လီဗာပူးမှာ တစ်ရာသီ ကစားခဲ့ဖူးတဲ့ စကော်တလန် ကွင်းလယ်လူ ချာလီအဒမ်က ဆာလက်ကို ရောင်းထုတ်ပြီး အမ်ဘတ်ပီကို ခေါ်ယူဖို့ အကြံပေးစကား ပြောဆိုသွားပါတယ်။

ဒါပေမယ့်လို့ သူ့ရဲ့ အကြံပေးမှုက လီဗာပူးပရိသတ်တွေထံက ဝေဖန်မှုတွေကို ရရှိဖို့ ဖြစ်လာတာပါ။ လီဗာပူးပရိသတ်တွေဘက်က အမ်ဘတ်ပီကို လိုချင်ပေမယ့် ချာလီအဒမ်ရဲ့ အကြံပေးမှုက မဖြစ်နိုင်တာကိုလည်း သိတယ်လို့ တုန့်ပြန်ခဲ့ကြတယ်။ ပရိသတ် အများအပြားက အသင်းမှာ တစ်နှစ်လောက် ကစားခဲ့ရုံနဲ့ ငါတို့အသင်းကို ဘာလုပ်ရမယ်လို့ လမ်းညွှန်စရာ မလိုဘူးလို့ ပြန်လည် အကြံပေးသွားခဲ့ကြပါတယ်။

ချာလီအဒမ်က “ အမ်ဘတ်ပီ ဘယ်နေရာမှာ ကစားမယ်ဆိုတာက ပြောဖို့ အရမ်းခက်ပါတယ်။ လီဗာပူးကစားဟန်မှာ ဖာမင်နိုရဲ့ ချိတ်ဆက်မှုက အရမ်းကို အရေးပါပါတယ်။ ဖာမင်နိုရဲ့ ချိတ်ဆက်မှုနဲ့အတူ ဆာလက်နဲ့ မာနေးတို့ လီဗာပူးကို ဝင်ရောက်လာခဲ့ပြီးတဲ့နောက် သူတို့က အရမ်းလည်း ကောင်းနေတာဖြစ်ပါတယ်။

ကျနော်ဆိုရင် ဆာလက်ကို ရောင်းမှာပါ။ ဟုတ်ပါတယ် ဆာလက်ကို ရောင်းပြီး အမ်ဘတ်ပီကို ခေါ်မှာပါ။ သူတို့ အဲံလို လုပ်ရမှာပါ။ ကျနော်ဆိုရင် အမ်ဘတ်ပီကို ပေါင် ၁၅၀ သန်း၊ ပေါင် ၂၀၀ သန်းလောက် အကုန်အကျခံပြီး ခေါ်မှာပါ။ သူက အပတ်တိုင်းမှာ ကစားပေးနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဖာမင်နို၊ ဆာလက်၊ မာနေးတို့နဲ့အတူ လီဗာပူးက ချန်ပီယံလိဂ်ဖလားကို အနိုင်ရထားပြီး ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ပါ နီးစပ်နေတယ်။ သူတို့က ကမ္ဘာအကောင်းဆုံး တိုက်စစ်အတွဲအဖြစ် ခြေစွမ်းပြနေတာဖြစ်တယ်။ အမ်ဘတ်ပီကို ခေါ်ယူမယ်ဆိုရင် လုပ်ခ လစာက ဆာလက်ရဲ့ နှစ်ဆကျော် များပြားမှာဖြစ်ပြီး လီဗာပူးအသင်းရဲ့ ကွင်းတွင်း ဟန်ချက်ညီမှုတွေကို ပျက်သွားစေနိုင်ကာ ပြင်သစ်သားကို ခေါ်ဖို့က ဈေးကြီးလွန်းတယ်လို့ ကလော့ပ်က ဝန်ခံထားပါတယ်။

ZAWGYI

လီဗာပူးမွာ တစ္ရာသီ ကစားခဲ့ဖူးတဲ့ စေကာ္တလန္ ကြင္းလယ္လူ ခ်ာလီအဒမ္က ဆာလက္ကို ေရာင္းထုတ္ျပီး အမ္ဘတ္ပီကို ေခၚယူဖို႔ အၾကံေပးစကား ေျပာဆိုသြားပါတယ္။

ဒါေပမယ့္လို႔ သူ႔ရဲ႕ အၾကံေပးမႈက လီဗာပူးပရိသတ္ေတြထံက ေဝဖန္မႈေတြကို ရရွိဖို႔ ျဖစ္လာတာပါ။ လီဗာပူးပရိသတ္ေတြဘက္က အမ္ဘတ္ပီကို လိုခ်င္ေပမယ့္ ခ်ာလီအဒမ္ရဲ႕ အၾကံေပးမႈက မျဖစ္ႏုိင္တာကိုလည္း သိတယ္လို႔ တုန္႔ျပန္ခဲ့ၾကတယ္။ ပရိသတ္ အမ်ားအျပားက အသင္းမွာ တစ္ႏွစ္ေလာက္ ကစားခဲ့ရံုနဲ႔ ငါတို႔အသင္းကို ဘာလုပ္ရမယ္လို႔ လမ္းညႊန္စရာ မလိုဘူးလို႔ ျပန္လည္ အၾကံေပးသြားခ့ဲၾကပါတယ္။

ခ်ာလီအဒမ္က “ အမ္ဘတ္ပီ ဘယ္ေနရာမွာ ကစားမယ္ဆိုတာက ေျပာဖို႔ အရမ္းခက္ပါတယ္။ လီဗာပူးကစားဟန္မွာ ဖာမင္ႏိုရဲ႕ ခ်ိတ္ဆက္မႈက အရမ္းကို အေရးပါပါတယ္။ ဖာမင္ႏိုရဲ႕ ခ်ိတ္ဆက္မႈနဲ႔အတူ ဆာလက္နဲ႔ မာေနးတို႔ လီဗာပူးကို ဝင္ေရာက္လာခဲ့ျပီးတဲ့ေနာက္ သူတို႔က အရမ္းလည္း ေကာင္းေနတာျဖစ္ပါတယ္။

က်ေနာ္ဆိုရင္ ဆာလက္ကို ေရာင္းမွာပါ။ ဟုတ္ပါတယ္ ဆာလက္ကို ေရာင္းျပီး အမ္ဘတ္ပီကို ေခၚမွာပါ။ သူတို႔ အဲံလို လုပ္ရမွာပါ။ က်ေနာ္ဆိုရင္ အမ္ဘတ္ပီကို ေပါင္ ၁၅၀ သန္း၊ ေပါင္ ၂၀၀ သန္းေလာက္ အကုန္အက်ခံျပီး ေခၚမွာပါ။ သူက အပတ္တိုင္းမွာ ကစားေပးႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဖာမင္ႏို၊ ဆာလက္၊ မာေနးတို႔နဲ႔အတူ လီဗာပူးက ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရထားျပီး ပရီးမီးယားလိဂ္ဖလား အႏုိင္ရဖို႔ပါ နီးစပ္ေနတယ္။ သူတို႔က ကမၻာအေကာင္းဆံုး တိုက္စစ္အတြဲအျဖစ္ ေျခစြမ္းျပေနတာျဖစ္တယ္။ အမ္ဘတ္ပီကို ေခၚယူမယ္ဆိုရင္ လုပ္ခ လစာက ဆာလက္ရဲ႕ ႏွစ္ဆေက်ာ္ မ်ားျပားမွာျဖစ္ျပီး လီဗာပူးအသင္းရဲ႕ ကြင္းတြင္း ဟန္ခ်က္ညီမႈေတြကို ပ်က္သြားေစႏုိင္ကာ ျပင္သစ္သားကို ေခၚဖို႔က ေစ်းၾကီးလြန္းတယ္လို႔ ကေလာ့ပ္က ဝန္ခံထားပါတယ္။