ညမှာတော့ အက်ဖ်အေပြန်ကန်ပွဲတွေထဲက တစ်ပွဲအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ရှရူဘူရီတို့ ယှဉ်ပြိုင်ကစားသွားတော့မှာ ဖြစ်ပါတယ်။

ဒီရာသီကစလို့ ဖေဖော်ဝါရီ နားရက် နှစ်ပတ်ရှိမှာဖြစ်ကာ စီနီယာအသင်းသားတွေဟာ တစ်ပတ် နားရက်ရမှာဖြစ်ပြီး နောက်ထပ် တစ်ပတ်ကိုတော့ ပြင်ဆင်မှုတွေလုပ်ဖို့ မဲဝုဒ်ကို ပြန်လာရမှာဖြစ်ပါတယ်။ အဆိုပါ ပြင်ဆင်ရမယ့် အချိန်အတွင်းမှာ လက်ကျန် ရာသီဝက်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်လို့ ကလော့ပ်က ပြောပါတယ်။

စီနီယာတွေဟာ အားလပ်ရက် ကာလအတွင်းမှာ ဘောလုံးအတွက် လေ့ကျင့်ဖို့ မဟုတ်ပေမယ့် အသင်းသားတိုင်း ကိုယ်ပိုင် နည်းပြတွေနဲ့ ခရီးအတူထွက်ရမှာဖြစ်ကာ စီနီယာနည်းပြတွေကိုလည်း ကစားသမားတွေနဲ့ ထည့်ပေးလိုက်မယ်လို့ သိရတယ်။

ကလော့ပ်က ” ပရီးမီးယားလိဂ်ကလပ်တွေကို နားရက် ပြည့်ပြည့်ဝဝပေးဖို့ လိုပါတယ်။ နောက်ထပ် တစ်ပတ်ကိုတော့ ပြင်ဆင်မှု လုပ်ရပါမယ်။ အနားပေးတယ်ဆိုတာကလည်း ဘာကိုမှ လေ့ကျင့်မှုတွေ မလုပ်စေတာ မဟုတ်ပါဘူး။ ငါတို့ရဲ့ နည်းပြအဖွဲ့တွေကို အသင်းသားတွေနဲ့အတူ လွတ်ပေးလိုက်ပါမယ်။ သူတို့ ဘယ်သွားသွား သူတိုအတွက် နည်းပြတွေ ပါသွားကြပါမယ်။

ဒါပေမယ့် ကစားသမားတွေကလည်း တော်ပါတယ်။ သူတို့ တစ်နေရာတည်းကို လေး၊ ငါးယောက်လောက် စုပြီး သွားကြမှာပါ။ အဲ့ကို ငါတို့ နည်းပြတွေ လွတ်ပါမယ်။ သူတို့ လေ့ကျင့်ကြပါမယ်။ ဒီမှာ လေ့ကျင့်သလိုတော့ ဘောလုံးနဲ့ပက်သက်ပြီး လေ့ကျင့်တာတော့ မဟုတ်ပါဘူး။ ကြံ့ခိုင်မှုပိုင်းဆိုင်ရာကို အနည်းငယ် လေ့ကျင့်တာတွေ လုပ်ရမှာဖြစ်ပါတယ်။

အဲ့တာပြီးရင်တော့ နောက်အပတ်က နော်ဝစ်နဲ့ပွဲ ထင်ပါတယ်။ အဲ့ပွဲအတွက် ပြင်ဆင်ရမှာဖြစ်တယ်။ ပြီးရင်တော့ အရမ်းကို အရေးကြီးတဲ့ လက်ကျန် ဘောလုံးရာသီအတွက်ကောပါပဲ။ ဒီဆုံးဖြတ်ချက်ကို မလုပ်ခင်က ငါတို့ အမှတ်ပေးပွဲ ၂ ပွဲဆက်၊ သုံးပွဲဆက်တိုက် နိုင်မယ်ဆိုပြီး ကြိုသိခဲ့တာလည်း မဟုတ်ပါဘူး။ အဲ့ပွဲတွေကို အရေးနိမ့်နိုင်ပြီး ဒါဆိုရင် အခြေအနေတွေက တစ်မျိုး ပြောင်းသွားမှာ ဖြစ်ပါတယ်။

ငါတို့ ဆုံးဖြတ်ချက်တွေ လုပ်ရဖို့လိုပြီး ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။ အခုချိန်မှာတော့ ငါကလွဲရင် လူတိုင်းက အခြားအမြင်တွေ ရှိနေကြတာပေါ့။ ဒါပေမယ့် လူတွေ ဖြစ်လိုတဲ့အတိုင်း မလုပ်ပေးနိုင်ပါဘူး။ ” လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ZAWGYI

ညမွာေတာ့ အက္ဖ္ေအျပန္ကန္ပြဲေတြထဲက တစ္ပြဲအျဖစ္ အန္ဖီးကြင္းမွာ လီဗာပူးနဲ႔ ရွရူဘူရီတို႔ ယွဥ္ျပိဳင္ကစားသြားေတာ့မွာ ျဖစ္ပါတယ္။

ဒီရာသီကစလို႔ ေဖေဖာ္ဝါရီ နားရက္ ႏွစ္ပတ္ရွိမွာျဖစ္ကာ စီနီယာအသင္းသားေတြဟာ တစ္ပတ္ နားရက္ရမွာျဖစ္ျပီး ေနာက္ထပ္ တစ္ပတ္ကိုေတာ့ ျပင္ဆင္မႈေတြလုပ္ဖို႔ မဲဝုဒ္ကို ျပန္လာရမွာျဖစ္ပါတယ္။ အဆိုပါ ျပင္ဆင္ရမယ့္ အခ်ိန္အတြင္းမွာ လက္က်န္ ရာသီဝက္အတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ရမယ္လို႔ ကေလာ့ပ္က ေျပာပါတယ္။

စီနီယာေတြဟာ အားလပ္ရက္ ကာလအတြင္းမွာ ေဘာလံုးအတြက္ ေလ့က်င့္ဖို႔ မဟုတ္ေပမယ့္ အသင္းသားတိုင္း ကိုယ္ပိုင္ နည္းျပေတြနဲ႔ ခရီးအတူထြက္ရမွာျဖစ္ကာ စီနီယာနည္းျပေတြကိုလည္း ကစားသမားေတြနဲ႔ ထည့္ေပးလိုက္မယ္လို႔ သိရတယ္။

ကေလာ့ပ္က ” ပရီးမီးယားလိဂ္ကလပ္ေတြကို နားရက္ ျပည့္ျပည့္ဝဝေပးဖို႔ လိုပါတယ္။ ေနာက္ထပ္ တစ္ပတ္ကိုေတာ့ ျပင္ဆင္မႈ လုပ္ရပါမယ္။ အနားေပးတယ္ဆိုတာကလည္း ဘာကိုမွ ေလ့က်င့္မႈေတြ မလုပ္ေစတာ မဟုတ္ပါဘူး။ ငါတို႔ရဲ႕ နည္းျပအဖြဲ႔ေတြကို အသင္းသားေတြနဲ႔အတူ လြတ္ေပးလိုက္ပါမယ္။ သူတို႔ ဘယ္သြားသြား သူတိုအတြက္ နည္းျပေတြ ပါသြားၾကပါမယ္။

ဒါေပမယ့္ ကစားသမားေတြကလည္း ေတာ္ပါတယ္။ သူတို႔ တစ္ေနရာတည္းကို ေလး၊ ငါးေယာက္ေလာက္ စုျပီး သြားၾကမွာပါ။ အဲ့ကို ငါတို႔ နည္းျပေတြ လြတ္ပါမယ္။ သူတို႔ ေလ့က်င့္ၾကပါမယ္။ ဒီမွာ ေလ့က်င့္သလိုေတာ့ ေဘာလံုးနဲ႔ပက္သက္ျပီး ေလ့က်င့္တာေတာ့ မဟုတ္ပါဘူး။ ၾကံ႕ခိုင္မႈပိုင္းဆုိင္ရာကို အနည္းငယ္ ေလ့က်င့္တာေတြ လုပ္ရမွာျဖစ္ပါတယ္။

အဲ့တာျပီးရင္ေတာ့ ေနာက္အပတ္က ေနာ္ဝစ္နဲ႔ပြဲ ထင္ပါတယ္။ အဲ့ပြဲအတြက္ ျပင္ဆင္ရမွာျဖစ္တယ္။ ျပီးရင္ေတာ့ အရမ္းကို အေရးၾကီးတဲ့ လက္က်န္ ေဘာလံုးရာသီအတြက္ေကာပါပဲ။ ဒီဆံုးျဖတ္ခ်က္ကို မလုပ္ခင္က ငါတို႔ အမွတ္ေပးပြဲ ၂ ပြဲဆက္၊ သံုးပြဲဆက္တိုက္ ႏုိင္မယ္ဆိုျပီး ၾကိဳသိခဲ့တာလည္း မဟုတ္ပါဘူး။ အဲ့ပြဲေတြကို အေရးနိမ့္ႏုိင္ျပီး ဒါဆိုရင္ အေျခအေနေတြက တစ္မ်ိဳး ေျပာင္းသြားမွာ ျဖစ္ပါတယ္။

ငါတို႔ ဆံုးျဖတ္ခ်က္ေတြ လုပ္ရဖို႔လိုျပီး ဆံုးျဖတ္ခ်က္ေတြ ခ်ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ငါကလြဲရင္ လူတိုင္းက အျခားအျမင္ေတြ ရွိေနၾကတာေပါ့။ ဒါေပမယ့္ လူေတြ ျဖစ္လိုတဲ့အတိုင္း မလုပ္ေပးႏုိင္ပါဘူး။ ” လို႔ ရွင္းျပခဲ့တာျဖစ္ပါတယ္။