ရှရူဘူရီနဲ့ အက်ဖ်အေ ပြန်ကန်ပွဲမှာ လီဗာပူးအသင်းသမိုင်းတစ်လျှောက် အက်ဖ်အေပြိုင်ပွဲအတွင်း အသက်အငယ်ဆုံး ပွဲထွက်သူအဖြစ် ၁၆ နှစ် ၃၅၄ ရက်နဲ့ မှတ်တမ်းဝင်ထားတဲ့ ဟိုဗာလည်း ပါဝင်လာမှာဖြစ်ပါတယ်။

ယူ-၂၃ အသင်းရဲ့ အဓိက ကစားသမားဟာ ယာဂင်ကလော့ပ်ရဲ့ ထောက်ခံပေးမှုအရ အနာဂတ်မှာ ဗဟိုခံစစ်မှူးနေရာကနေပဲ အဓိက ကစားတော့မှာဖြစ်တယ်။ သူဟာ လီဗာပူးကစားသမားဘဝ ပထမဆုံးသော ပွဲထွက်မှုကို ဗဟိုခံစစ်မှူးနေရာက ကစားခွင့်ရခဲ့ပေမယ့် နောက်ပိုင်း စီနီယာပွဲတွေမှာ ညာအစွန်နေရာကပဲ ကစားနေရသူဖြစ်တယ်။ ဒီညပွဲမှာတော့ ဟိုဗာဟာ ခံစစ်မှူးစစ်စစ်အဖြစ် ကစားသွားမှာ ဖြစ်ပါတယ်။

အက်ဖ်အေပွဲမှာ အမှတ်တရတွေရှိတဲ့ ခံစစ်မှူးကပဲ “ ဒီညပွဲအတွက် အားလုံး စိတ်လှုပ်ရှားနေကြပါပြီ။ အသင်းအားပေးသူတွေရှေ့ ပရိသတ်တွေရှေ့ အန်ဖီးကွင်းမှာ ကျနေ်ာတို့ ကစားရတော့မှာပါ။ အသင်းအနေနဲ့ ကျနေ်ာတို့ ဘာလုပ်နိုင်တယ်ဆိုတာ ပြသဖို့နဲ့ အသင်း ဂုဏ်ယူရဖို့ အနိုင်ရအောင် ကစားပါမယ်။

ကိုယ်ကစားရတဲ့ ပွဲအပေါ် အာရုံစိုက်ထားပြီး ကစားနိုင်သလောက် အကောင်းဆုံး ကစားရပါမယ်။ ပထမအကျော့မှာတုန်းက ရှရူဘူရီက သူတို့ လုပ်နိုင်တာအားလုံးကို တစ်ပွဲလုံး ကြိုးစားခဲ့ကြတယ်။ သူတို့ ၂-၀ နဲ့ အရေးနိမ့်နေတာတောင်မှ ပြန်လုပ်ပြနိုင်ဖို့ ယုံကြည်ခဲ့ကြတယ်။ ရှရူဘူရီက ဘယ်လိုအသင်းလဲဆိုတာကို သိထားရတာက ကျနေ်ာတို့အတွက် ကောင်းပါတယ်။

အန်ဖီးမှာ ကစားရမှာက ကျနော်တို့အတွက် အရမ်းကောင်းတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ရဖို့လည်း ကျနေ်ာတို့ အသင်းသားတွေ အားလုံး ဆန္ဒရှိနေကြတယ်။ အာရုံစိုက်မှု အပြည့်နဲ့ ကြိုးစားဖို့ အကောင်းဆုံး လုပ်နိုင်ဖို့ လိုအပ်ပြီး ပွဲကို အနိုင်ရဖို့ လုံလောက်မယ်လို့ ယုံကြည်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူး လူငယ်နည်းပြအဖွဲ့တွေက ဟိုဗာရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အမြဲတမ်း စောင့်ကြည့်ခဲ့ကြပြီး ညာအစွန်မှာ သုံးမလား၊ ဗဟိုခံစစ်မှာ သုံးမလားဆိုတာကို သုံးသပ်နေခဲ့တာပါ။ ဒီနှစ်အတွင်း ခံစစ်မှူးရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာမှုကြောင့် သူ့ကို ဗဟိုခံစစ်နေရာမှာ ကစားဖို့ကို ရွေးချယ်ခဲ့ပြီဖြစ်ပြီး ဒီညပွဲမှာလည်း ခံစစ်မှူးအဖြစ် ကစားစေမယ်လို့ သိထားရပါတယ်။

ဟိုဗာက သူဟာ အရင်လို လူကောင်သေးသေးလေး မဟုတ်တော့ကြောင်းကို “ ကျနော်က အရင်အတိုင်းပါပဲ။ ဒါပေမယ့် ပိုသန်မာလာတယ်၊ လူကောင်ပိုကြီးလာတယ် နောက်ပြီး ပိုကောင်းတဲ့ ကစားသမား ဖြစ်လာပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ပိုတိုးတက်လာဖို့ ပိုကောင်းလာဖို့ အများကြီး သင်ယူရဦးမှာပါ။ စိတ်ဓါတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာမှာပါ ကြီးမား သန်မာလာအောင် ကျနော် ကြိုးစားနိုင်ခဲ့တယ်။ အဲ့တာက အရမ်းကောင်းပါတယ် ” လို့ သတင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ရွရူဘူရီနဲ႔ အက္ဖ္ေအ ျပန္ကန္ပြဲမွာ လီဗာပူးအသင္းသမိုင္းတစ္ေလွ်ာက္ အက္ဖ္ေအျပိဳင္ပြဲအတြင္း အသက္အငယ္ဆံုး ပြဲထြက္သူအျဖစ္ ၁၆ ႏွစ္ ၃၅၄ ရက္နဲ႔ မွတ္တမ္းဝင္ထားတဲ့ ဟိုဗာလည္း ပါဝင္လာမွာျဖစ္ပါတယ္။

ယူ-၂၃ အသင္းရဲ႕ အဓိက ကစားသမားဟာ ယာဂင္ကေလာ့ပ္ရဲ႕ ေထာက္ခံေပးမႈအရ အနာဂတ္မွာ ဗဟိုခံစစ္မွဴးေနရာကေနပဲ အဓိက ကစားေတာ့မွာျဖစ္တယ္။ သူဟာ လီဗာပူးကစားသမားဘဝ ပထမဆံုးေသာ ပြဲထြက္မႈကို ဗဟိုခံစစ္မွဴးေနရာက ကစားခြင့္ရခဲ့ေပမယ့္ ေနာက္ပိုင္း စီနီယာပြဲေတြမွာ ညာအစြန္ေနရာကပဲ ကစားေနရသူျဖစ္တယ္။ ဒီညပြဲမွာေတာ့ ဟိုဗာဟာ ခံစစ္မွဴးစစ္စစ္အျဖစ္ ကစားသြားမွာ ျဖစ္ပါတယ္။

အက္ဖ္ေအပြဲမွာ အမွတ္တရေတြရွိတဲ့ ခံစစ္မွဴးကပဲ “ ဒီညပြဲအတြက္ အားလံုး စိတ္လႈပ္ရွားေနၾကပါျပီ။ အသင္းအားေပးသူေတြေရွ႔ ပရိသတ္ေတြေရွ႔ အန္ဖီးကြင္းမွာ က်ေန္ာတို႔ ကစားရေတာ့မွာပါ။ အသင္းအေနနဲ႔ က်ေန္ာတို႔ ဘာလုပ္ႏုိင္တယ္ဆိုတာ ျပသဖို႔နဲ႔ အသင္း ဂုဏ္ယူရဖို႔ အႏုိင္ရေအာင္ ကစားပါမယ္။

ကိုယ္ကစားရတဲ့ ပြဲအေပၚ အာရံုစိုက္ထားျပီး ကစားႏုိင္သေလာက္ အေကာင္းဆံုး ကစားရပါမယ္။ ပထမအေက်ာ့မွာတုန္းက ရွရူဘူရီက သူတို႔ လုပ္ႏုိင္တာအားလံုးကို တစ္ပြဲလံုး ၾကိဳးစားခဲ့ၾကတယ္။ သူတို႔ ၂-၀ နဲ႔ အေရးနိမ့္ေနတာေတာင္မွ ျပန္လုပ္ျပႏုိင္ဖို႔ ယံုၾကည္ခဲ့ၾကတယ္။ ရွရူဘူရီက ဘယ္လိုအသင္းလဲဆိုတာကို သိထားရတာက က်ေန္ာတို႔အတြက္ ေကာင္းပါတယ္။

အန္ဖီးမွာ ကစားရမွာက က်ေနာ္တို႔အတြက္ အရမ္းေကာင္းတဲ့ အေတြ႔အၾကံဳျဖစ္ပါတယ္။ ဒီပြဲကို အႏုိင္ရဖို႔လည္း က်ေန္ာတို႔ အသင္းသားေတြ အားလံုး ဆႏၵရွိေနၾကတယ္။ အာရံုစိုက္မႈ အျပည့္နဲ႔ ၾကိဳးစားဖို႔ အေကာင္းဆံုး လုပ္ႏုိင္ဖို႔ လိုအပ္ျပီး ပြဲကို အႏုိင္ရဖို႔ လံုေလာက္မယ္လို႔ ယံုၾကည္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူး လူငယ္နည္းျပအဖြဲ႔ေတြက ဟိုဗာရဲ႕ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္မႈကို အျမဲတမ္း ေစာင့္ၾကည့္ခဲ့ၾကျပီး ညာအစြန္မွာ သံုးမလား၊ ဗဟိုခံစစ္မွာ သံုးမလားဆိုတာကို သံုးသပ္ေနခဲ့တာပါ။ ဒီႏွစ္အတြင္း ခံစစ္မွဴးရဲ႕ ရုပ္ပိုင္းဆိုင္ရာ တိုးတက္လာမႈေၾကာင့္ သူ႔ကို ဗဟိုခံစစ္ေနရာမွာ ကစားဖို႔ကို ေရြးခ်ယ္ခဲ့ျပီျဖစ္ျပီး ဒီညပြဲမွာလည္း ခံစစ္မွဴးအျဖစ္ ကစားေစမယ္လို႔ သိထားရပါတယ္။

ဟိုဗာက သူဟာ အရင္လို လူေကာင္ေသးေသးေလး မဟုတ္ေတာ့ေၾကာင္းကို “ က်ေနာ္က အရင္အတိုင္းပါပဲ။ ဒါေပမယ့္ ပိုသန္မာလာတယ္၊ လူေကာင္ပိုၾကီးလာတယ္ ေနာက္ျပီး ပိုေကာင္းတဲ့ ကစားသမား ျဖစ္လာျပီလို႔ ထင္ပါတယ္။ ဒါေပမယ့္ ပိုတိုးတက္လာဖို႔ ပိုေကာင္းလာဖို႔ အမ်ားၾကီး သင္ယူရဦးမွာပါ။ စိတ္ဓါတ္ပိုင္းဆိုင္ရာေကာ ရုပ္ပိုင္းဆိုင္ရာမွာပါ ၾကီးမား သန္မာလာေအာင္ က်ေနာ္ ၾကိဳးစားႏုိင္ခဲ့တယ္။ အဲ့တာက အရမ္းေကာင္းပါတယ္ ” လို႔ သတင္းေပးသြားခဲ့တာ ျဖစ္ပါတယ္။