ပီအက်ဂျီမန်နေဂျာ တူချယ်နဲ့ တိုက်စစ်မှူး အမ်ဘတ်ပီတို့ ပြဿနာဖြစ်ခဲ့တဲ့နောက် ပြင်သစ်သား တိုက်စစ်မှူးဟာ ထိပ်တန်းကလပ်တစ်သင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာပြီဆိုတဲ့ သတင်းတွေ ကျယ်ပြန်လာနေခဲ့ပါတယ်။

အင်္ဂလန်သတင်းဌာနဖြစ်တဲ့ BBC Radio 5 Live မှာ အမ်ဘတ်ပီကိစ္စ ဆွေးနွေးစကားပြောမှုတွေ ရှိခဲ့ပြီး အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်တဲ့ အီရန်ရိုက်က အမ်ဘတ်ပီက ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ စိတ်ဝင်စားနေပြီး သူက အင်္ဂလန် ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးအသင်းတွေကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ဆိုခဲ့တယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဆွဲမက်စရာ ကစားဟန်ကို မန်ချက်စတာကလပ်နဲ့ တည်ဆေက်ပြခဲ့ပေမယ့် အမ်ဘတ်ပီက ရုပ်ပိုင်းဆိုင်ရာ အားပြုပြီး ပြင်းပြတဲ့ ကစားဟန်ကို ကျင့်သုံးနေတဲ့ လီဗာပူးကို ပြောင်းဖို့ ပိုမို ဆန္ဒရှိမယ်လို့ အီရန်ရိုက်က ပြောပါတယ်။

“ အမ်ဘတ်ပီက အသင်းပြောင်းလိုနေတယ်။ သူက ပရီးမီးယားလိဂ်ကို ပြောင်းလိုနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါသာဆိုရင် မန်စီးတီးကိုကျော်ပြီး လီဗာပူးကို ပြောင်းမှာပဲ ကမ္ဘာပေါ်က ဘယ်ကစားသမားမဆို လီဗာပူးကို ပြောင်းကစားလိုလိမ့်မယ်။ ဒီရာသီလို ခြေစွမ်းနဲ့ဆိုရင်ပေါ့။

အခုလို အသင်းကို ရလာဖို့ ကလော့ပ်က လေးနှစ် အချိန်ယူခဲ့ရတယ်။ လီဗာပူးက အခုဆိုရင် စတင်လာပါပြီ။ ကမ္ဘာအကောင်းဆုံး ကစားသမားဆိုသူတွေက ဒီကို ပြောင်းကစားလိုကြတယ်။ နှစ်နှစ်အတွင်း ပပ်က မယုံနိုင်လောက်တဲ့ ဘောလုံးကစားဟန် တည်ဆောက်ခဲ့ပေမယ့် လီဗာပူးက တစ်ခုခုထူးရှယ်ဆိုတာမျိုးကို တည်ဆောက်ပြဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ငါသာ အမ်ဘတ်ပီဆိုရင် လီဗာပူးကို ပြောင်းဖို့ စဉ်းစားကြည့်မှာပဲ။ အခုချိန်မှာ အမ်ဘတ်ပီက ဘယ်အသင်းကို ပြောင်းလိုမယ်လို့ မင်းတို့ထင်လဲ? လူတွေက ဘာစီလိုနာလို့ ပြောကြတယ်။ အမ်ဘတ်ပီကတော့ ပရီးမီးယားလိဂ်ကို လာလိုမှာပဲ လီဗာပူးပရိသတ်တွေကလည်း သူ့ကိုတော့ အလိုရှိကြတာပဲလေ။

လီဗာပူးပရိသတ်တွေက အမ်ဘတ်ပီကို သဘောတွေ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဂလက်တီကိုအသင်းကို တည်ဆောက်ခဲ့သလိုပေါ့။ အမ်ဘတ်ပီက ဘယ်အသင်းကို သွားမလဲ၊ သူက ဘယ်နေရာမှာမဆို အံဝင်မယ့် ကစားသမားပါ ” လို့ အီရန်ရိုက်က ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပီအက္ဂ်ီမန္ေနဂ်ာ တူခ်ယ္နဲ႔ တိုက္စစ္မွဴး အမ္ဘတ္ပီတို႔ ျပႆနာျဖစ္ခဲ့တဲ့ေနာက္ ျပင္သစ္သား တိုက္စစ္မွဴးဟာ ထိပ္တန္းကလပ္တစ္သင္းကို ေျပာင္းေရႊ႔ဖို႔ စိတ္ဝင္စားလာျပီဆိုတဲ့ သတင္းေတြ က်ယ္ျပန္လာေနခဲ့ပါတယ္။

အဂၤလန္သတင္းဌာနျဖစ္တဲ့ BBC Radio 5 Live မွာ အမ္ဘတ္ပီကိစၥ ေဆြးေႏြးစကားေျပာမႈေတြ ရွိခဲ့ျပီး အစီအစဥ္ တင္ဆက္သူ တစ္ဦးျဖစ္တဲ့ အီရန္ရိုက္က အမ္ဘတ္ပီက ပရီးမီးယားလိဂ္ကို ေျပာင္းလာဖို႔ စိတ္ဝင္စားေနျပီး သူက အဂၤလန္ ထိပ္သီးႏွစ္သင္းျဖစ္တဲ့ မန္စီးတီး၊ လီဗာပူးအသင္းေတြကို ေျပာင္းေရႊ႔ဖို႔ စိတ္ဝင္စားလိမ့္မယ္လို႔ ဆိုခဲ့တယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ဆြဲမက္စရာ ကစားဟန္ကို မန္ခ်က္စတာကလပ္နဲ႔ တည္ေဆက္ျပခဲ့ေပမယ့္ အမ္ဘတ္ပီက ရုပ္ပိုင္းဆိုင္ရာ အားျပဳျပီး ျပင္းျပတဲ့ ကစားဟန္ကို က်င့္သံုးေနတဲ့ လီဗာပူးကို ေျပာင္းဖို႔ ပိုမို ဆႏၵရွိမယ္လို႔ အီရန္ရိုက္က ေျပာပါတယ္။

“ အမ္ဘတ္ပီက အသင္းေျပာင္းလိုေနတယ္။ သူက ပရီးမီးယားလိဂ္ကို ေျပာင္းလိုေနတာ ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ ငါသာဆိုရင္ မန္စီးတီးကိုေက်ာ္ျပီး လီဗာပူးကို ေျပာင္းမွာပဲ ကမၻာေပၚက ဘယ္ကစားသမားမဆို လီဗာပူးကို ေျပာင္းကစားလိုလိမ့္မယ္။ ဒီရာသီလို ေျခစြမ္းနဲ႔ဆိုရင္ေပါ့။

အခုလို အသင္းကို ရလာဖို႔ ကေလာ့ပ္က ေလးႏွစ္ အခ်ိန္ယူခဲ့ရတယ္။ လီဗာပူးက အခုဆိုရင္ စတင္လာပါျပီ။ ကမၻာအေကာင္းဆံုး ကစားသမားဆိုသူေတြက ဒီကို ေျပာင္းကစားလိုၾကတယ္။ ႏွစ္ႏွစ္အတြင္း ပပ္က မယံုႏုိင္ေလာက္တဲ့ ေဘာလံုးကစားဟန္ တည္ေဆာက္ခ့ဲေပမယ့္ လီဗာပူးက တစ္ခုခုထူးရွယ္ဆိုတာမ်ိဳးကို တည္ေဆာက္ျပဖို႔ အဆင္သင့္ျဖစ္ေနပါျပီ။

ငါသာ အမ္ဘတ္ပီဆိုရင္ လီဗာပူးကို ေျပာင္းဖို႔ စဥ္းစားၾကည့္မွာပဲ။ အခုခ်ိန္မွာ အမ္ဘတ္ပီက ဘယ္အသင္းကို ေျပာင္းလိုမယ္လို႔ မင္းတို႔ထင္လဲ? လူေတြက ဘာစီလိုနာလို႔ ေျပာၾကတယ္။ အမ္ဘတ္ပီကေတာ့ ပရီးမီးယားလိဂ္ကို လာလိုမွာပဲ လီဗာပူးပရိသတ္ေတြကလည္း သူ႔ကိုေတာ့ အလိုရွိၾကတာပဲေလ။

လီဗာပူးပရိသတ္ေတြက အမ္ဘတ္ပီကို သေဘာေတြ႔ပါတယ္။ ရီးရဲလ္မက္ဒရစ္က ဂလက္တီကိုအသင္းကို တည္ေဆာက္ခဲ့သလိုေပါ့။ အမ္ဘတ္ပီက ဘယ္အသင္းကို သြားမလဲ၊ သူက ဘယ္ေနရာမွာမဆို အံဝင္မယ့္ ကစားသမားပါ ” လို႔ အီရန္ရိုက္က ဆိုခဲ့တာျဖစ္ပါတယ္။