ဒီကနေ့ည အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲဖြစ်တဲ့ လီဗာပူးနဲ့ ရှရူဘူရီပွဲကို အင်္ဂလန်ရုပ်သံတွေက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ မဟုတ်ပါဘူး။

ရာသီဝက်အနားပေးမှုကြောင့် စီနီယာအသင်းသားတွေ မရှိတဲ့ အဆိုပါပွဲကို မန်နေဂျာယာဂင်ကလော့ပ်က နောက်ကွယ်က ကိုင်တွယ်မှာဖြစ်ပြီး ကွင်းဘေးမှာတော့ နေးခရစ်ချ်လေပဲ တာဝန်ယူသွားမှာပါ။ ပွဲမတိုင်ခင် ပြင်ဆင်မှုတွေကို ယာဂင်ကလော့ပ်ကိုယ်တိုင် ကြီးကြပ်ပြီး ဒုတိယပိုင်းမစခင်မှာ အသင်းအဝတ်လဲခန်းအတွင်း ကလော့ပ်က ကြီးကြပ်စကားတွေ ပြောမှာဖြစ်ပါတယ်။

အဆိုပါ ပြန်ကန်ပွဲအတွက် ရုပ်သံလွှင့်ခွင့် မရဖြစ်နေပြီး အင်္ဂလန်ရုပ်သံဖြစ်တဲ့ BBC က တူညီတဲ့ အချိန်အတွင်း ယှဉ်ပြိုင်ရမယ့် နယူးကာဆယ်နဲ့ အော့ဖိုဒ့် ပွဲကိုပဲ ပြသသွားမှာဖြစ်တယ်။ BT Sport ကလည်း စပါးနဲ့ ဆောက်သမ်တန်တို့ရဲ့ အက်ဖ်အေ ပြန်ကန်ပွဲကိုပဲ ပြသသွားမှာဖြစ်ကာ လီဗာပူးပွဲကို ထုတ်လွှင့်မှာ မဟုတ်ပါဘူး။

တူညီတဲ့ အချိန် ဖြစ်နေခြင်းမှာ လီဗာပူးပွဲကို ပြသဖို့ မအောင်မြင်ဖြစ်ခဲ့တာဖြစ်ပြီး အင်္ဂလန်ပြည်တွင်းမှာ ထုတ်လွှင့်မှာ မဟုတ်လို့ အန်ဖီးကွင်းပြင်ပနဲ့ အင်္ဂလန်ပြည်ပ လီဗာပူးပရိသတ်တွေ ကြည့်ရှုခွင့်ရဖို့ အားကိုးနိုင်မယ့် တစ်ခုတည်းသော ချန်နယ်ကတော့ LFCTV GO ပဲ ဖြစ်ပါတယ်။ ကလပ်ဘက်ကတော့ ဒီပွဲအတွက် လက်မှတ်နှုန်းထားတွေကိုလည်း ကြီးကြီးမားမားကို လျော့ချထားပေးပြီဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေအနေနဲ့ LFCTV GO ကို လစဉ်ကြေးပေးပြီး ကြည့်ရှုနေတဲ့ အသင်းပရိသတ်တွေဘက်က Live ပြန်လွှင့်ပေးရင်တော့ ဒီပွဲကို ကြည့်ခွင့်ရမှာဖြစ်ပြီး အသင်းပရိသတ် အဖွဲ့တွေက အဆိုပါအတွက်လည်း အစီအစဉ်တွေ လုပ်နေတယ်လို့ ကြားထားရပါတယ်။ ဒီကိစ္စဟာ ရုပ်သံထုတ်လွှင့်မှုတွေမှာ ညိနှိုင်းမှု အဆင်မပြေခဲ့ခြင်းပဲဖြစ်ပြီး အခြားသော ကိစ္စတွေ မပါဘူးလို့ သိရတယ်။

ZAWGYI

ဒီကေန႔ည အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ အက္ဖ္ေအဖလား စတုတၳအဆင့္ ျပန္ကန္ပြဲျဖစ္တဲ့ လီဗာပူးနဲ႔ ရွရူဘူရီပြဲကို အဂၤလန္ရုပ္သံေတြက တိုက္ရိုက္ထုတ္လႊင့္ျပသသြားမွာ မဟုတ္ပါဘူး။

ရာသီဝက္အနားေပးမႈေၾကာင့္ စီနီယာအသင္းသားေတြ မရွိတဲ့ အဆိုပါပြဲကို မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေနာက္ကြယ္က ကိုင္တြယ္မွာျဖစ္ျပီး ကြင္းေဘးမွာေတာ့ ေနးခရစ္ခ်္ေလပဲ တာဝန္ယူသြားမွာပါ။ ပြဲမတိုင္ခင္ ျပင္ဆင္မႈေတြကို ယာဂင္ကေလာ့ပ္ကိုယ္တုိင္ ၾကီးၾကပ္ျပီး ဒုတိယပိုင္းမစခင္မွာ အသင္းအဝတ္လဲခန္းအတြင္း ကေလာ့ပ္က ၾကီးၾကပ္စကားေတြ ေျပာမွာျဖစ္ပါတယ္။

အဆိုပါ ျပန္ကန္ပြဲအတြက္ ရုပ္သံလႊင့္ခြင့္ မရျဖစ္ေနျပီး အဂၤလန္ရုပ္သံျဖစ္တဲ့ BBC က တူညီတဲ့ အခ်ိန္အတြင္း ယွဥ္ျပိဳင္ရမယ့္ နယူးကာဆယ္နဲ႔ ေအာ့ဖိုဒ့္ ပြဲကိုပဲ ျပသသြားမွာျဖစ္တယ္။ BT Sport ကလည္း စပါးနဲ႔ ေဆာက္သမ္တန္တို႔ရဲ႕ အက္ဖ္ေအ ျပန္ကန္ပြဲကိုပဲ ျပသသြားမွာျဖစ္ကာ လီဗာပူးပြဲကို ထုတ္လႊင့္မွာ မဟုတ္ပါဘူး။

တူညီတဲ့ အခ်ိန္ ျဖစ္ေနျခင္းမွာ လီဗာပူးပြဲကို ျပသဖို႔ မေအာင္ျမင္ျဖစ္ခဲ့တာျဖစ္ျပီး အဂၤလန္ျပည္တြင္းမွာ ထုတ္လႊင့္မွာ မဟုတ္လို႔ အန္ဖီးကြင္းျပင္ပနဲ႔ အဂၤလန္ျပည္ပ လီဗာပူးပရိသတ္ေတြ ၾကည့္ရႈခြင့္ရဖို႔ အားကိုးႏုိင္မယ့္ တစ္ခုတည္းေသာ ခ်န္နယ္ကေတာ့ LFCTV GO ပဲ ျဖစ္ပါတယ္။ ကလပ္ဘက္ကေတာ့ ဒီပြဲအတြက္ လက္မွတ္ႏႈန္းထားေတြကိုလည္း ၾကီးၾကီးမားမားကို ေလ်ာ့ခ်ထားေပးျပီျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြအေနနဲ႔ LFCTV GO ကို လစဥ္ေၾကးေပးျပီး ၾကည့္ရႈေနတဲ့ အသင္းပရိသတ္ေတြဘက္က Live ျပန္လႊင့္ေပးရင္ေတာ့ ဒီပြဲကို ၾကည့္ခြင့္ရမွာျဖစ္ျပီး အသင္းပရိသတ္ အဖြဲ႔ေတြက အဆိုပါအတြက္လည္း အစီအစဥ္ေတြ လုပ္ေနတယ္လို႔ ၾကားထားရပါတယ္။ ဒီကိစၥဟာ ရုပ္သံထုတ္လႊင့္မႈေတြမွာ ညိႏိႈင္းမႈ အဆင္မေျပခဲ့ျခင္းပဲျဖစ္ျပီး အျခားေသာ ကိစၥေတြ မပါဘူးလို႔ သိရတယ္။