စကိုင်းစပေါ့မှာ ဘောလုံးသုံးသပ်သူ အဖြစ် တာဝန်ယူနေတဲ့ မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ဂယ်ရီ နဗီးလ်က ခါးသီးပြိုင်ဘက် အသင်း ဖြစ်တဲ့ လီဗာပူးအသင်း ပရီးမီးယားလိဂ် ဖလားယူတဲ့ ပွဲစဉ်ကျရင် အားကစားအစီအစဉ်တွေမှာ မပါဝင်လိုကြောင်း ၎င်း ဆန္ဒကို ပြသသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အပြီးမှာ ဒုတိယနေရာမျ မန်စီးတီးကို ၂၂ မှတ်ဖြတ်ထားပြီး ဖြစ်တာကြောင့် လီဗာပူးအသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ဒီနှစ်မှာတော့ အရယူနိုင်လောက်ပြီလို့ ဆိုရမှာပါ။ လက်ကျန် ၁၃ ပွဲမှာ လီဗာပူး အနေနဲ့ ၆ ပွဲ နိုင်ရင်ပဲ ချန်ပီယံ ဖြစ်ပြီလို့ သတ်မှတ်နိုင်ပါတယ်။

လီဗာပူးပရိသတ်တွေက တွစ်တာကနေ တဆင့် လီဗာပူး ဖလားယူတဲ့နေ့မှာတော့ နဗီးလ်ကို စကိုင်းစပေါ့ အစီအစဉ်မှာ တာဝန်မပေးဖို့ တောင်းဆိုမှု တစ်ခု ပြုလုပ်လာပါတယ်။

Spion Kop တွစ်တာ အကောင့်ကနေ စကိုင်းစပေါ့ အစီအစဉ်အား ” တောင်းဆိုပါရစေ။ လီဗာပူး ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်မယ့် နောက်ဆုံး အိမ်ကွင်းပွဲစဉ် ချယ်ဆီးနဲ့ ပွဲမှာ မာတင်တေလာ ဒါမှမဟုတ် ဂယ်ရီ နဗီးလ်တို့ကို နောက်ခံစကားပြောသူ အနေနဲ့ မထည့်ပါနဲ့။ သူတို့ရဲ့ စိတ်ဓာတ်ကျနေတဲ့ အသံကြီးတွေ အဲဒီပွဲမှာ ကြားရရင် စိတ်ပျက်စရာကောင်းမှာပါ။ အဲဒီပွဲက ပျော်စရာတွေ အပြည့်နဲ့ ဖြစ်သင့်တယ် မဟုတ်လား။ လေးစားလျက်။ ” လို့ ရေးသား တောင်းဆိုခဲ့ပါတယ်။

နဗီးလ်ကလည်း ထို တောင်းဆိုမှုကို သဘောတူညီပုံ ရပြီး လက်ချင်းဆွဲ နှုတ်ဆက်နေတဲ့ ပုံလေးနဲ့ ဝင်ရောက် တုန့်ပြန်ခဲ့တာ တွေ့ရပါတယ်။ လီဗာပူးကို ပြိုင်ဘက်အဖြစ် လုံး၀ သတ်မှတ်ထားတဲ့ ယူနိုက်တက် ကစားသမားကြီး အနေနဲ့လည်း ပြိုင်ဘက်အသင်း ဖလားယူ အောင်ပွဲခံတာ ဝင်ရောက် တင်ဆက်နေရတာထက် အိမ်မှာ နေရတာ ပို သဘောကျမယ့် အနေအထား ရှိနေပါတယ်။

နဗီးလ်ဟာ စကိုင်းစပေါ့ အစီအစဉ်မှာတော့ တွဲဖက် တင်ဆက်ရတဲ့ လီဗာပူး ကစားသမားဟောင်း ဂျင်မီ ကာရေဂါနဲ့ ကလပ်အသင်းချင်း အမြဲလို အငြင်းအခုန် ဖြစ်လေ့ ရှိသူပါ။ လီဗာပူး ဖလားယူတဲ့ပွဲမှာမှ ထိုနှစ်ဦး တင်ဆက်ရရင် နဗီးလ် အနေနဲ့ ခေါင်းမဖော်နိုင်အောင် ကာရေဂါရဲ့ ရိထေ့မှုတွေ ခံယူရမှာလည်း ဖြစ်ပါတယ်။

Zawgyi – စကိုင္းစေပါ့မွာ ေဘာလံုးသံုးသပ္သူ အျဖစ္ တာ၀န္ယူေနတဲ့ မန္ခ်က္စတာယူနုိက္တက္ ဂႏၱ၀င္ကစားသမား ဂယ္ရီ နဗီးလ္က ခါးသီးျပိဳင္ဘက္ အသင္း ျဖစ္တဲ့ လီဗာပူးအသင္း ပရီးမီးယားလိဂ္ ဖလားယူတဲ့ ပြဲစဥ္က်ရင္ အားကစားအစီအစဥ္ေတြမွာ မပါ၀င္လိုေၾကာင္း ၄င္း ဆႏၵကို ျပသသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၅ အျပီးမွာ ဒုတိယေနရာမ် မန္စီးတီးကို ၂၂ မွတ္ျဖတ္ထားျပီး ျဖစ္တာေၾကာင့္ လီဗာပူးအသင္းဟာ နွစ္ေပါင္းမ်ားစြာ ေ၀းကြာေနတဲ့ အမွတ္ေပးဖလားကို ဒီနွစ္မွာေတာ့ အရယူနုိင္ေလာက္ျပီလို႔ ဆိုရမွာပါ။ လက္က်န္ ၁၃ ပြဲမွာ လီဗာပူး အေနနဲ႕ ၆ ပြဲ နုိင္ရင္ပဲ ခ်န္ပီယံ ျဖစ္ျပီလို႔ သတ္မွတ္နိုင္ပါတယ္။

လီဗာပူးပရိသတ္ေတြက တြစ္တာကေန တဆင့္ လီဗာပူး ဖလားယူတဲ့ေန႕မွာေတာ့ နဗီးလ္ကို စကိုင္းစေပါ့ အစီအစဥ္မွာ တာ၀န္မေပးဖို႔ ေတာင္းဆိုမႈ တစ္ခု ျပဳလုုပ္လာပါတယ္။

Spion Kop တြစ္တာ အေကာင့္ကေန စကိုင္းစေပါ့ အစီအစဥ္အား ” ေတာင္းဆိုပါရေစ။ လီဗာပူး ပရီးမီးယားလိဂ္ဖလား ကိုင္ေျမွာက္မယ့္ ေနာက္ဆံုး အိမ္ကြင္းပြဲစဥ္ ခ်ယ္ဆီးနဲ႕ ပြဲမွာ မာတင္ေတလာ ဒါမွမဟုတ္ ဂယ္ရီ နဗီးလ္တို႔ကို ေနာက္ခံစကားေျပာသူ အေနနဲ႕ မထည့္ပါနဲ႕။ သူတို႔ရဲ႕ စိတ္ဓာတ္က်ေနတဲ့ အသံၾကီးေတြ အဲဒီပြဲမွာ ၾကားရရင္ စိတ္ပ်က္စရာေကာင္းမွာပါ။ အဲဒီပြဲက ေပ်ာ္စရာေတြ အျပည့္နဲ႕ ျဖစ္သင့္တယ္ မဟုတ္လား။ ေလးစားလ်က္။ ” လို႔ ေရးသား ေတာင္းဆိုခဲ့ပါတယ္။

နဗီးလ္ကလည္း ထို ေတာင္းဆိုမႈကို သေဘာတူညီပံု ရျပီး လက္ခ်င္းဆြဲ နႈတ္ဆက္ေနတဲ့ ပံုေလးနဲ႕ ၀င္ေရာက္ တုန္႔ျပန္ခဲ့တာ ေတြ႔ရပါတယ္။ လီဗာပူးကို ျပိဳင္ဘက္အျဖစ္ လံုး၀ သတ္မွတ္ထားတဲ့ ယူနိုက္တက္ ကစားသမားၾကီး အေနနဲ႕လည္း ျပိဳင္ဘက္အသင္း ဖလားယူ ေအာင္ပြဲခံတာ ၀င္ေရာက္ တင္ဆက္ေနရတာထက္ အိမ္မွာ ေနရတာ ပို သေဘာက်မယ့္ အေနအထား ရွိေနပါတယ္။

နဗီးလ္ဟာ စကိုင္းစေပါ့ အစီအစဥ္မွာေတာ့ တြဲဖက္ တင္ဆက္ရတဲ့ လီဗာပူး ကစားသမားေဟာင္း ဂ်င္မီ ကာေရဂါနဲ႕ ကလပ္အသင္းခ်င္း အျမဲလို အျငင္းအခုန္ ျဖစ္ေလ့ ရွိသူပါ။ လီဗာပူး ဖလားယူတဲ့ပြဲမွာမွ ထိုနွစ္ဦး တင္ဆက္ရရင္ နဗီးလ္ အေနနဲ႕ ေခါင္းမေဖာ္နုိင္ေအာင္ ကာေရဂါရဲ႕ ရိေထ့မႈေတြ ခံယူရမွာလည္း ျဖစ္ပါတယ္။