ယူနိုက်တက်ဂန္တဝင်ကြီး ရီယို ဖာဒီနန်က ဗန်ဒိုက်ဟာ ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးပါလို့ ထုတ်ဖော်ချီးကျူးခဲ့ပေမယ့် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဆုကို အနိုင်ရသင့်သူကတော့ အခြားသော လီဗာပူးအသင်းသားပါလို့ ထုတ်ပြောလိုက်ပါတယ်။

နယ်သာလန်သား ခံစစ်မှူးဟာ လီဗာပူးရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးဖြစ်ပြီး သူပါဝင်တဲ့ ခံစစ်တန်းဟာ သွင်းဂိုး ၁၅ ဂိုးပဲ ခွင့်ပြုရတဲ့အထိ တောက်ပနေတာပါ။ အသက် ၂၈ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ ချီးကျူးမှုတွေကို လက်ခံရသင့်သူဖြစ်ပြီး ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးဖြစ်တယ်လို့ ဖာဒီနန်က ဝန်ခံခဲ့တယ်။

ဖာဒီနန်က ” ဗန်ဒိုက်က သံသယရှိစရာမလိုတဲ့ ကမ္ဘာအကောင်းဆုံး ခံစစ်သမားပါ။ အခုချိန်မှာ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးပါ။ အဲ့အတွက်လည်း သူ့ကို ကျနော် ထောက်ခံပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားအတွက်တော့ သူ့ကို ကျနော် မထောက်ခံပါဘူး။

သူက အရမ်းကိုကောင်းတဲ့ ဘောလုံးသမားကောင်းတစ်ယောက်ပါ။ သွေးအေးတယ်၊ တည်ငြိမ်တယ်၊ စုစည်းနိုင်တယ်၊ သန်မာတယ်၊ လျှင်မြန်တယ်။ မော်ဒန်ကစားသမားအနေနဲ့ ရှိရမယ့် အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားပါတယ်။ သူ့ကိုယ်သူလည်း အကောင်းဆုံး သယ်ဆောင်လာခဲ့ပြီး ဒီအပေါ်လည်း ကျနော် နှစ်သက်မှုရှိပါတယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက်ဆိုရင်တော့ ဂျော်ဒန် ဟန်ဒါဆန်က အရမ်းကောင်းပါတယ်။ လီဗာပူးပွဲတွေကို ကြည့်ရင် ကျနော် အကြိုက်ဆုံး ကစားသမားကတော့ မာနေးပါပဲ။ ရိုးရိုးသားသား ပြောတာပါ။ လီဗာပူးပွဲကြည့်လို့ ကျနေ်ာကို ထိုင်ခုံက ဖင်ကြွအောင် လုပ်နိုင်သူက မာနေးတစ်ဦးပဲ ရှိပါတယ်။ သူက ဒီဆုကို စိန်ခေါ်မှာပါ။

ဂိုးတွေ သွင်းထားတဲ့ ဗာဒီက အရမ်းကောင်းတယ်။ ဒီဘရိုင်းလည်း ကောင်းတာပါပဲ။ ဒီတော့ ဒီဆုအတွက် အခြားသော နာမည်တွေလည်း ရှိနေပါသေးတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဂႏၱဝင္ၾကီး ရီယို ဖာဒီနန္က ဗန္ဒိုက္ဟာ ကမၻာအေကာင္းဆံုး ဗဟိုခံစစ္မွဴးပါလို႔ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ေပမယ့္ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုးဆုကို အႏုိင္ရသင့္သူကေတာ့ အျခားေသာ လီဗာပူးအသင္းသားပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

နယ္သာလန္သား ခံစစ္မွဴးဟာ လီဗာပူးရဲ႕ အေကာင္းဆံုး ဗဟိုခံစစ္မွဴးျဖစ္ျပီး သူပါဝင္တဲ့ ခံစစ္တန္းဟာ သြင္းဂိုး ၁၅ ဂိုးပဲ ခြင့္ျပဳရတဲ့အထိ ေတာက္ပေနတာပါ။ အသက္ ၂၈ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴးဟာ ခ်ီးက်ဴးမႈေတြကို လက္ခံရသင့္သူျဖစ္ျပီး ကမၻာအေကာင္းဆံုး ဗဟိုခံစစ္မွဴးျဖစ္တယ္လို႔ ဖာဒီနန္က ဝန္ခံခဲ့တယ္။

ဖာဒီနန္က ” ဗန္ဒိုက္က သံသယရွိစရာမလိုတဲ့ ကမၻာအေကာင္းဆံုး ခံစစ္သမားပါ။ အခုခ်ိန္မွာ ကမၻာအေကာင္းဆံုး ခံစစ္မွဴးပါ။ အ့ဲအတြက္လည္း သူ႔ကို က်ေနာ္ ေထာက္ခံပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားအတြက္ေတာ့ သူ႔ကို က်ေနာ္ မေထာက္ခံပါဘူး။

သူက အရမ္းကိုေကာင္းတဲ့ ေဘာလံုးသမားေကာင္းတစ္ေယာက္ပါ။ ေသြးေအးတယ္၊ တည္ျငိမ္တယ္၊ စုစည္းႏုိင္တယ္၊ သန္မာတယ္၊ လွ်င္ျမန္တယ္။ ေမာ္ဒန္ကစားသမားအေနနဲ႔ ရွိရမယ့္ အရည္အခ်င္းေတြ အားလံုးကို ပိုင္ဆုိင္ထားပါတယ္။ သူ႔ကိုယ္သူလည္း အေကာင္းဆံုး သယ္ေဆာင္လာခဲ့ျပီး ဒီအေပၚလည္း က်ေနာ္ ႏွစ္သက္မႈရွိပါတယ္။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုအတြက္ဆိုရင္ေတာ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္က အရမ္းေကာင္းပါတယ္။ လီဗာပူးပြဲေတြကို ၾကည့္ရင္ က်ေနာ္ အၾကိဳက္ဆံုး ကစားသမားကေတာ့ မာေနးပါပဲ။ ရိုးရိုးသားသား ေျပာတာပါ။ လီဗာပူးပြဲၾကည့္လို႔ က်ေန္ာကို ထိုင္ခံုက ဖင္ၾကြေအာင္ လုပ္ႏုိင္သူက မာေနးတစ္ဦးပဲ ရွိပါတယ္။ သူက ဒီဆုကို စိန္ေခၚမွာပါ။

ဂိုးေတြ သြင္းထားတဲ့ ဗာဒီက အရမ္းေကာင္းတယ္။ ဒီဘရိုင္းလည္း ေကာင္းတာပါပဲ။ ဒီေတာ့ ဒီဆုအတြက္ အျခားေသာ နာမည္ေတြလည္း ရွိေနပါေသးတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။