အက်ဖ်အေ စတုတ္ထအဆင့် ပြန်ကန်ပွဲအဖြစ် အန်ဖီးမှာ ရှရူဘူရီကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲကို ယူ-၂၃ မန်နေဂျာ နေးခရစ်ချ်လေက တာဝန်ယူမှာဖြစ်ကာ ယူ-၂၃ အသင်းသားတွေပဲ အဓိက ပွဲထွက်မှာဖြစ်တယ်။ ဒီပွဲအတွက် ယာဂင်ကလေ့ပ်က ဂျုံး၊ အီလီယော့၊ ချီရီဗီလာတို့ကို ကစားခွင့် ပေးထားပါတယ်။

လီဗာပူးရဲ့ အနာဂတ် ကြယ်ပွင့်တွေအဖြစ် နာမည်ရထားတဲ့ ညာအစွန်လူ နီကိုး၊ ဗဟိုခံစစ်မှူး ဟိုဗာ၊ တိုက်စစ်သမား အီလီယော့တို့ ပွဲထွက်မှာက စိတ်ဝင်စားစရာဖြစ်သလို ထရန့်နောက်ပိုင်း အကောင်းဆုံး အကယ်ဒမီထုတ်ကုန်အဖြစ် နာမည်ရနေတဲ့ မာဆေးဆိုဒ်သား ဂျုံးက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားဖို့ ရှိနေပါတယ်။ ဒါဟာ ဂျုံးကို လီဗာပူးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်း ဝင်စေပါမယ်။

ဒီပွဲအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ချဉ်းကပ်မှုတွေကို မန်နေဂျာယာဂင်ကလော့ပ် ကိုယ်တိုင် ပါဝင်ထားတာဖြစ်ပေမယ့် ကွင်းဘေးက ကြီးကြပ်မှုကိုတော့ လူငယ်တွေအကြောင်း ပိုမိုရင်းနှီးပြီး သူတို့ကို ကာလရှည် လေ့ကျင့်ပေးလာတဲ့ နေးခရစ်ချ်လေကိုပဲ တာဝန်ယူစေဖို့ ကလော့ပ်က ဆုံးဖြတ်ထားပါတယ်။

Goalkeeper

ဒုတိယဂိုးသမား အတ်ဒရီယန်က ဒီပွဲကို တာဝန်ယူလိုပေမယ့် ယာဂင်ကလော့ပ်ကတော့ စီနီယာအသင်းသား မှန်သမျှ အနားယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ဒီပွဲကိုတော့ တတိယဦးစားပေးဖြစ်တဲ့ ကလယ်ဟာက တာဝန်ယူသွားမှာဖြစ်တယ်။ သူဟာ ကာရာဘောင်းတုန်းက ဆီးဘယ်လော့ရဲ့ ပင်နယ်တီကို ရပ်တန့်ပြီး လီဗာပူးကို နောက်တစ်ဆင့် တက်စေခဲ့သူပါ။

Defence

ညာအစွန်နေရာ နီကိုး ဝီလီယမ် တာဝန်ယူမှာဖြစ်ကာ ဘယ်ခြမ်းကိုတော့ လာရိုစီ ဒဏ်ရာရနေတာကြောင့် အဒမ်လီဝစ် ပြန်ပါလာပြီး ဘယ်အစွန်လူနေရာ တာဝန်ယူဖို့ မျှော်လင့်ထားပါတယ်။ ဗဟိုခံစစ်အတွဲအဖြစ်တော့ နယ်သာလန်ခံစစ်အတွဲဖြစ်တဲ့ ဟိုဗာနဲ့ ဗန်ဒန်ဘယ်ရာတို့ တာဝန်ယူမှာဖြစ်တယ်။ ဟိုဗာဟာ နောက်ပိုင်းပွဲတွေမှာ ညာအစွန်နောက ကစားပေမယ့် ဒီတစ်ကြိမ်မှာတော့ နေရာမှန်ဖြစ်တဲ့ ဗဟိုခံစစ်မှူးနေရာက တာဝန်ယူသွားဖွယ် ရှိပါတယ်။

Midfield

ကွင်းလယ်မှာတော့ ချီရီဗီလာက အထိုင်ကစားကာ သူ့ရှေ့က ဘယ်ညာ ကွင်းလယ်လူတွေအဖြစ် ကလာဆန်၊ ဂျုံးတို့ ကစားဖွယ်ရှိပါတယ်။ လိုက်သန် ကလာဆန်ဟာ ကလော့ပ် သဘောတွေ့တဲ့ ကွင်းလယ်လူဖြစ်ပြီး စီနီယာလေ့ကျင့်ရေးတွေမှာ မြင်တွေ့နေကျ ကောင်လေးပါ။ ကွင်းလယ်အတွက် ဂျိတ် ကိန်းလည်း ရှိနေပြီး ယူ-၂၃ အသင်းအတွက် အရင်ပွဲတွေတုန်းက ကွင်းလယ်အတွဲတွေအဖြစ် ပွဲထွက်နေတဲ့ ခရစ်စတိုင် ဒေးဗစ်နဲ့ ဟာဘီကိန်းတို့ ကစားပေးနိုင်မှာ မဟုတ်ပါဘူး။

Attack

တိုက်စစ်အတွဲ ညာခြမ်းမှာ အီးလီးယော့နဲ့ ဘယ်ခြမ်းမှာ အငှားကနေ ပြန်လာတဲ့ လိုင်ယမ် မီလာတို့ ပွဲထွက်နိုင်ပါတယ်။ အထောင်တိုက်စစ်သမားအဖြစ်က ဇန်နဝါရီတုန်းကမှ ဘရတ်ဖိုဒ့်ကနေ ခေါ်ယူထားတဲ့ ဂျိုး ဟာဒီကို ပွဲထုတ်မှာဖြစ်တယ်။ ဟာဒီအတွက်ကတော့ ပထမဆုံးသော လီဗာပူးပွဲကို ကစားရခြင်း ဖြစ်ပါတယ်။

Predicted Liverpool XI: Kelleher; Williams, Van den Berg, Hoever, Adam Lewis; Chirivella, Clarkson, Jones; Elliott, Hardy, Millar.

ZAWGYI

အက္ဖ္ေအ စတုတၳအဆင့္ ျပန္ကန္ပြဲအျဖစ္ အန္ဖီးမွာ ရွရူဘူရီကို ယွဥ္ျပိဳင္ကစားရမွာျဖစ္ျပီး ဒီပြဲကို ယူ-၂၃ မန္ေနဂ်ာ ေနးခရစ္ခ်္ေလက တာဝန္ယူမွာျဖစ္ကာ ယူ-၂၃ အသင္းသားေတြပဲ အဓိက ပြဲထြက္မွာျဖစ္တယ္။ ဒီပြဲအတြက္ ယာဂင္ကေလ့ပ္က ဂ်ံဳး၊ အီလီေယာ့၊ ခ်ီရီဗီလာတို႔ကို ကစားခြင့္ ေပးထားပါတယ္။

လီဗာပူးရဲ႕ အနာဂတ္ ၾကယ္ပြင့္ေတြအျဖစ္ နာမည္ရထားတဲ့ ညာအစြန္လူ နီကိုး၊ ဗဟိုခံစစ္မွဴး ဟိုဗာ၊ တိုက္စစ္သမား အီလီေယာ့တို႔ ပြဲထြက္မွာက စိတ္ဝင္စားစရာျဖစ္သလို ထရန္႔ေနာက္ပိုင္း အေကာင္းဆံုး အကယ္ဒမီထုတ္ကုန္အျဖစ္ နာမည္ရေနတဲ့ မာေဆးဆိုဒ္သား ဂ်ံဳးက အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူသြားဖို႔ ရွိေနပါတယ္။ ဒါဟာ ဂ်ံဳးကို လီဗာပူးသမုိင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုး အသင္းေခါင္းေဆာင္အျဖစ္ မွတ္တမ္း ဝင္ေစပါမယ္။

ဒီပြဲအတြက္ ၾကိဳတင္ျပင္ဆင္မႈနဲ႔ ခ်ဥ္းကပ္မႈေတြကို မန္ေနဂ်ာယာဂင္ကေလာ့ပ္ ကိုယ္တုိင္ ပါဝင္ထားတာျဖစ္ေပမယ့္ ကြင္းေဘးက ၾကီးၾကပ္မႈကိုေတာ့ လူငယ္ေတြအေၾကာင္း ပိုမိုရင္းႏွီးျပီး သူတို႔ကို ကာလရွည္ ေလ့က်င့္ေပးလာတဲ့ ေနးခရစ္ခ်္ေလကိုပဲ တာဝန္ယူေစဖို႔ ကေလာ့ပ္က ဆံုးျဖတ္ထားပါတယ္။

Goalkeeper

ဒုတိယဂိုးသမား အတ္ဒရီယန္က ဒီပြဲကို တာဝန္ယူလိုေပမယ့္ ယာဂင္ကေလာ့ပ္ကေတာ့ စီနီယာအသင္းသား မွန္သမွ် အနားယူရမယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္ေၾကာင့့္ ဒီပြဲကိုေတာ့ တတိယဦးစားေပးျဖစ္တဲ့ ကလယ္ဟာက တာဝန္ယူသြားမွာျဖစ္တယ္။ သူဟာ ကာရာေဘာင္းတုန္းက ဆီးဘယ္ေလာ့ရဲ႕ ပင္နယ္တီကို ရပ္တန္႔ျပီး လီဗာပူးကို ေနာက္တစ္ဆင့္ တက္ေစခဲ့သူပါ။

Defence

ညာအစြန္ေနရာ နီကိုး ဝီလီယမ္ တာဝန္ယူမွာျဖစ္ကာ ဘယ္ျခမ္းကိုေတာ့ လာရိုစီ ဒဏ္ရာရေနတာေၾကာင့္ အဒမ္လီဝစ္ ျပန္ပါလာျပီး ဘယ္အစြန္လူေနရာ တာဝန္ယူဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဗဟိုခံစစ္အတြဲအျဖစ္ေတာ့ နယ္သာလန္ခံစစ္အတြဲျဖစ္တဲ့ ဟိုဗာနဲ႔ ဗန္ဒန္ဘယ္ရာတို႔ တာဝန္ယူမွာျဖစ္တယ္။ ဟိုဗာဟာ ေနာက္ပိုင္းပြဲေတြမွာ ညာအစြန္ေနာက ကစားေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ ေနရာမွန္ျဖစ္တဲ့ ဗဟိုခံစစ္မွဴးေနရာက တာဝန္ယူသြားဖြယ္ ရွိပါတယ္။

Midfield

ကြင္းလယ္မွာေတာ့ ခ်ီရီဗီလာက အထိုင္ကစားကာ သူ႔ေရွ႔က ဘယ္ညာ ကြင္းလယ္လူေတြအျဖစ္ ကလာဆန္၊ ဂ်ံဳးတို႔ ကစားဖြယ္ရွိပါတယ္။ လိုက္သန္ ကလာဆန္ဟာ ကေလာ့ပ္ သေဘာေတြ႔တဲ့ ကြင္းလယ္လူျဖစ္ျပီး စီနီယာေလ့က်င့္ေရးေတြမွာ ျမင္ေတြ႔ေနက် ေကာင္ေလးပါ။ ကြင္းလယ္အတြက္ ဂိ်တ္ ကိန္းလည္း ရွိေနျပီး ယူ-၂၃ အသင္းအတြက္ အရင္ပြဲေတြတုန္းက ကြင္းလယ္အတြဲေတြအျဖစ္ ပြဲထြက္ေနတဲ့ ခရစ္စတိုင္ ေဒးဗစ္နဲ႔ ဟာဘီကိန္းတို႔ ကစားေပးႏုိင္မွာ မဟုတ္ပါဘူး။

Attack

တိုက္စစ္အတြဲ ညာျခမ္းမွာ အီးလီးေယာ့နဲ႔ ဘယ္ျခမ္းမွာ အငွားကေန ျပန္လာတဲ့ လိုင္ယမ္ မီလာတို႔ ပြဲထြက္ႏုိင္ပါတယ္။ အေထာင္တိုက္စစ္သမားအျဖစ္က ဇန္နဝါရီတုန္းကမွ ဘရတ္ဖိုဒ့္ကေန ေခၚယူထားတဲ့ ဂ်ိဳး ဟာဒီကို ပြဲထုတ္မွာျဖစ္တယ္။ ဟာဒီအတြက္ကေတာ့ ပထမဆံုးေသာ လီဗာပူးပြဲကို ကစားရျခင္း ျဖစ္ပါတယ္။

Predicted Liverpool XI: Kelleher; Williams, Van den Berg, Hoever, Adam Lewis; Chirivella, Clarkson, Jones; Elliott, Hardy, Millar.