မနက်က ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲကို လီဗာပူးက လူငယ်ကစားသမားတွေ ထုတ်သုံးပြီး အနိုင်ရကာ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

အစောပိုင်းကတည်းက မတ်လ ၂ ရက်နေ့မှာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲ ကစားရမယ်လို့ သိထားရပြီး လီဗာပူးဟာ ချယ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ကစားရမှာဖြစ်တယ်။ အဆိုပါပွဲမှာ လူငယ်အသင်းထက် စီနီယာအသင်း ပွဲထွက်နိုင်ကြောင်း နေးခရစ်ချ်လေက သတင်းပေးခဲ့ပါတယ်။

လီဗာပူးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးအဖြစ် ပျှမ်းမျှအသက် အသက် ၁၉ နှစ် ၁၀၂ ရက်နဲ့ ပွဲထွက်ခဲ့တဲ့ လူငယ်လေးတွေဟာ တတိယအဆင့်နဲ့ စတုတ္ထအဆင့်တွေမှာ အဓိက ပါဝင်ခဲ့ကြတာပါ။ သူတို့ဟာ အဲဗာတန်ကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ရှရူဘူရီကို နှစ်ကျော့ ကစားခဲ့ကာ အသင်းကို နောက်တစ်ဆင့် ရောက်စေခဲ့တာဖြစ်ပါတယ်။

နေးခရစ်ချ်လေက ” စီနီယာပွဲဖြစ်လာပါမယ်။ ချယ်ဆီးနဲ့ အဝေးကွင်းပွဲက ခက်ခဲတဲ့ အတွဲပါ။ ဒါပေမယ့် ဆက်လက် ယှဉ်ပြိုင်ဖို့ ကောင်းမွန်တဲ့ ပွဲကောင်းတစ်ပွဲလည်း ဖြစ်ပါလိမ့်မယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

သူကပဲ ဆက်လက်ပြီး ” ဒီကနေ့ညဟာ အသင်းက လူငယ်ကစားသမား အချို့အတွက် အကြောင်းကြားမ ဖြစ်ခဲ့ပါတယ်။ ဒီပွဲကို နိုင်မယ်ဆိုရင် အသင်းသား တစ်ဦး၊ နှစ်ဦးနဲ့ အဲ့ထက်ပိုတဲ့ ကစားသမားတွေက အခွင့်အရေးတွေ ထပ်ရဖို့ ရှိနေပါတယ်။ သူတို့က အတွေ့အကြုံကောင်းတွေကို ပိုလိုချင်နေပြီး ချယ်ဆီးနဲ့ အဝေးကွင်းမှာ အခွင့်အရေးတွေ ရကြမယ်ဆိုရင်လည်း ထိုက်တန်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ ျပန္ကန္ပြဲကို လီဗာပူးက လူငယ္ကစားသမားေတြ ထုတ္သံုးျပီး အႏုိင္ရကာ ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ျပီျဖစ္ပါတယ္။

အေစာပိုင္းကတည္းက မတ္လ ၂ ရက္ေန႔မွာ အက္ဖ္ေအဖလား ပဥၥမအဆင့္ပြဲ ကစားရမယ္လို႔ သိထားရျပီး လီဗာပူးဟာ ခ်ယ္ဆီးအသင္းကို အေဝးကြင္းမွာ သြားေရာက္ ကစားရမွာျဖစ္တယ္။ အဆိုပါပြဲမွာ လူငယ္အသင္းထက္ စီနီယာအသင္း ပြဲထြက္ႏုိင္ေၾကာင္း ေနးခရစ္ခ်္ေလက သတင္းေပးခဲ့ပါတယ္။

လီဗာပူးသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးအျဖစ္ ပွ်မ္းမွ်အသက္ အသက္ ၁၉ ႏွစ္ ၁၀၂ ရက္နဲ႔ ပြဲထြက္ခဲ့တဲ့ လူငယ္ေလးေတြဟာ တတိယအဆင့္နဲ႔ စတုတၳအဆင့္ေတြမွာ အဓိက ပါဝင္ခဲ့ၾကတာပါ။ သူတို႔ဟာ အဲဗာတန္ကို အႏုိင္ယူေက်ာ္ျဖတ္ခဲ့ျပီး ရွရူဘူရီကို ႏွစ္ေက်ာ့ ကစားခဲ့ကာ အသင္းကို ေနာက္တစ္ဆင့္ ေရာက္ေစခဲ့တာျဖစ္ပါတယ္။

ေနးခရစ္ခ်္ေလက ” စီနီယာပြဲျဖစ္လာပါမယ္။ ခ်ယ္ဆီးနဲ႔ အေဝးကြင္းပြဲက ခက္ခဲတဲ့ အတြဲပါ။ ဒါေပမယ့္ ဆက္လက္ ယွဥ္ျပိဳင္ဖို႔ ေကာင္းမြန္တဲ့ ပြဲေကာင္းတစ္ပြဲလည္း ျဖစ္ပါလိမ့္မယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

သူကပဲ ဆက္လက္ျပီး ” ဒီကေန႔ညဟာ အသင္းက လူငယ္ကစားသမား အခ်ိဳ႕အတြက္ အေၾကာင္းၾကားမ ျဖစ္ခဲ့ပါတယ္။ ဒီပြဲကို ႏုိင္မယ္ဆိုရင္ အသင္းသား တစ္ဦး၊ ႏွစ္ဦးနဲ႔ အဲ့ထက္ပိုတဲ့ ကစားသမားေတြက အခြင့္အေရးေတြ ထပ္ရဖို႔ ရွိေနပါတယ္။ သူတို႔က အေတြ႔အၾကံဳေကာင္းေတြကို ပိုလုိခ်င္ေနျပီး ခ်ယ္ဆီးနဲ႔ အေဝးကြင္းမွာ အခြင့္အေရးေတြ ရၾကမယ္ဆိုရင္လည္း ထိုက္တန္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။