လီဗာပူးအသင်းဟာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ရှရူဘူရီ အသင်းကို ပထမအကျော့မှာ အနိုင်ယူကာ ပွဲမဖြတ်နိုင်ခဲ့ဘဲ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီ အားလပ်ရက် အစမှာ ပြန်ကန်ပွဲစဉ်ကို အန်းဖီးမှာ ကန်ရတော့မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးဘက်က စီနီယာအသင်းကြီးမှ နည်းပြ၊ ကစားသမားများ ပါဝင်မှာ မဟုတ်ဘဲ U23 အသင်းသားတွေနဲ့ နည်းပြ နေး ခရစ်ချ်လေကို အခွင့်အရေး ပေးသွားမှာလို့ သိရပါတယ်။

ဒီ ပြန်ကန်ပွဲစဉ်နဲ့ ပတ်သတ်ပြီး သတင်းများစွာ မှတ်ချက်များစွာလည်း ထွက်ခဲ့ပါတယ်။ စီနီယာအသင်းသားတွေနဲ့ ယာဂင်ကလော့ပ် မပါဝင်တဲ့အပေါ် ဝေဖန်မှု ထောက်ပြမှုတွေလည်း များစွာ ပေါ်ထွက်ခဲ့သလို ထောက်ခံမှုတွေလည်း ရှိခဲ့ပါတယ်။ ကလော့ပ်ကတော့ ဒီပွဲမှာ ပြတ်ပြတ်သားသား မပါဝင်ဘဲ အားလပ်ရက် တစ်နေရာကနေ အားပေးနေမယ်လို့ အတည်ပြုထားပါတယ်။

လီဗာပူးနဲ့ ရှရူဘူရီ ပွဲစဉ်က ယနေ့ အင်္ဂါနေ့ည မြန်မာစံတော်ချိန် ၂း၁၅ နာရီ အချိန်မှာ ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

” ယာဂင်ကလော့ပ်နဲ့ သူ့ အသင်းသားတွေကတော့ ဆောင်းရာသီ အားလပ်ရက်မှာ ရှိနေမှာ ဖြစ်ပြီး U23 နည်းပြ နေး ခရစ်ချ်လေက လူငယ်တွေကို ဦးဆောင်ပြီး ရှရူဘူရီကို ရင်ဆိုင်ပါလိမ့်မယ်။ ရှရူဘူရီက ဇန်နဝါရီလထဲမှာ လီဗာပူးကို နှစ်ဂိုး ပြန်သွင်းပြီး သရေကန်ထားတဲ့ အသင်း ဖြစ်ပါတယ်။

အန်းဖီးမှာတော့ ထူးခြားတဲ့ အရိပ်အငွေ့တွေ ရှိနေမှာပါ။ လီဗာပူးအသင်းနဲ့ သရေပွဲ နောက်ပိုင်း နှစ်ပွဲကစားပြီး နှစ်ပွဲလုံး ရှုံးထားတဲ့ ရှရူဘူရီကို အနီရောင် တပ်သားတွေက ဖျော်ဖြေမှုအပြည့်ပေးတဲ့ ပွဲတစ်ပွဲ အဖြစ် ရင်ဆိုင် ကစား အနိုင်ယူသွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ နှစ်သင်းလုံး ဂိုးတွေသွင်းပြီး လီဗာပူး အနိုင်ပါ။

Zawgyi – လီဗာပူးအသင္းဟာ အက္ဖ္ေအဖလား စတုတၳအဆင့္ ပြဲစဥ္မွာ ရွရူဘူရီ အသင္းကို ပထမအေက်ာ့မွာ အနိုင္ယူကာ ပြဲမျဖတ္နုိင္ခဲ့ဘဲ ၂ ဂိုးစီ သေရက်ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ ေဆာင္းရာသီ အားလပ္ရက္ အစမွာ ျပန္ကန္ပြဲစဥ္ကို အန္းဖီးမွာ ကန္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီပြဲမွာ လီဗာပူးဘက္က စီနီယာအသင္းၾကီးမွ နည္းျပ၊ ကစားသမားမ်ား ပါ၀င္မွာ မဟုတ္ဘဲ U23 အသင္းသားေတြနဲ႕ နည္းျပ ေနး ခရစ္ခ်္ေလကို အခြင့္အေရး ေပးသြားမွာလို႔ သိရပါတယ္။

ဒီ ျပန္ကန္ပြဲစဥ္နဲ႕ ပတ္သတ္ျပီး သတင္းမ်ားစြာ မွတ္ခ်က္မ်ားစြာလည္း ထြက္ခဲ့ပါတယ္။ စီနီယာအသင္းသားေတြနဲ႕ ယာဂင္ကေလာ့ပ္ မပါ၀င္တဲ့အေပၚ ေ၀ဖန္မႈ ေထာက္ျပမႈေတြလည္း မ်ားစြာ ေပၚထြက္ခဲ့သလို ေထာက္ခံမႈေတြလည္း ရွိခဲ့ပါတယ္။ ကေလာ့ပ္ကေတာ့ ဒီပြဲမွာ ျပတ္ျပတ္သားသား မပါ၀င္ဘဲ အားလပ္ရက္ တစ္ေနရာကေန အားေပးေနမယ္လို႔ အတည္ျပဳထားပါတယ္။

လီဗာပူးနဲ႕ ရွရူဘူရီ ပြဲစဥ္က ယေန႔ အဂၤါေန႔ည ျမန္မာစံေတာ္ခ်ိန္ ၂း၁၅ နာရီ အခ်ိန္မွာ ယွဥ္ျပိဳင္မွာပဲ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ကေတာ့ အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။

” ယာဂင္ကေလာ့ပ္နဲ႕ သူ႔ အသင္းသားေတြကေတာ့ ေဆာင္းရာသီ အားလပ္ရက္မွာ ရွိေနမွာ ျဖစ္ျပီး U23 နည္းျပ ေနး ခရစ္ခ်္ေလက လူငယ္ေတြကို ဦးေဆာင္ျပီး ရွရူဘူရီကို ရင္ဆိုင္ပါလိမ့္မယ္။ ရွရူဘူရီက ဇန္န၀ါရီလထဲမွာ လီဗာပူးကို နွစ္ဂိုး ျပန္သြင္းျပီး သေရကန္ထားတဲ့ အသင္း ျဖစ္ပါတယ္။

အန္းဖီးမွာေတာ့ ထူးျခားတဲ့ အရိပ္အေငြ႔ေတြ ရွိေနမွာပါ။ လီဗာပူးအသင္းနဲ႕ သေရပြဲ ေနာက္ပိုင္း နွစ္ပြဲကစားျပီး နွစ္ပြဲလံုး ရွံဳးထားတဲ့ ရွရူဘူရီကို အနီေရာင္ တပ္သားေတြက ေဖ်ာ္ေျဖမႈအျပည့္ေပးတဲ့ ပြဲတစ္ပြဲ အျဖစ္ ရင္ဆိုင္ ကစား အနုိင္ယူသြားမယ္လို႔ က်ေနာ္ ယံုၾကည္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ နွစ္သင္းလံုး ဂိုးေတြသြင္းျပီး လီဗာပူး အနုိင္ပါ။