လီဗာပူးနဲ့ ရှရူဘူရီပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစားသမားတွေထဲက တစ်ဦးကတော့ ညာအစွန်လူ နီကိုး ဝီလီယမ်ဖြစ်ပြီး ဆယ်ကျော်သက် လူငယ်လေးဟာ hat-trick ရနိုင်လောက်တဲ့ အခွင့်အရေးကောင်းတွေကိုတောင် ရှာဖွေနိုင်ခဲ့တာပါ။

ညာအစွန်နောက ကစားခဲ့တဲ့ နီကိုးဟာ ဒုတိယပိုင်းအတွက် အကောင်းဆုံး လီဗာပူးအသင်းသားဖြစ်သလို အသင်းဖော်တွေအတွက် ထူးချွန်တဲ့ ဖန်တီးမှုတွေကို လုပ်ပေးနိုင်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း အကောင်းဆုံး အခွင့်အရေးတွေ ရခဲ့တာဖြစ်တယ်။ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်လေးဟာ ခံစစ်မှာ လိုအပ်ချက်ရှိပေမယ့် ထရန့်ရဲ့ တိုက်စစ်လိုက်ပုံနဲ့ တူညီတဲ့ ပံ့ပိုးမှုကို ပြသနိုင်ခဲ့ပါတယ်။

ဝေလ်းနိုင်ငံသားဖြစ်တဲ့ ဝီလီယမ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဝေလ်းလက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ ရေပန်းမစားတဲ့ ကစားသမားဖြစ်ပေမယ့် အန်ဖီးမှာ သူပြသခဲ့တဲ့ အလားအလာတွေက ထိပ်ဆုံးအဆင့်တွေမှာ သူ့ကို ခေါ်သွားသင့်တယ်ဆိုတာ ပြသနိုင်ခဲ့တာဖြစ်တယ်။ အက်ဖ်အေပွဲအပြီးမှာ ဝီလီယမ်ရဲ့ အလားအလာကို တန်ဖိုးဖြတ်မှုတွေ ကောင်းမွန်ခဲ့ပြီး ယူရို ပြိုင်ပွဲကို လိုက်ပါသွားနိုင်ရင် စောင့်ကြည့်ရမယ့် ကစားသမားဆိုတဲ့ မှတ်ချက်တွေ ရနေတာဖြစ်တယ်။

နီကိုး ဝီလီယမ်က ပြောရာမှာ “ တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ။ အချိန်အကြာကြီး မမေ့နိုင်တော့မယ့် ညလေးတစ်ညပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီပွဲမှ ပွဲထွက်ခွင့်ရသူတွေ အတွက်ပါ။ တစ်သင်းလုံးက နောက်ဆုံးမိနစ်အထိ ကြိုးစားခဲ့တယ်။ အားပေးသူတွေကလည်း အံ့မခန်းဖြစ်ခဲ့ပြီး ပွဲစကနေ နောက်ဆုံးအချိန်ထိ အကောင်းဆုံး အားပေးခ့ကြပါတယ်။

တစ်သင်းလုံးအတွက် အရမ်းကောင်းတဲ့ညပါ။ ဒီထဲက အချို့ဟာဆိုရင် ကျနော် အသက် ၇ နှစ်အရွယ် အသင်းနဲ့ လာရောက် ပူးပေါင်းကတည်းက လူငယ်အဆင့်တွေကို အတူ ကျော်ဖြတ်လာခဲ့ကြတာဖြစ်တယ်။ အန်ဖီးက ပရိသတ်တွေရှေ့မှာ ပထမအသင်းသားတွေအဖြစ် ကစားခွင့်ရခဲ့ပြီး နောက်တစ်ဆင့်ကို ကျော်ဖြတ်ခဲ့တယ်။ ကျနေ်ာတို့အတွက် ထူးခြားတဲ့ ညလေးပါပဲ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဝေလ်းအသင်းမှာတော့ လီဗာပူးအသင်းသားဖြစ်ပြီး လက်ရှိ ဘုန်းမောက်ကို အငှားထွက်ကစားနေတဲ့ ဝဲလ်ဆန် ပါဝင်ဖို့ရှိကာ ဝုဒ်ဘမ်းကလည်း ဝေလ်းအတွက် ကစားပေးထားဖူးပြီး နီကိုး ဝီလီယမ်လည်း လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ရွရူဘူရီပြဲမွာ အထူးေျခစြမ္းျပႏုိင္ခဲ့တဲ့ လူငယ္ကစားသမားေတြထဲက တစ္ဦးကေတာ့ ညာအစြန္လူ နီကိုး ဝီလီယမ္ျဖစ္ျပီး ဆယ္ေက်ာ္သက္ လူငယ္ေလးဟာ hat-trick ရႏုိင္ေလာက္တဲ့ အခြင့္အေရးေကာင္းေတြကိုေတာင္ ရွာေဖြႏုိင္ခဲ့တာပါ။

ညာအစြန္ေနာက ကစားခဲ့တဲ့ နီကိုးဟာ ဒုတိယပိုင္းအတြက္ အေကာင္းဆံုး လီဗာပူးအသင္းသားျဖစ္သလို အသင္းေဖာ္ေတြအတြက္ ထူးခၽြန္တဲ့ ဖန္တီးမႈေတြကို လုပ္ေပးႏုိင္ခဲ့တဲ့အျပင္ ကိုယ္တိုင္လည္း အေကာင္းဆံုး အခြင့္အေရးေတြ ရခဲ့တာျဖစ္တယ္။ အသက္ ၁၈ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ လူငယ္ေလးဟာ ခံစစ္မွာ လိုအပ္ခ်က္ရွိေပမယ့္ ထရန္႔ရဲ႔ တိုက္စစ္လိုက္ပံုနဲ႔ တူညီတဲ့ ပံ့ပိုးမႈကို ျပသႏုိင္ခဲ့ပါတယ္။

ေဝလ္းႏုိင္ငံသားျဖစ္တဲ့ ဝီလီယမ္ဟာ ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ ေဝလ္းလက္ေရြးစင္အသင္းမွာ ပါဝင္ခြင့္ရဖို႔ ေရပန္းမစားတဲ့ ကစားသမားျဖစ္ေပမယ့္ အန္ဖီးမွာ သူျပသခဲ့တဲ့ အလားအလာေတြက ထိပ္ဆံုးအဆင့္ေတြမွာ သူ႔ကို ေခၚသြားသင့္တယ္ဆိုတာ ျပသႏုိင္ခဲ့တာျဖစ္တယ္။ အက္ဖ္ေအပြဲအျပီးမွာ ဝီလီယမ္ရဲ႕ အလားအလာကို တန္ဖိုးျဖတ္မႈေတြ ေကာင္းမြန္ခဲ့ျပီး ယူရို ျပိဳင္ပြဲကို လိုက္ပါသြားႏုိင္ရင္ ေစာင့္ၾကည့္ရမယ့္ ကစားသမားဆိုတဲ့ မွတ္ခ်က္ေတြ ရေနတာျဖစ္တယ္။

နီကိုး ဝီလီယမ္က ေျပာရာမွာ “ တကယ္ကို မယံုႏုိင္ေလာက္ေအာင္ပါပဲ။ အခ်ိန္အၾကာၾကီး မေမ့ႏုိင္ေတာ့မယ့္ ညေလးတစ္ညပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ဒီပြဲမွ ပြဲထြက္ခြင့္ရသူေတြ အတြက္ပါ။ တစ္သင္းလံုးက ေနာက္ဆုံးမိနစ္အထိ ၾကိဳးစားခဲ့တယ္။ အားေပးသူေတြကလည္း အံ့မခန္းျဖစ္ခဲ့ျပီး ပြဲစကေန ေနာက္ဆံုးအခ်ိန္ထိ အေကာင္းဆံုး အားေပးခ့ၾကပါတယ္။

တစ္သင္းလံုးအတြက္ အရမ္းေကာင္းတဲ့ညပါ။ ဒီထဲက အခ်ိဳ႕ဟာဆိုရင္ က်ေနာ္ အသက္ ၇ ႏွစ္အရြယ္ အသင္းနဲ႔ လာေရာက္ ပူးေပါင္းကတည္းက လူငယ္အဆင့္ေတြကို အတူ ေက်ာ္ျဖတ္လာခဲ့ၾကတာျဖစ္တယ္။ အန္ဖီးက ပရိသတ္ေတြေရွ႔မွာ ပထမအသင္းသားေတြအျဖစ္ ကစားခြင့္ရခဲ့ျပီး ေနာက္တစ္ဆင့္ကို ေက်ာ္ျဖတ္ခဲ့တယ္။ က်ေန္ာတုိ႔အတြက္ ထူးျခားတဲ့ ညေလးပါပဲ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

ေဝလ္းအသင္းမွာေတာ့ လီဗာပူးအသင္းသားျဖစ္ျပီး လက္ရွိ ဘုန္းေမာက္ကို အငွားထြက္ကစားေနတဲ့ ဝဲလ္ဆန္ ပါဝင္ဖို႔ရွိကာ ဝုဒ္ဘမ္းကလည္း ေဝလ္းအတြက္ ကစားေပးထားဖူးျပီး နီကိုး ဝီလီယမ္လည္း လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံရဖို႔ စြမ္းေဆာင္ႏုိင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။