လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ နှစ်တစ်နှစ်ရဲ့ လိဂ်အကောင်းဆုံး ကစားသမားဆုကို ရွေးချယ်ပေးအပ်တဲ့ PFA Player of the Year ဆုအတွက် ရေပန်းစားစာရင်းမှာ ထိပ်ဆုံးကို ရောက်လာခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ရာသီစက ရေပန်းစားမှုမှာ 200/1 ပဲ ရှိခဲ့တာဖြစ်ပေမယ့် လီဗာပူးအသင်းကို အကောင်းဆုံး ဦးဆောင်ပြီး ခက်ခဲတဲ့ ရာသီကို ကျော်ဖြတ်ပြလာတာကြောင့် အသင်းဖော်တွေဖြစ်တဲ့ မာနေး၊ ဗန်ဒိုက်၊ ဆာလက်၊ ဖာမင်နိုတို့အပြင် ပြိုင်ဘက်အသင်း ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း၊ ဗာဒီတို့ကိုပါ ကျော်ဖြတ်ပြီး 6/4 ဖြင့် ရေပန်းစားမှု ထိပ်ဆုံးကို ရောက်လာခဲ့တာဖြစ်တယ်။

လီဗာပူးကွင်းလယ်မှာ မနှစ်မြို့စရာ ကိစ္စတွေကို တာဝန်ယူသူအဖြစ် ပြိုင်ဘက် ကစားသမားတွေကို ရင်ဆိုင်ပေးခြင်း၊ အသင်းကို ခေါင်းဆောင်မှုကောင်းကောင်းနဲ့ ဦးဆောင်ပေးခြင်း၊ ဆုဖလားဆက်တိုက် အောင်မြင်ဖို့ရာ အသင်းဖော်တွေကို လုံ့ဆော်ပေးနိုင်ခြင်းတွေကြောင့် အားကစားသုံးသပ်သူတွေက ဟန်ဒါဆန်ကို အမှတ် မြင့်မြင့်မားမား ပေးလာကြတာလို့ သိရတယ်။

ရာသီစကို ကွင်းလယ်လူအဖြစ် တိုက်စစ်ကို ပိုမိုလိုက်ရပေမယ့် အသင်းဖော် ဖာဘင်ညို ဒဏ်ရာရတဲ့နောက် ကွင်းလယ်ခံစစ်နေရာက အထူးတောက်ပခဲ့တဲ့ ဟန်ဒါဆန်ဟာ ဒီရာသီ လီဗာပူးအတွက် ကွင်းလယ်နေရာတွေတင်မကပဲ ဗဟိုခံစစ်မှူးနဲ့ ညာအစွန်လူ နေရာတွေမှာလည်း ကစားပေးနိုင်သူဖြစ်တယ်။

လီဗာပူးအသင်းရဲ့ သက်တမ်းအရင့်ဆုံး ကစားသမားအဖြစ် လက်ရှိ အသင်းသားတွေကို ဦးဆောင်နေတဲ့ ဟန်ဒါဆန်ဟာ အသင်းဖော်တွေထဲမှာ လီဗာပူးနဲ့အတူ ဆုဖလား အောင်မြင်မှု အများဆုံးလည်းဖြစ်တယ်။ ကာရာဘောင်း၊ ချန်ပီယံလိဂ်၊ စူပါဖလား၊ ဖီဖာကလပ်များ ကမ္ဘာဖလားတို့ကို အောင်မြင်ထားပြီး ချန်ပီယံလိဂ်မှာ သူပထမဆုံး ဆုဖလားကိုင်မြောက်စဉ် အောင်ပွဲခံမှုဟာလည်း လီဗာပူးပရိသတ်တွေကြား ကျော်ကြားတဲ့ အောင်ပွဲခံမှုပုံစံ ဖြစ်လာခဲ့ပါတယ်။

PFA Player of the Year winner 2020:

  • Jordan Henderson – 6/4
  • Sadio Mane – 4/1
  • Kevin De Bruyne – 13/2
  • Virgil van Dijk – 10/1
  • Mo Salah – 16/1
  • Trent Alexander Arnold – 16/1
  • Roberto Firmino – 33/1
  • Jamie Vardy – 33/1

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ ႏွစ္တစ္ႏွစ္ရဲ႕ လိဂ္အေကာင္းဆံုး ကစားသမားဆုကို ေရြးခ်ယ္ေပးအပ္တဲ့ PFA Player of the Year ဆုအတြက္ ေရပန္းစားစာရင္းမွာ ထိပ္ဆံုးကို ေရာက္လာခဲ့ပါတယ္။

ဟန္ဒါဆန္ဟာ ရာသီစက ေရပန္းစားမႈမွာ 200/1 ပဲ ရွိခဲ့တာျဖစ္ေပမယ့္ လီဗာပူးအသင္းကို အေကာင္းဆံုး ဦးေဆာင္ျပီး ခက္ခဲတဲ့ ရာသီကို ေက်ာ္ျဖတ္ျပလာတာေၾကာင့့္ အသင္းေဖာ္ေတြျဖစ္တဲ့ မာေနး၊ ဗန္ဒိုက္၊ ဆာလက္၊ ဖာမင္ႏိုတို႔အျပင္ ျပိဳင္ဘက္အသင္း ကစားသမားေတြျဖစ္တဲ့ ဒီဘရိုင္း၊ ဗာဒီတို႔ကိုပါ ေက်ာ္ျဖတ္ျပီး 6/4 ျဖင့္ ေရပန္းစားမႈ ထိပ္ဆံုးကို ေရာက္လာခဲ့တာျဖစ္တယ္။

လီဗာပူးကြင္းလယ္မွာ မႏွစ္ျမိဳ႕စရာ ကိစၥေတြကို တာဝန္ယူသူအျဖစ္ ျပိဳင္ဘက္ ကစားသမားေတြကို ရင္ဆိုင္ေပးျခင္း၊ အသင္းကို ေခါင္းေဆာင္မႈေကာင္းေကာင္းနဲ႔ ဦးေဆာင္ေပးျခင္း၊ ဆုဖလားဆက္တုိက္ ေအာင္ျမင္ဖို႔ရာ အသင္းေဖာ္ေတြကို လံု႔ေဆာ္ေပးႏုိင္ျခင္းေတြေၾကာင့္ အားကစားသံုးသပ္သူေတြက ဟန္ဒါဆန္ကို အမွတ္ ျမင့္ျမင့္မားမား ေပးလာၾကတာလို႔ သိရတယ္။

ရာသီစကို ကြင္းလယ္လူအျဖစ္ တိုက္စစ္ကို ပိုမိုလိုက္ရေပမယ့္ အသင္းေဖာ္ ဖာဘင္ညိဳ ဒဏ္ရာရတဲ့ေနာက္ ကြင္းလယ္ခံစစ္ေနရာက အထူးေတာက္ပခဲ့တဲ့ ဟန္ဒါဆန္ဟာ ဒီရာသီ လီဗာပူးအတြက္ ကြင္းလယ္ေနရာေတြတင္မကပဲ ဗဟိုခံစစ္မွဴးနဲ႔ ညာအစြန္လူ ေနရာေတြမွာလည္း ကစားေပးႏုိင္သူျဖစ္တယ္။

လီဗာပူးအသင္းရဲ႕ သက္တမ္းအရင့္ဆံုး ကစားသမားအျဖစ္ လက္ရွိ အသင္းသားေတြကို ဦးေဆာင္ေနတဲ့ ဟန္ဒါဆန္ဟာ အသင္းေဖာ္ေတြထဲမွာ လီဗာပူးနဲ႔အတူ ဆုဖလား ေအာင္ျမင္မႈ အမ်ားဆံုးလည္းျဖစ္တယ္။ ကာရာေဘာင္း၊ ခ်န္ပီယံလိဂ္၊ စူပါဖလား၊ ဖီဖာကလပ္မ်ား ကမၻာဖလားတို႔ကို ေအာင္ျမင္ထားျပီး ခ်န္ပီယံလိဂ္မွာ သူပထမဆံုး ဆုဖလားကိုင္ေျမာက္စဥ္ ေအာင္ပြဲခံမႈဟာလည္း လီဗာပူးပရိသတ္ေတြၾကား ေက်ာ္ၾကားတဲ့ ေအာင္ပြဲခံမႈပံုစံ ျဖစ္လာခဲ့ပါတယ္။

PFA Player of the Year winner 2020:

  • Jordan Henderson – 6/4
  • Sadio Mane – 4/1
  • Kevin De Bruyne – 13/2
  • Virgil van Dijk – 10/1
  • Mo Salah – 16/1
  • Trent Alexander Arnold – 16/1
  • Roberto Firmino – 33/1
  • Jamie Vardy – 33/1