ကလပ်အသင်းသမိုင်း အသက်အငယ်ဆုံး ပွဲထွက်လူစာရင်း၊ အသက်အငယ်ဆုံး အသင်းခေါင်းဆောင်တို့နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အက်ဖ်အေ ပြန်ကန်ပွဲမှာ ရှရူဘူရီကို ၁-၀ နဲ့ အနိုင်ရခဲ့တာကြောင့် လီဗာပူးဟာ အက်ဖ်အေဖလား ၁၆ သင်းအဆင့်မှာ ချယ်ဆီးနဲ့ မတ်လ ၂ ရက်နေ့မှာ ထိပ်တိုက်တွေ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပြိုင်ပွဲစုံ ပွဲ ၄၀ အထိကို အရေးမနိမ့်ထားပဲ ၃၅ ပွဲနိုင် ၅ ပွဲ သရေရလဒ် ထွက်ပေါ်ထားပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၇ ပွဲကိုဆိုရင် ပေးဂိုး တစ်ဂိုးမှတောင် ခွင့်ပြုရခြင်း မရှိပါဘူး။

လီဗာပူးလူငယ်အသင်းကို ယူ-၂၃ အသင်းလို့ ပြောဆိုနေကြတဲ့အပေါ် မန်နေဂျာနေးခရစ်ခ်လေက အသက် ၂၃ နှစ်အောက်လို့ ခေါ်နေကြတာ မှားကြောင်းနဲ့ ကောင်လေးတွေက အခုမှ အသက် ၂၀ နဲ့ ၁၉ အရွယ်တွေပဲ ရှိသေးတယ်လို့ တုန့်ပြန်ပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ အားလပ်ရက်မှာ ဘရာဇီးကို ပြန်ရောက်နေပြီး ၎င်းရဲ့အကိုဖြစ်သူရဲ့ ဖလူမီနက်စ်အသင်းရဲ့ ပွဲကို တက်ရောက်ကြည့်ခဲ့ပါတယ်။

လီဗာပူးလူငယ်လေးတွေရဲ့ပွဲကို စီနီယာအသင်းသားတွေဖြစ်တဲ့ ဗန်ဒိုက်၊ အတ်ဒရီယန်တို့နဲ့အတူ အခြား ကစားသမားတွေ အွန်လိုင်းကနေ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

အက်ဖ်အေပြန်ကန်ပွဲအဖြစ် ရှရူဘူရီနဲ့ပွဲကို တက်ရောက်ကြည့်တဲ့ ပရိသတ်က ၅၂၀၀၀ ကျော်ဖြစ်ပြီး အဆိုပါထဲမှာတော့ ဒေသခံ အားပေးသူ အဖွဲ့တွေက အရင်ပွဲတွေထက် ပိုပြီးများများ တက်ရောက်ခွင့် ရခဲ့ကြပါတယ်။

လီဗာပူးစီနီယာအသင်းသား ဂျိမ်း မီလ်နာဟာ လူငယ်တွေရဲ့ အက်ဖ်အေပွဲမတိုင်ခင် ပွဲကြို အစီအစဉ်ကို တက်ရောက်ခဲ့သလို ပွဲနေ့မှာလည်း အသင်းရဲ့ပွဲကို တက်ရောက်ပြီး အားပေးကာ အဝတ်လဲခန်းအတွင်း ဆွေးနွေးစကားတွေပါ ပြောဆိုပေးခဲ့ပါတယ်။

လီဗာပူးအမာခံပရိသတ်ဖြစ်ပြီး ညကပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ အီလီယော့က ပြောဖို့တောင် စကားမရှိတော့ပါဘူး။ ကစားသမားဘဝမှာ ဂုဏ်အယူရဆုံး ညတစ်ညပါပဲ။ အသင်းဖော်တွေ အများအပြား ပထမဆုံး ပွဲထွက်မှုကို ရခဲ့ကြပြီး အကောင်းဆုံးတွေ ပြသခဲ့တယ်။ နည်းပြနဲ့ အားပေးသူတွေကလည်း အစွမ်းကုန် ပံ့ပိုးပေးကြပါတယ်လို့ ထုတ်ဖော်သွားပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရီယို ဖာဒီနန်က လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ လက်ရှိ အနေအထားမှာ ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးပါလို့ ထုတ်ဖော် ချီးကျုးခဲ့ပါတယ်။

ZAWGYI

ကလပ္အသင္းသမိုင္း အသက္အငယ္ဆံုး ပြဲထြက္လူစာရင္း၊ အသက္အငယ္ဆံုး အသင္းေခါင္းေဆာင္တုိ႔နဲ႔ ယွဥ္ျပိဳင္ခဲ့ျပီး အက္ဖ္ေအ ျပန္ကန္ပြဲမွာ ရွရူဘူရီကို ၁-၀ နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ လီဗာပူးဟာ အက္ဖ္ေအဖလား ၁၆ သင္းအဆင့္မွာ ခ်ယ္ဆီးနဲ႔ မတ္လ ၂ ရက္ေန႔မွာ ထိပ္တိုက္ေတြ႔ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ျပိဳင္ပြဲစံု ပြဲ ၄၀ အထိကို အေရးမနိမ့္ထားပဲ ၃၅ ပြဲႏုိင္ ၅ ပြဲ သေရရလဒ္ ထြက္ေပၚထားပါတယ္။ ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ ၇ ပြဲကိုဆိုရင္ ေပးဂိုး တစ္ဂိုးမွေတာင္ ခြင့္ျပဳရျခင္း မရွိပါဘူး။

လီဗာပူးလူငယ္အသင္းကို ယူ-၂၃ အသင္းလို႔ ေျပာဆိုေနၾကတဲ့အေပၚ မန္ေနဂ်ာေနးခရစ္ခ္ေလက အသက္ ၂၃ ႏွစ္ေအာက္လို႔ ေခၚေနၾကတာ မွားေၾကာင္းနဲ႔ ေကာင္ေလးေတြက အခုမွ အသက္ ၂၀ နဲ႔ ၁၉ အရြယ္ေတြပဲ ရွိေသးတယ္လို႔ တုန္႔ျပန္ပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ အားလပ္ရက္မွာ ဘရာဇီးကို ျပန္ေရာက္ေနျပီး ၄င္းရဲ႕အကိုျဖစ္သူရဲ႕ ဖလူမီနက္စ္အသင္းရဲ႕ ပြဲကို တက္ေရာက္ၾကည့့္ခဲ့ပါတယ္။

လီဗာပူးလူငယ္ေလးေတြရဲ႕ပြဲကို စီနီယာအသင္းသားေတြျဖစ္တဲ့ ဗန္ဒိုက္၊ အတ္ဒရီယန္တို႔နဲ႔အတူ အျခား ကစားသမားေတြ အြန္လိုင္းကေန ၾကည့္ရႈအားေပးခဲ့ၾကပါတယ္။

အက္ဖ္ေအျပန္ကန္ပြဲအျဖစ္ ရွရူဘူရီနဲ႔ပြဲကို တက္ေရာက္ၾကည့္တဲ့ ပရိသတ္က ၅၂၀၀၀ ေက်ာ္ျဖစ္ျပီး အဆိုပါထဲမွာေတာ့ ေဒသခံ အားေပးသူ အဖြဲ႔ေတြက အရင္ပြဲေတြထက္ ပိုျပီးမ်ားမ်ား တက္ေရာက္ခြင့္ ရခဲ့ၾကပါတယ္။

လီဗာပူးအမာခံပရိသတ္ျဖစ္ျပီး ညကပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့တဲ့့ အီလီေယာ့က ေျပာဖို႔ေတာင္ စကားမရွိေတာ့ပါဘူး။ ကစားသမားဘဝမွာ ဂုဏ္အယူရဆံုး ညတစ္ညပါပဲ။ အသင္းေဖာ္ေတြ အမ်ားအျပား ပထမဆံုး ပြဲထြက္မႈကို ရခဲ့ၾကျပီး အေကာင္းဆံုးေတြ ျပသခဲ့တယ္။ နည္းျပနဲ႔ အားေပးသူေတြကလည္း အစြမ္းကုန္ ပံ့ပိုးေပးၾကပါတယ္လို႔ ထုတ္ေဖာ္သြားပါတယ္။

လီဗာပူးစီနီယာအသင္းသား ဂ်ိမ္း မီလ္နာဟာ လူငယ္ေတြရဲ႕ အက္ဖ္ေအပြဲမတိုင္ခင္ ပြဲၾကိဳ အစီအစဥ္ကို တက္ေရာက္ခဲ့သလို ပြဲေန႔မွာလည္း အသင္းရဲ႕ပြဲကို တက္ေရာက္ျပီး အားေပးကာ အဝတ္လဲခန္းအတြင္း ေဆြးေႏြးစကားေတြပါ ေျပာဆိုေပးခဲ့ပါတယ္။

ယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ရီယို ဖာဒီနန္က လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ လက္ရွိ အေနအထားမွာ ကမၻာအေကာင္းဆံုး ဗဟိုခံစစ္မွဴးပါလို႔ ထုတ္ေဖာ္ ခ်ီးက်ဳးခဲ့ပါတယ္။