အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲအဖြစ် အန်ဖီးကွင်းက ရှက်ရူဘူရီနဲ့ပွဲမှာ ဂျုံးဂိုးသွင်းနိုင်မယ်ဆိုရင် တိုက်စစ်မှူးဟောင်း ဆွာရက်စ်ရဲ့ စံချိန်ကို လိုက်မှီမှာ ဖြစ်ပါတယ်။ ဂျုံးဟာ ဒီတစ်ကြိမ် ရှရူဘူရီကို ဂိုးသွင်းနိုင်ရင် အက်ဖ်အေဖလား သုံးပွဲဆက် ဂိုးသွင်းနိုင်မှာဖြစ်ပြီး ယခင်စံချိန်ဟောင်းက ၂၀၁၂ ခုနှစ်မှာ ဆွာရက်စ် တင်ရှိထားတာဖြစ်ပြီး အက်ဖ်အေဖလား သုံးပွဲဆက် ဂိုးသွင်းယူထားနိုင်တာဖြစ်ပါတယ်။

ဘက်ဆစ်တက်မန်နေဂျာသစ်ဟာ လီဗာပူးကနေ အငှားခေါ်ထားတဲ့ ဂိုးသမား ကားရီးယက်စ်ရဲ့ လက်စွမ်းကို မနှစ်သက်ခြင်းကြောင့် ပွဲထွက်လူစာရင်းကနေ အနားပေးပြီး အရန်ခုံထိုင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူး စီနီယာအသင်းသားတွေဟာ ၎င်းတို့အတွက် ကလပ်ဘက်က သက်မှတ်ပေးတဲ့ အားလပ်ရက်တွေကို ခံစားဖို့ ခရီးတွေ အသီးသီး ထွက်နေကြပြီဖြစ်ပါတယ်။ စီနီယာအသင်းသား အများအပြားဟာ မနှစ်ကရာသီ အပြီးမှာ နားရက် အပြည့်တွေ မရထားကြပဲ ရာသီကြိုပြင်ဆင်မှုကို ခပ်စောစော ပူးပေါင်းထားကြရတာပါ။

ဒီရာသီ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ရေပန်းအစားဆုံးအဖြစ် ဟန်ဒါဆန်က ထိပ်ဆုံးကို ရောက်သွားပါတယ်။ ရာသီစတုန်းက ရေပန်းစားမှု မဖြစ်နိုင်အောင် နည်းတဲ့ အနေအထားကနေ အသင်းဖော်တွေဖြစ်တဲ့ ဗန်ဒိုက်၊ ဆာလက်၊ မာနေးတို့နဲ့ ပြိုင်ဘက်အသင်းသားတွေကိုပါ ကျော်ဖြတ်ပြီး ထိပ်ဆုံး ရောက်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီက နွေမှာ အသင်းပြောင်းမယ်ဆိုတဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်နေပြီး လာလီဂါနဲ့ ပရီးမီးယားလိဂ်တွေထံ ပြောင်းမယ်လို့ သတင်းကြီးနေပါတယ်။

အက်ဖ်အေဖလားမှာ အိမ်ကွင်းနှစ်ပွဲဆက်ကို ၂၀၁၂ ခုနှစ် အက်အေဖလားမှာ နောက်ဆုံး အနိုင်ရခဲ့တာဖြစ်ပြီး အဆိုပါအဆင့်မှာတော့ လီဗာပူးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲထိ ရောက်ခဲ့ခြင်းဖြစ်ကာ ဝင်ဘာလေမှာ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံး ကစားသမားအဖြစ် ပါဝင်ခွင့်ရသူက အီးလီးယော့ဖြစ်ပြီး ပြန်းခဲ့တဲ့လ အဲဗာတန်နဲ့ တတိယအဆင့်ပွဲမှာ အသက် ၁၆ နှစ် ၂၇၆ ရက်နဲ့ ပွဲထွက်ပါဝင်ခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်လူစာရင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကာရာဘောင်း ကွာတားဖိုင်နယ်အဖြစ် အက်စတွန်ဗီလာနဲ့ပဲမှာ ပွဲထွက်ခဲ့တဲ့ ဒီအသင်းပဲဖြစ်ပြီး ပျှမ်းမျှအသက် ၁၉ နှစ် ၁၈၃ ရက်ဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးဟာ ပြိုင်ပွဲစုံအတွင်း မတူညီတဲ့ အသင်းသားပေါင်း ၄၀ အထိကို ပွဲကစားခွင့် ပေးထားပါတယ်။ ဒါဟာ ယခင်စံချိန်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကထပ် ၁ ဦး ပိုများပါတယ်။

ZAWGYI

အက္ဖ္ေအဖလား စတုတၳအဆင့္ ျပန္ကန္ပြဲအျဖစ္ အန္ဖီးကြင္းက ရွက္ရူဘူရီနဲ႔ပြဲမွာ ဂ်ံဳးဂိုးသြင္းႏုိင္မယ္ဆိုရင္ တိုက္စစ္မွဴးေဟာင္း ဆြာရက္စ္ရဲ႕ စံခ်ိန္ကို လိုက္မွီမွာ ျဖစ္ပါတယ္။ ဂ်ံဳးဟာ ဒီတစ္ၾကိမ္ ရွရူဘူရီကို ဂိုးသြင္းႏိုင္ရင္ အက္ဖ္ေအဖလား သံုးပြဲဆက္ ဂိုးသြင္းႏုိင္မွာျဖစ္ျပီး ယခင္စံခ်ိန္ေဟာင္းက ၂၀၁၂ ခုႏွစ္မွာ ဆြာရက္စ္ တင္ရွိထားတာျဖစ္ျပီး အက္ဖ္ေအဖလား သံုးပြဲဆက္ ဂိုးသြင္းယူထားႏုိင္တာျဖစ္ပါတယ္။

ဘက္ဆစ္တက္မန္ေနဂ်ာသစ္ဟာ လီဗာပူးကေန အငွားေခၚထားတဲ့ ဂိုးသမား ကားရီးယက္စ္ရဲ႕ လက္စြမ္းကို မႏွစ္သက္ျခင္းေၾကာင့္ ပြဲထြက္လူစာရင္းကေန အနားေပးျပီး အရန္ခံုထိုင္ခိုင္းဖို႔ ဆံုးျဖတ္ခဲ့ျပီျဖစ္ပါတယ္။

လီဗာပူး စီနီယာအသင္းသားေတြဟာ ၄င္းတို႔အတြက္ ကလပ္ဘက္က သက္မွတ္ေပးတဲ့ အားလပ္ရက္ေတြကို ခံစားဖို႔ ခရီးေတြ အသီးသီး ထြက္ေနၾကျပီျဖစ္ပါတယ္။ စီနီယာအသင္းသား အမ်ားအျပားဟာ မႏွစ္ကရာသီ အျပီးမွာ နားရက္ အျပည့္ေတြ မရထားၾကပဲ ရာသီၾကိဳျပင္ဆင္မႈကို ခပ္ေစာေစာ ပူးေပါင္းထားၾကရတာပါ။

ဒီရာသီ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆံုးဆုအတြက္ ေရပန္းအစားဆံုးအျဖစ္ ဟန္ဒါဆန္က ထိပ္ဆံုးကို ေရာက္သြားပါတယ္။ ရာသီစတုန္းက ေရပန္းစားမႈ မျဖစ္ႏုိင္ေအာင္ နည္းတဲ့ အေနအထားကေန အသင္းေဖာ္ေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဆာလက္၊ မာေနးတို႔နဲ႔ ျပိဳင္ဘက္အသင္းသားေတြကိုပါ ေက်ာ္ျဖတ္ျပီး ထိပ္ဆံုး ေရာက္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မွဴး အမ္ဘတ္ပီက ေႏြမွာ အသင္းေျပာင္းမယ္ဆိုတဲ့ သတင္းေတြ အေတာ္ေလး ထြက္ေပၚေနျပီး လာလီဂါနဲ႔ ပရီးမီးယားလိဂ္ေတြထံ ေျပာင္းမယ္လို႔ သတင္းၾကီးေနပါတယ္။

အက္ဖ္ေအဖလားမွာ အိမ္ကြင္းႏွစ္ပြဲဆက္ကို ၂၀၁၂ ခုႏွစ္ အက္္ေအဖလားမွာ ေနာက္ဆံုး အႏုိင္ရခဲ့တာျဖစ္ျပီး အဆိုပါအဆင့္မွာေတာ့ လီဗာပူးဟာ အက္ဖ္ေအဖလား ဗိုလ္လုပြဲထိ ေရာက္ခဲ့ျခင္းျဖစ္ကာ ဝင္ဘာေလမွာ ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္ခဲ့ရပါတယ္။

အက္ဖ္ေအဖလားျပိဳင္ပြဲသမိုင္းမွာ အသက္အငယ္ဆံုး ကစားသမားအျဖစ္ ပါဝင္ခြင့္ရသူက အီးလီးေယာ့ျဖစ္ျပီး ျပန္းခဲ့တဲ့လ အဲဗာတန္နဲ႔ တတိယအဆင့္ပြဲမွာ အသက္ ၁၆ ႏွစ္ ၂၇၆ ရက္နဲ႔ ပြဲထြက္ပါဝင္ခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုး ပြဲထြက္လူစာရင္းဟာ ျပီးခဲ့တဲ့ ဒီဇင္ဘာလက ကာရာေဘာင္း ကြာတားဖိုင္နယ္အျဖစ္ အက္စတြန္ဗီလာနဲ႔ပဲမွာ ပြဲထြက္ခဲ့တဲ့ ဒီအသင္းပဲျဖစ္ျပီး ပွ်မ္းမွ်အသက္ ၁၉ ႏွစ္ ၁၈၃ ရက္ျဖစ္ပါတယ္။

ဒီရာသီမွာ လီဗာပူးဟာ ျပိဳင္ပြဲစံုအတြင္း မတူညီတဲ့ အသင္းသားေပါင္း ၄၀ အထိကို ပြဲကစားခြင့္ ေပးထားပါတယ္။ ဒါဟာ ယခင္စံခ်ိန္ျဖစ္တဲ့ ၂၀၁၅-၂၀၁၆ ေဘာလံုးရာသီကထပ္ ၁ ဦး ပိုမ်ားပါတယ္။