပေးမယ့် အစီအစဉ်ကို အရင် သုံးလကတည်းက အသင်းသားတွေကို ကတိပေးထားခဲ့တာကြောင့် ကတိမဖျက်နိုင်ဘူးလို့ ရှင်းပြခဲ့တယ်လို့ ပြောပြပါတယ်။ သူကတော့ လီဗာပူးရဲ့ အခြေအနေကို နားလည်ပါတယ်လို့ ပွဲကြိုမှာ ပြောဆိုလိုက်ပါတယ်။

လက်ရှိ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းကို မြင်နေရတာဖြစ်ပြီး ပြိုင်ဘက်တွေ ရုန်းကန်နေရတယ်ဆိုတာထက် လီဗာပူးက ကောင်းပြလွန်းနေတာကြောင့် အခြားသော ပရီးမီးယားလိဂ်ကလပ်တွေ ရုန်းကန်နေရသလို ဖြစ်နေတာလို့ ကျွမ်းကျင်သူတွေ ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ၅ ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ အဆင့်ရပ်တည်မှုတွေကို ပျှမ်းမျှရမှတ် တွက်ကြည့်မယ်ဆိုရင် အရမ်းကြီး ပြောင်းလဲတာမျိုး မရှိပေမယ့် နံပါတ် ၁ နေရာက အသင်းရဲ့ ပျှမ်းမျှအမှတ်က ၆၀ ဖြစ်ပြီး ဒီရာသီ လီဗာပူးက ၇၃ မှတ်ထိ ရယူထားနိုင်တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အဓိက ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ကို အသင္းမွာ ကာလရွည္ ဆက္ရွိေနဖို႔ စာခ်ဳပ္ရွည္ေတြ တိုးႏုိင္ဖို႔ ျပင္ဆင္ေနတယ္လို႔ လီဗာပူးသတင္းေထာက္ မီလီဆာ ရတ္ဒီက ေဖာ္ျပသြားပါတယ္။

လီဗာပူးနဲ႔ ရွရူဘူရီပြဲကို အသင္းေခါင္းေဆာင္အျဖစ္ ကာတစ္ဂ်ံဳး တာဝန္ယူဖြယ္ရွိေနပါတယ္။ ဒါဟာ လီဗာပူးအသင္းသမိုင္းမွာ အသက္အငယ္ဆံုး အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူမႈ ျဖစ္လာပါမယ္။

ဒီရာသီ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ပြဲေတြနဲ႔တင္ကို လီဗာပူးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရႏိုင္ေသးတာျဖစ္ပါတယ္။ လီဗာပူးရဲ႕ အိမ္ကြင္း ရလဒ္က ပြဲတိုင္းကို အႏုိင္ရထားတာျဖစ္ပါတယ္။

လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ျပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္ တိုက္စစ္မွဴး မိုရာတာဟာ ၾကြက္သားဒဏ္ရာ ရရွိသြားတယ္လို႔ တီကိုဘက္က သတင္းထုတ္ျပန္ပါတယ္။ ဒဏ္ရာ ၾကာခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

ခံစစ္မွဴးဟိုဗာဟာ သူ႔အသက္ ၁၆ ႏွစ္အရြယ္ စီနီယာအသင္းအတြက္ ဗဟိုခံစစ္မွဴးေနရာကေန ပထမဆံုး ပြဲထြက္ျပီးတဲ့ေနာက္ပိုင္း စီနီယာပြဲေတြမွာ ညာအစြန္လူအျဖစ္ပဲ ကစားခဲ့ရပါတယ္။ ညပြဲမွာေတာ့ ပထမဆံုးအၾကိမ္အျဖစ္ ဗဟိုခံစစ္မွဴးေနရာက ျပန္လည္ ပြဲထြက္ႏုိင္ပါတယ္။

ရွရူဘူရီနဲ႔ပြဲမွာ ဇန္နဝါရီ အေျပာင္းအေရႊ႔တုန္းက လီဗာပူးကို ေျပာင္းလာခဲ့တဲ့ တိုက္စစ္မွဴး ဂ်ိဳးဟာဒီရဲ႕ ပထမဆံုးေသာ လီဗာပူးစီနီယာပြဲ ျဖစ္လာပါမယ္။ သူဟာ ယူ-၂၃ အသင္းအတြက္ အဓိက ကစားေပးဖို႔ ေခၚယူျခင္းခံရျပီး ၅ ပြဲမွာ ၃ ဂိုး သြင္းထားပါတယ္။

ရွရူဘူရီမန္ေနဂ်ာ ရစ္ကတ္က မန္ေနဂ်ာ ယာဂင္ကေလာ့ပ္နဲ႔ မိနစ္ ၂၀-၃၀ ခန္႔ စကားေျပာခဲ့ရျပီး ကေလာ့ပ္က ေဖေဖာ္ဝါရီမွာ အနားေပးမယ့္ အစီအစဥ္ကို အရင္ သံုးလကတည္းက အသင္းသားေတြကို ကတိေပးထားခဲ့တာေၾကာင့္ ကတိမဖ်က္ႏုိင္ဘူးလို႔ ရွင္းျပခဲ့တယ္လို႔ ေျပာျပပါတယ္။ သူကေတာ့ လီဗာပူးရဲ႕ အေျခအေနကို နားလည္ပါတယ္လို႔ ပြဲၾကိဳမွာ ေျပာဆိုလုိက္ပါတယ္။

လက္ရွိ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုးအသင္းကို ျမင္ေနရတာျဖစ္ျပီး ျပိဳင္ဘက္ေတြ ရုန္းကန္ေနရတယ္ဆိုတာထက္ လီဗာပူးက ေကာင္းျပလြန္းေနတာေၾကာင့္ အျခားေသာ ပရီးမီးယားလိဂ္ကလပ္ေတြ ရုန္းကန္ေနရသလို ျဖစ္ေနတာလို႔ ကၽြမ္းက်င္သူေတြ ေထာက္ျပပါတယ္။

ျပီးခဲ့တဲ့ ၅ ရာသီအတြင္း ပရီးမီးယားလိဂ္ရဲ႕ အဆင့္ရပ္တည္မႈေတြကို ပွ်မ္းမွ်ရမွတ္ တြက္ၾကည့္မယ္ဆိုရင္ အရမ္းၾကီး ေျပာင္းလဲတာမ်ိဳး မရွိေပမယ့္ နံပါတ္ ၁ ေနရာက အသင္းရဲ႕ ပွ်မ္းမွ်အမွတ္က ၆၀ ျဖစ္ျပီး ဒီရာသီ လီဗာပူးက ၇၃ မွတ္ထိ ရယူထားႏုိင္တာျဖစ္ပါတယ္။